အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီ၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ Dr. Vinay Sahastrabuddhe က ဒု -ဝန်ကြီး ဒေါက်တာ ဝါဝါမောင်အား ရန်ကုန် Indian Cultural Centre တွင် သြဂုတ် ၂ရက်နေ့ ညနေက လာရောက်ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ICCR Distinguished Alumni Award ဆုအား အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီမှ ကျောင်းသား၊ ကျောင်းသူဟောင်းများထဲမှ မိမိနိုင်ငံ၏အဆင့်မြင့်တာဝန်ထမ်းဆောင်ခွင့်ရသူများကို နှစ်စဥ်ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိခြင်းလည်း ဖြစ်သည်။
Indian Council of Cultural Relation (ICCR) မှ ၂၀၂၂ ခုနှစ်အတွက် ကျောင်းသားဟောင်းများအနက် နိုင်ငံ ၅ခုကို ရွေးခြယ်ပေးအပ်ခဲ့ရာ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် မှ Distinguished Alumni Award ပေးရာတွင် တစ်ယောက်အပါအဝင်ဖြစ်ခဲ့ခြင်းသည်
ဒေါက်တာဝါဝါမောင်သည် (ICCR)၏ပညာသင်ဆုဖြင့် ၁၉၉၉ မှ ၂၀၀၂ ခုနှစ်အထိ Jawahalal Nehru University (JNU) တွင် PhD တက်ရောက်ခဲ့သောကျောင်းသူတစ်ဦးဖြစ်သည်။
ထိုပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Shri Vinay Kumar တက်ရောက်ခဲ့သည်။
အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကောင်စီမှ မြန်မာနိုင်ငံသို့ ဘာသာရပ်အသီးသီးအတွက် ဘွဲ့ကြို၊ဘွဲ့လွန်နှင့် ပါရဂူ သင်တန်းများ၊ကာလတိုသင်တန်းများအတွက် ပညာသင်ဆုများ ဆက်လက်ပေးအပ်လျှက်ရှိကြောင်းသိရပါသည်။