အမေရိကန်သမ္မတဟောင်း ရစ်ချတ်နစ်ဆင်ရဲ့ ဖောင်ဒေးရှင်းကနေ သမ္မတထရမ့်ကို “ငြိမ်းချမ်းရေး ဗိသုကာဆု” ပေးအပ်ချီးမြှင့်လိုက်ပါတယ်။
ရစ်ချတ် နစ်ဆင်ရဲ့ သမီးဖြစ်သူ Tricia Nixon Cox နဲ့ အမျိုးသားလုံခြုံရေး အကြံပေးဟောင်း Robert O’Brien တို့က အဲဒီဆုကို အိမ်ဖြူတော်မှာ ချီးမြှင့်ပေးအပ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုရဲ့ ယာယီမော်ကွန်းထိန်း Jim Byron နဲ့ တခြားတာဝန်ရှိပုဂ္ဂိုလ်တွေလဲ ဆုချီးမြှင့်ပွဲကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
၁၉၉၅ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တဲ့ ဒီဆုဟာ သမ္မတနစ်ဆင်ရဲ့ “ပိုမိုငြိမ်းချမ်းတဲ့ ကမ္ဘာကြီးကို ပုံဖော်ဖို့ တစ်သက်တာလုံး ရည်မှန်းချက်” ကို အကောင်အထည်ဖော်သူတွေကို ချီးမြှင့်တာ ဖြစ်ပါတယ်။
