Wednesday, May 21, 2025

မတူကွဲပြားမှုများကို ဆွေးနွေးခြင်းဖြင့် ဖြေရှင်းမည့်အိန္ဒိယနှင့်ပါကစ္စတန်ကို တရုတ်ကကြိုဆိုထောက်ခံ

ပေကျင်း၊မေ ၂၀ ပါကစ္စတန်နှင့်အိန္ဒိယတို့သည် ၎င်းတို့အကြားရှိမတူကွဲပြားမှုများကို ဆွေးနွေးခြင်းနည်းလမ်းဖြင့် ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် ပြီးပြည့်စုံသော ရေရှည်တည်တံ့မည့် အပစ်အခတ်ရပ်စဲရေးကို ရရှိရန် ကြိုးပမ်းမည့်အပေါ် ကြိုဆိုထောက်ခံသည်ဟုတရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့်...

စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် ထိုင်ဝန်ကြီးချုပ် ဗြိတိန်နှင့်...

ထိုင်းဝန်ကြီးချုပ် ​ပေတုံတန်ရှင်နာဝပ်သည် မေလ ၂၁ ရက်မှ မေလ ၂၅ ရက်အထိ ဗြိတိန် နှင့် မိုနာကိုနိုငိငံတို့သို့ သွားရောက်မည်ဖြစ်သည်။ ၎င်း၏ခရီးစဉ်မှာဥရောပဈေးကွက်တွင် ထိုင်းထုတ်ကုန်များ၊...

ပဲရစ်မြို့၌ ကျင်းပမည့် Apparel Sourcing...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင်ပြုလုပ်မည့် Apparel Sourcing Paris ပြပွဲမှာ မြန်မာ့အထည်အလိပ်ထုတ်ကုန်များ ပါဝင်ပြသနိုင်ရန်ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။ Messe Frankfurt France မှ...

တစ်ရက်တည်းတွင် သတ်မှတ်အသင်းအရေအတွက် ပြည့်ခဲ့သည့် MFF...

MFF Futsal Amateur Cup 2025 ပြိုင်ပွဲကို အသင်းပေါင်း (၅၀) ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အသင်းဝင်ခွင့်လျှောက်လွှာများကို ယမန်နေ့ မေ...
HomeInternationalရင်ပြင်နီချီတက်ပွဲအပြီး ဥရောပခေါင်းဆောင်များ ကိဗ်ကိုဝင်ရောက်

ရင်ပြင်နီချီတက်ပွဲအပြီး ဥရောပခေါင်းဆောင်များ ကိဗ်ကိုဝင်ရောက်

ရုရှားသမ္မတ ဗလာဒီမာပူတင်က ရင်ပြင်နီတွင် သူ၏ မဟာမိတ်များနှင့်အတူ အောင်ပွဲခံချီတက်ပွဲ ကျင်းပခဲ့ပြီးနောက်တစ်ရက်တွင် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် ပိုလန်နိုင်ငံ ခေါင်းဆောင်များသည် ညီညွတ်မှုကို ပြသသည့်အနေဖြင့် စနေနေ့တွင် ကိဗ်ကို ရောက်ရှိခဲ့ကြကာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယူကရိန်းစစ်ပွဲ ရက် ၃၀ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အမေရိကနှင့် ဥရောပတို့၏ အဆိုပြုချက်ကို မော်စကိုက ငြင်းဆိုပါက ပိတ်ဆို့အရေးယူမှုအသစ်များ ကို ပူးတွဲချမှတ်သွားမည့် အခြေအနေနှင့် ပတ်သက်၍ အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြင်သစ်သံတမန်သတင်းရင်းမြစ်တစ်ခုက ပြောဆိုခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာ၊ ပြင်သစ်သမ္မတ အီမန်နျူဝယ်လ် မေခရွန်၊ ဂျာမန်ဝန်ကြီးချုပ် ဖရိုက်ဒရစ်ချ် မာ့ဇ်နှင့် ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်တို့သည် ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းနိုင်ငံသို့ အတူတကွသွားရောက်သော နိုင်ငံလေးနိုင်ငံ၏ ခေါင်းဆောင်များဖြစ်သည်။

“တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ဖို့ရာ ရက် ၃၀ အပစ်အခတ်ရပ်စဲရေးကို အပြည့်အဝနဲ့ ခြွင်းချက်မရှိ သဘောတူဖို့ အမေရိကန်ပြည်ထောင်စုနဲ့အတူ ကျွန်တော်တို့က ရုရှားကို တောင်းဆိုပါတယ်” ဟု ခေါင်းဆောင်လေးဦး၏ ပူးတွဲ သတင်း ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မတူကွဲပြားမှုများကို ဆွေးနွေးခြင်းဖြင့် ဖြေရှင်းမည့်အိန္ဒိယနှင့်ပါကစ္စတန်ကို တရုတ်ကကြိုဆိုထောက်ခံ

ပေကျင်း၊မေ ၂၀ ပါကစ္စတန်နှင့်အိန္ဒိယတို့သည် ၎င်းတို့အကြားရှိမတူကွဲပြားမှုများကို ဆွေးနွေးခြင်းနည်းလမ်းဖြင့် ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် ပြီးပြည့်စုံသော ရေရှည်တည်တံ့မည့် အပစ်အခတ်ရပ်စဲရေးကို ရရှိရန် ကြိုးပမ်းမည့်အပေါ် ကြိုဆိုထောက်ခံသည်ဟုတရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် မစ္စတာဝမ်ယိသည် ပါကစ္စတန်ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမဒ်အီရှက်ခ်ဒါနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ ဆက်လက်၍လည်း၎င်းက ပါကစ္စတန်နှင့်အိန္ဒိယတို့အကြားအပစ်အခတ်ရပ်စဲရေးသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို အ‌ထောက်အကူပြုသကဲ့သို့ နှစ်ဖက်လုံး၏အခြေခံကျသော ရေရှည်အကျိုးစီးပွားကိုလည်းအထောက်အကူဖြစ်စေကာ နိုင်ငံတကာအသိုက်အဝန်း၏ မျှော်လင့်ချက်လည်းဖြစ်သည်ဟုဆိုခဲ့သည်။ Source : ရှင်းဟွာ

စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် ထိုင်ဝန်ကြီးချုပ် ဗြိတိန်နှင့် မိုနာကိုသို့သွား

ထိုင်းဝန်ကြီးချုပ် ​ပေတုံတန်ရှင်နာဝပ်သည် မေလ ၂၁ ရက်မှ မေလ ၂၅ ရက်အထိ ဗြိတိန် နှင့် မိုနာကိုနိုငိငံတို့သို့ သွားရောက်မည်ဖြစ်သည်။ ၎င်း၏ခရီးစဉ်မှာဥရောပဈေးကွက်တွင် ထိုင်းထုတ်ကုန်များ၊ အားကစားနှင့် ခရီးသွားလာရေး စသည်တို့အတွက် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်ကြိုးစားမည်ဖြစ်သည်။ ၎င်း၏ ဗြိတိန်ခရီးစဉ်အတွင်း ဝန်ကြီးချုပ်က“Thai SELECT” ဖွင့်ပွဲကိုတက်​ရောက်မည်။ ဗြိတိန်မှစားသောက်ကုန်တင်သွင်းသူများ၊ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်သည်။ မိုနာကို၌ ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် F1 ပြိုင်ပွဲများ ကျင်းပနိုင်ခြေကို လေ့လာရန် Formula One (F1) အမှုဆောင်အရာရှိများနှင့် တွေ့ဆုံမည်။ Thai SELECT သည်...

ပဲရစ်မြို့၌ ကျင်းပမည့် Apparel Sourcing Paris ပြပွဲတွင် မြန်မာ့အထည်အလိပ် ထုတ်ကုန်များ ပါဝင်ပြသနိုင်ရန်ဖိတ်ခေါ်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင်ပြုလုပ်မည့် Apparel Sourcing Paris ပြပွဲမှာ မြန်မာ့အထည်အလိပ်ထုတ်ကုန်များ ပါဝင်ပြသနိုင်ရန်ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။ Messe Frankfurt France မှ ကြီးမှူးကျင်းပမည့် Apparel Sourcing Paris 2025 ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်မှ (၁၇) ရက်ထိ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ Paris Le Bourget, France ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲအား တစ်နှစ်လျှင် နှစ်ကြိမ်ပါရီမြို့တွင်ကျင်းပပြုလုပ်လေ့ရှိပြီး ပြပွဲပြသသူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071