Wednesday, November 19, 2025

အာဆီယံ ပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး...

အကြိမ်(၆၀)မြောက် အာဆီယံ ပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို နိုဝင်ဘာ(၁၇)ရက်၊ မနက်ပိုင်းတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အရေးပါသည့် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့်...

နည်းပညာပူဖောင်း စိုးရိမ်မှုများကြောင့် ခရစ်ပ်တိုဈေးကွက်တွင် ခြောက်ပတ်အတွင်း...

စတော့ဈေးကွက်တွင် ဉာဏ်ရည်တု(AI) နည်းပညာပူဖောင်း ပေါ်ပေါက်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာသဖြင့် ကမ္ဘာတစ်ဝန်းရှိ ရင်းနှီးမြှုပ်နှံသူများသည် စိုးရိမ်ပူပန်နေကြပြီး Google ၏ အကြီးအကဲကပင် ယင်းပူဖောင်းပေါက်ပါက...

ကုန်းတွင်းပိတ် လာအိုနိုင်ငံကို ကုန်းတွင်း ချိတ်ဆက်နိုင်သည့်နိုင်ငံအဖြစ်​ပြောင်းလဲ​စေခဲ့​သော...

တရုတ်-လာအိုရထားလိုင်းများကို ၂၀၂၁ ခုနှစ်က ဖွင့်လှစ်နိုင်ခဲ့သည်။ လာအိုကို 'ကုန်းတွင်းပိတ်' မှ 'ကုန်းတွင်းချိတ်ဆက်' နိုင်ငံ သို့ ပြောင်းလဲ​ပေးခဲ့သည့်ပို့ဆောင်ဆက်သွယ်​​​​ရေးလမ်း​ကြောင်းဖြစ်ခဲ့သည်။ လာအိုသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ...

အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ ရွှေကုက္ကိုလ်နယ်မြေ၊ ကျောက်ခက်နယ်မြေနှင့် အခြားဒေသများ၌လည်း...

အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ အမြစ်ပြတ်ရှင်းလင်းမှုများပြုလုပ်လျက်ရှိရာ လက်ရှိအချိန်တွင် KK Park နယ်မြေကိုရှင်းလင်းလျက်ရှိသကဲ့သို့ ရွှေကုက္ကိုလ်နယ်မြေ၊ ကျောက်ခက်နယ်မြေနှင့် အခြားဒေသများ၌လည်း ဆက်လက်ဖော်ထုတ်ရှင်းလင်းမည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့၏ ယနေ့...
HomeNewsLocal Newsရထားလက်မှတ်ခများ အွန်လိုင်းမှငွေပေးချေခြင်း(ORTP)စနစ်ကို အကောင်အထည်ဖော်နေ

ရထားလက်မှတ်ခများ အွန်လိုင်းမှငွေပေးချေခြင်း(ORTP)စနစ်ကို အကောင်အထည်ဖော်နေ

မြန်မာ့မီးရထားမှ ခရီးသွားများရထားလက်မှတ်ဝယ်ယူရာတွင် ပိုမိုအဆင်ပြေလွယ်ကူစွာဝယ်ယူနိုင်ရေးအတွက်အွန်လိုင်း မှရောင်းချခြင်းနှင့် ငွေပေးချေခြင်း (ORTP)စနစ်အကောင်အထည်ဖော်နိုင်ရန်ပြင်ဆင်မှုများဆောင်ရွက်နေပြီဖြစ်ရာ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်းပြေးဆွဲပေးနေသော လူစီးရထားများအတွက် ရှေ့ပြေးစမ်းသပ်အစီအစဉ်အဖြစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်-နေပြည်တော်-မန္တလေးလမ်းပိုင်းအတွင်းပြေးဆွဲလျက်ရှိသော အမှတ်(၇)အဆန်/(၈)အစုန်၊ အမှတ်(၃၁)အဆန်/(၃၂)အစုန် DEMU ရထားများနှင့် အမှတ်(၂၇)အဆန်/(၂၈)အစုန် RBE ရထားများဖြင့် စီး နင်းလိုက်ပါမည့်သူများအနေဖြင့် မိမိတို့စီးနင်းလိုက်ပါလိုသည့်ခရီးစဉ်များအလိုက် သတ်မှတ်ဘူတာများရှိ ဖုန်းနံပတ်များသို့ဆက်သွယ်၍ ခရီးသွားမည့်ရက်မတိုင်မီ (၅)ရက်အလိုမှစ၍မှတ်ပုံတင်ခြင်းနိုင်ကြောင်း သိရသည်။

ထိုသို့ မှတ်ပုံတင်ချိန်တွင် မြန်မာ့မီးရထားမှတာဝန်ရှိသူက ခရီးသွားမည့်သူ၏ ခရီးစဉ်အတိုင်းထိုင်ခုံနေရာ လစ်လပ်ပါက ခရီးသွားမည့်သူထံ ဗိုင်ဗာ မှတစ်ဆင့် လက်မှတ်ကျသင့်ငွေပမာဏကို မည်သည့် Online Payment နှင့်မဆို MMQR Code ဖြင့် ကျသင့်ငွေပေးချေနိုင်ကြောင်း သိရသည်။

ငွေပေးချေပြီးချိန်တွင် ငွေပေးသွင်းပြီးကြောင်း အထောက်အထားကို Screenshot ပြုလုပ်၍ ဖုန်းလက်ခံသည့် မီးရထားဝန်ထမ်း၏ Viber သို့ပြန်လည်ပေးပို့ရမည်ဖြစ်ကာ မီးရထားဝန်ထမ်းကငွေပေးသွင်းပြီးကြောင်းအထောက်အထားရပါက ခရီးသွားမည့်သူထံသို့ စီးနင်းလိုက်ပါရမည့် ခရီးစဉ်အတိုင်း တွဲ/ထိုင်ခုံ နံပါတ်တို့အားပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ခရီးသွားမည့်သူမှ ရထားစီးမည့်ဘူတာသို့ ရထားမထွက်မီ (၁)နာရီအလို ကြိုတင်ရောက်ရှိပြီး ဘူတာလက်မှတ်ရုံ၌ ငွေပေးသွင်းပြီးကြောင်းအထောက် အထားပြသကာ ရထားလက်မှတ်ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ခရီးသွားများအနေဖြင့် လက်မှတ်ဝယ်ယူချိန်တွင် လက်မှတ်ခအပိုကြေးပေးရခြင်း၊ လက်မှတ်မှောင် ခိုဝယ်ယူရခြင်းများကြုံတွေ့ပါက မြန်မာ့မီးရထားမှသတ်မှတ်ထားသော ဖုန်းနံပတ်များကိုဆက်သွယ်တိုင် ကြားနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ ပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပ

အကြိမ်(၆၀)မြောက် အာဆီယံ ပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို နိုဝင်ဘာ(၁၇)ရက်၊ မနက်ပိုင်းတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အရေးပါသည့် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် အာဆီယံ ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရသည့်အတွက် ဂုဏ်ယူကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ပြောကြားခဲ့သည်။ ထိုပြင် အာဆီယံ အသိုက်ဝန်း ၂၀၄၅ နှင့် အာဆီယံ ပေါင်းစည်းဆက်သွယ်မှု ၂၀၃၀ နှင့်အညီ အာဆီယံ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစီမံကိန်း(၂၀၂၆-၂၀၃၀) ဖော်ဆောင်နိုင်ရေးကိုလည်း ကြိုဆိုကြောင်း၊ အာဆီယံဒေသတွင်း ရေရှည်တည်တံသော ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်းသစ်တီထွင်ရေး၊...

နည်းပညာပူဖောင်း စိုးရိမ်မှုများကြောင့် ခရစ်ပ်တိုဈေးကွက်တွင် ခြောက်ပတ်အတွင်း ဒေါ်လာ ၁ ထရီလီယံကျော် ဆုံးရှုံး၊ လိမ်လည်မှုများ ပေါ်ပေါက်လာ

စတော့ဈေးကွက်တွင် ဉာဏ်ရည်တု(AI) နည်းပညာပူဖောင်း ပေါ်ပေါက်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာသဖြင့် ကမ္ဘာတစ်ဝန်းရှိ ရင်းနှီးမြှုပ်နှံသူများသည် စိုးရိမ်ပူပန်နေကြပြီး Google ၏ အကြီးအကဲကပင် ယင်းပူဖောင်းပေါက်ပါက "မည်သည့်ကုမ္ပဏီမျှ ကင်းလွတ်မည်မဟုတ်" ဟု သတိပေးခဲ့သည်။ အဆိုပါ နည်းပညာပူဖောင်းနှင့် လာမည့်လတွင် အမေရိကန်နိုင်ငံတွင် အတိုးနှုန်းဖြတ်တောက်မှု မျှော်လင့်ချက်များ မှေးမှိန်လာမှုတို့ကြောင့် လွန်ခဲ့သည့် ရက်သတ္တခြောက်ပတ်အတွင်း ခရစ်ပ်တိုငွေကြေးဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလီယံ (ပေါင် ၇၆၀ ဘီလီယံ) ကျော် ကျဆင်းသွားခဲ့သည်။ ထို့အတူပင် ခရစ်ပ်တို လိမ်လည်မှုများလည်း များစွာ ပေါ်ပေါက်လာခဲ့သည်။ CoinGecko...

ကုန်းတွင်းပိတ် လာအိုနိုင်ငံကို ကုန်းတွင်း ချိတ်ဆက်နိုင်သည့်နိုင်ငံအဖြစ်​ပြောင်းလဲ​စေခဲ့​သော ရထား​လမ်း

တရုတ်-လာအိုရထားလိုင်းများကို ၂၀၂၁ ခုနှစ်က ဖွင့်လှစ်နိုင်ခဲ့သည်။ လာအိုကို 'ကုန်းတွင်းပိတ်' မှ 'ကုန်းတွင်းချိတ်ဆက်' နိုင်ငံ သို့ ပြောင်းလဲ​ပေးခဲ့သည့်ပို့ဆောင်ဆက်သွယ်​​​​ရေးလမ်း​ကြောင်းဖြစ်ခဲ့သည်။ လာအိုသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ သိသိသာသာ တိုးလာ​နေပြီး ကူမင်းမှသည် စင်ကာပူထိ သွားနိုင်​အောင် လုပ်မည်ဖြစ်သည်။ ပုံများမှာ လာအို  ၊ ဗီယန်ကျန်း ဘူတာရုံမှ ထွက်ပြီး လန်ဖရာဘန် ဘူတာ အဆိုက်ပုံများဖြစ်သည်။။ ဗီယန်ကျန်းမှ လန်ဖရာဗန်သို့ တစ်နာရီခွဲသာကြာမြင့်သည်။ပုံမှန်ဘတ်စ်ကားဖြင့် ၉ နာရီ၊ လေယာဉ်ဖြင့် တစ်နာရီ၊ရိုးရိုးရထားဖြင့်နှစ်နာရီခွဲသွားရသည့် ခရီးကို  အမြန်ရထားဖြင့်တစ်နာရီခွဲသာကြာသည်။ လန်ဖရာဗန်မြို့ သည် ကမ္ဘာ့လှည့်ခရီးသွားများ ဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071