မန္တလေးတိုင်း တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) ၌ ပန်ဒါနီလေးများကို ယနေ့ နိုဝင်ဘာ (၂၆) ရက်နေ့မှ စတင်ပြီး ပြသနေပြီး သွားရောက်ကြည့်ရှုနိုင်ပြီးဖြစ်ကြောင်း Yadanarbon Zoo က အသိပေးထားသည်။
ပန်ဒါနီများသည် အနီရောင်နှင့် အညိုရောင်ရှိသည့် အမွှေးပွပွလေးဖြင့် တုတ်ခိုင်သည့် အမြီးရှည်လေးများရှိပြီး ရှားပါးမျိုးစိတ်လည်းဖြစ်ကြောင်း သိရသည်။
လက်ရှိ ရတနာပုံတိရစ္ဆာန်ဥယျာဉ်၌ ပန်ဒါနီလေးကောင်ကို ပြသထားကြောင်းလည်း သိရသည်။
ပန်ဒါနီသည်မျိုးတုံးမည့် အန္တရာယ်အလွန်ကြီးမားသည့် တိရစ္ဆာန်စာရင်းတွင်ပါဝင်သည့် နို့တိုက်သတ္တဝါလည်း ဖြစ်သည်။
မြန်မာနိုင်ငံမြောက်ပိုင်း၊ တိဘက်တောင်ပိုင်း၊ အိန္ဒိယနိုင်ငံ အာသံနှင့် ဆစ်ကင်ပြည်နယ်၊ ဘူတန်နှင့် တရုတ်ပြည်အနောက်တောင်ပိုင်းတို့တွင် တွေ့မြင်ရသည့်သတ္တဝါလည်း ဖြစ်သည်။
