Saturday, January 24, 2026

လက်နက်ကိုင်ပဋိပက္ခဒေသအတွင်း အသက်မွေးဝမ်းကျော င်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး...

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) က လက်နက်ကိုင်ပဋိပက္ခများဖြစ် ပွားနေသည့် ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့အပြင် မန္တလေးတိုင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့်...

ဆားလင်းကြီးမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံ ရေးအတွက်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာအုပ်စု အတွင်းရှိ မဲရုံများအား ဇန်နဝါရီလ (၂၄)ရက် နံနက်ပိုင်းက မီးဘေးလုံခြုံရေးအတွ က် မီဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ မီးလန့်မှုနှင့်...

တိုက်စစ်မှူး Bakayoko ကို ရှမ်းယူနိုက်တက်အသင်း...

အိုင်ဗရီကို့စ် တိုက်စစ်မှူး Moussa Baka yoko ကို ရှမ်းယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အ သင်းက တရားဝင်ကြေညာထားသည်။ ထိုသို့ ခေါ်ယူခြင်းသည် မြန်မာနေရှင်နယ်လိဂ်...

ရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု...

မနက်ဖြန် ဇန်နဝါရီ (၂၅)၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး မဲဆန္ဒရှင်များ အေးချမ်းစွာ မဲပေးနိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု...
HomeNewsLocal Newsရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း၌ လာရောက်ရင်းနှီးမြှုပ် နှံမည့်...

ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း၌ လာရောက်ရင်းနှီးမြှုပ် နှံမည့် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် မြေနေရာများကိုခွင့်ပြုပေးမည်

နိုင်ငံတော်၏ ဆက်သွယ်ရေးနည်းပညာများတိုးတက်ရေးအတွက် Silicon Village အဖြစ်ရည်ရွယ်ဆောင် ရွက်နေသည့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း၌ လာရောက်ရင်းနှီးမြှုပ်နှံမည့် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ် နှံသူများအတွက် မြေနေရာများကိုခွင့်ပြုပေးမည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

နိုင်ငံတော်ယာယီသမ္မတမှ ယနေ့ ဒီဇင်ဘာ ၅ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာအနီးရှိ ရတ နာပုံမြို့သစ်စီမံကိန်းနှင့် ရတနာပုံတယ်လီပို့အဆောက် အဦအားကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ် သည်။

ရတနာပုံဆိုက်ဘာစီးတီးအား နိုင်ငံတော်၏ဆက်သွယ်ရေးနည်းပညာများတိုးတက်ရေးအတွက် Silicon Village အဖြစ်ရည်ရွယ်ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၅-၂၀၂၀ ခုနှစ်တွင် New Mandalay Resort City စီမံကိန်းအဖြစ်ပြောင်းလဲလုပ်ဆောင်ခဲ့၍ ရတနာပုံ ဆိုက်ဘာစီးတီး၏ လုပ်ငန်းများရပ်တန့်သွားခဲ့သဖြင့် ယနေ့ခေတ်သည် IT ခေတ်ဖြစ်ရာ မြန်မာနိုင်ငံတွင် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို မဖြစ်မနေအားပေးဆောင် ရွက်ရမည်ဟု ပြောသည်။

” ဒါ့ကြောင့် အရင် ဆိုက်ဘာစီးတီးမူလရည်မှန်းချက်တွေအပြင် ဉာဏ်ရည်တု(AI)နည်းပညာတိုးတက်ဖို့အ တွက်လည်း ရည်မှန်းဆောင်ရွက်ရပါမယ်။ အခုစီမံ ကိန်းကို နိုင်ငံတော်ရဲ့ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနဲ့ အီလက်ထရောနစ်ဆိုင်ရာပစ္စည်းတွေ အဓိကထုတ်လုပ်ဖို့အတွက်ရည်ရွယ်ဆောင်ရွက်ခဲ့တာကြောင့် ရတနာပုံ ဆိုက်ဘာစီးတီးစီမံကိန်းလုပ်ငန်းပြန်လည်စတင်ဖို့နဲ့ ဖွံ့ ဖြိုးတိုးတက်ဖို့ကိုဆောင်ရွက်ကြရပါမယ်”ဟု နိုင်ငံ တော် ယာယီသမ္မတက ပြောသည်။

ထို့ကြောင့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းတွင်လာရောက်ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း/ပြည်ပရင်းနှီး မြှုပ်နှံမှုများကိုဖိတ်ခေါ်ရမည်ဖြစ်ကာ လုပ်ငန်းအမှန် တကယ်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံသူများအတွက်လိုအပ်သည့်မြေနေရာများကို ခွင့်ပြုပေးသွားမည်ဖြစ်ပြီး စီမံကိန်းနယ်မြေအတွင်း လုပ်ကိုင်ခွင့်ချထားပေးသည့် မြေနေရာများ၌ လုပ်ငန်းဆောင်ရွက်ခြင်းမရှိသည့် မြေနေရာများ၊ နေထိုင်ရန်ချထားပေးသည့် မြေနေရာများ၌ လူနေထိုင်မှုများမရှိသည့် မြေနေရာများအား စည်းကမ်းနှင့်အညီဖြစ်စေရေး စိစစ်ဆောင်ရွက်ရမည်ဟု ပြောသည်။

ရတနာပုံဆိုက်ဘာစီးတီးအား အစိုးရမှဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သကဲ့သို့ ရတနာပုံမြို့သစ်အိမ်ရာဖွံ့ ဖြိုးတိုးတက်စေရေးအတွက်လည်း တိုင်းအစိုးရအဖွဲ့မှ စနစ်တကျဆောင်ရွက်ရမည်ဖြစ်ကာ ရတနာပုံမြို့သစ် စီမံကိန်းဧရိယာအတွင်း လူအပြည့်နေထိုင်မည်၊ ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်မည်ဆိုပါက သောက်သုံး ရေများလုံလောက်စွာရရှိရေးအတွက် ကြိုတင်စီမံဆောင်ရွက်ရမည်ဖြစ်ကာ လျှပ်စစ်မီးလိုအပ်ချက်အား ကြိုတင်တွက်ချက်၍ အထက်ရဲရွာရေအားလျှပ်စစ်စီမံ ကိန်းမှဖြည့်တင်းဆောင်ရွက်နိုင်သည်ဟု နိုင်ငံတော် ယာယီသမ္မတမှပြောကြားပြီးနောက် ရတနာပုံမြို့သစ်စီမံကိန်းအတွင်းကြည့်ရှုစစ်ဆေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လက်နက်ကိုင်ပဋိပက္ခဒေသအတွင်း အသက်မွေးဝမ်းကျော င်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့် ရေရှည်ထောက်ပံ့မှုများ ICRC က ပေးအပ်နေ

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) က လက်နက်ကိုင်ပဋိပက္ခများဖြစ် ပွားနေသည့် ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့အပြင် မန္တလေးတိုင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့် ရေရှည်ထောက်ပံ့မှုများ ပေးအပ်နေကြောင်း အသိပေးထားသည်။ ရပ်ရွာအခြေပြုစိုက်ပျိုးထုတ်လုပ်ရေးသင်တန်း (CAPT)ကို သင်ကြားပို့ချခဲ့ပြီး တောင်သူကိုယ်စားလှယ်များရေရှည်ဆောင်ရွက်နိုင်မည့် လယ်ယာစိုက်ပျိုးနည်းစနစ်များအပြင် မြေဆီထိန်းသိမ်းပုံနှင့် သဘာဝမြေသြဇာအသုံးပြုပုံတို့ကိုလည်း လက်တွေ့ သင်ကြားပေးခဲ့ကြောင်း ဆိုသည်။ ထို့ကြောင့် ယခု ၂၀၂၆ ခုနှစ်အတွင်း သင်တန်းတက်ရောက်ခဲ့ကြသည့် တောင်သူကိုယ်စားလှယ်များက ၎င်းတို့ သင်တန်း၌ လေ့လာသင်ယူခဲ့သည့် ကျွမ်းကျင်မှုနည်းပညာများကို အခြားတောင်သူများကိုတဆင့်မျှ‌ဝေပေးကာ ထောက်ပံ့ကူဘညီနေကြပြီဖြစ်ကြောင်း ဆိုသည်။ ထို့ပြင် သင်တန်းတွင်ပါဝင်ခဲ့သည့် အခြားတောင်သူကိုယ်...

ဆားလင်းကြီးမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံ ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွ င်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာအုပ်စု အတွင်းရှိ မဲရုံများအား ဇန်နဝါရီလ (၂၄)ရက် နံနက်ပိုင်းက မီးဘေးလုံခြုံရေးအတွ က် မီဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ မီးလန့်မှုနှင့် မီးလောင်မှုများ မဖြစ်ပေါ်စေရေး၊ မီး‌ဘေးလုံ ခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲအပိုင်း (၃)ကို ဇန်နဝါရီလ(၂၅)ရက်တွင် ကျင်း ပမည်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ဆားလင်းကြီးမြို့နယ်နှင့် ကနီမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆားလင်းကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းကိုနှင့်အဖွဲ့ဝင်များလိုက်ပါပြီး ဆားလင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာ နမှ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးဦးနှင့်...

တိုက်စစ်မှူး Bakayoko ကို ရှမ်းယူနိုက်တက်အသင်း ပြန်လည်ခေါ်ယူ

အိုင်ဗရီကို့စ် တိုက်စစ်မှူး Moussa Baka yoko ကို ရှမ်းယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အ သင်းက တရားဝင်ကြေညာထားသည်။ ထိုသို့ ခေါ်ယူခြင်းသည် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်အတွင်း တိုက်စစ်ပိုင်း အားဖြည့်ရန်ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ Bakayoko သည်  ပြီးခဲ့သည့်ဘောလုံးရာသီအတွင်း  ရှမ်းယူနိုက်တက်အသင်းနှင့်အတူ MNL အမှတ်ပေးဖလား၊ League Cup ချန်ပီယံဆုနှင့်အတူ AFC Challenge League ၌ ကွာတားဖိုင်နယ်အထိ တက်လှမ်းနိုင်ရန် ပါဝင်ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ်သည်။ လတ်တလော ကျင်းပပြုလုပ်နေသည့် မြန်မာနေရှင်နယ်လိဂ် အမျိုးသားပြိုင်ပွဲအတွင်း ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ပွဲစဉ် (၁၃) အပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071