Sunday, December 7, 2025

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊...

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး...

ငလျင်ကြောင့် ပျက်ဆီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်...

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  စစ်ကိုင်းမြို့၊ စူဠာမဏီ ကောင်းမှုတော် စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် အကြီးစားပြန်လည်ပြင်ဆင်နေရကြောင်း သိရသည်။ စေတီတော်ကြီး လုံးတော်ပြည့်ပြင်ဆင်နေသလို စေတီတော်ရင်ပြင်ရှိ သာသနိက အဆောက်အဦများကို...
HomeCelebrities' News'ရင်ဘတ်ထဲကဓား' ရုပ်ရှင်ဇာတ်ကားကြည့် ပြီး...

‘ရင်ဘတ်ထဲကဓား’ ရုပ်ရှင်ဇာတ်ကားကြည့် ပြီး အိမ် ထောင်ပြု ဖို့ေ ကြာက်သွားတယ် မေတိုးခိုင်

အိန္ဒြာကျော်ဇင်ရဲ့ တူမသရုပ်ဆောင် မေတိုးခိုင်က ‘ရင်ဘတ်ထဲက ဓား’ ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲနေ့က အဒေါ်ဖြစ်သူ တို့နဲ့အတူ လာရောက်ကြည့်ရှုခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီဇာတ်ကားကို ကြည့်ရှုပြီးတဲ့ အခါမှာတော့ အဒေါ်ဖြစ်သူကို ဘယ်သူပေးပေး မပေးပေး သူကတော့ အကယ်ဒမီ ပေးလိုက်ပြီလို့ ပြောခဲ့ပြီး သူ့အတွက်ကတော့ အိမ်ထောင်ပြုဖို့ ကြောက်သွားစေတဲ့ ဇာတ်ကားပါလို့ မေတိုးခိုင်က ဆိုပါတယ်။

 “ဟိုးအရင်တုန်းက ပရက်ရှိုးတွေကို ခဏခဏလိုက်တယ်။ ပြီးရင် အပေါ်တက် ပြီး မုန့်လာလာစားတယ်။  နည်နည်းကြီးလာတော့ သိပ်မလိုက်ဖြစ်တော့ဘူး။  အခုဇာတ်ကားက တအားကောင်းပါတယ်။ ဟာကွက်မရှိအောင်ကို တအား ကောင်းပါတယ်။  အိုက်တင်တွေ မုခ်တွေတအား ကောင်းပါတယ်။ တီဝဲကို ဘယ် သူ ပေးပေး မပေးပေး ညီမကတော့ အကယ်ဒမီပေးလိုက်ပါပြီ။ ဦးတီလည်း တအားတော်ပါတယ်။ ဒီကာရိုက်တာကို တော်တော်များများ မလုပ်ရဲကြဘူး။ ဒါကို အရဲစွန့်ပြီးလုပ်ပေးတဲ့အတွက် တအားပဲကျေးဇူးတင်ပါတယ်။ ညီမအတွက် အများကြီး သင်ယူစရာတွေ ရှိပါတယ်။ ဇာတ်ကားလေးလည်း တအား ကောင်း တယ်။ လာကြည့်ကြပါ။ အားပေးကြပါလို့ ပြောချင်ပါတယ်။ မက်ဆေ့ခ်ျ ကတော့ အိမ်ထောင်သည်တွေအတွက် ပိုပြီးကောင်းမယ်ပေါ့နော်။ ညီမတို့အတွက်ကတော့ အိမ်ထောင်ပြုဖို့ ကြောက်သွားစေတယ်ပေါ့နော်”  လို့ မေတိုးခိုင် ကပြောပါတယ်။

မေတိုးခိုင်က နေတိုး၊ အိန္ဒြာကျော်ဇင်တို့နဲ့အတူ ရုပ်ရှင်ဇာတ်ကားတစ် ကားရိုက်ကူးထားပြီးပြီ ဖြစ်ပြီး အခုလတ်တလောမှာတော့ သူက တီဗီ ကြော်ငြာ၊ မဂ္ဂဇင်း၊ ဂျာနယ်ကာဗာတွေကို လက်ခံရိုက်ကူးပေးဖြစ်နေကြောင်း သိရပါ တယ်။ ခေတ်လူငယ်တစ်ယောက်ဖြစ်တဲ့ မေတိုးခိုင်ကို သူကြိုက်နှစ် သက်တဲ့ ဖက်ရှင်အကြောင်းကို မေးမြန်းကြည့်တဲ့အခါမှာ…

“ညီမက ကိုးရိုးကားယား ဖက်ရှင်ကို ပိုကြိုက်တယ်။ မိန်းကလေး ဆန်ဆန် ဖက်ရှင်မကြိုက်ဘူး။ ကာလာဆိုရင် အရောင်တောက်တောက်လေးတွေကို ပိုကြိုက်ပါတယ်။ အငြိမ်ဘက်ဆိုရင် လုံးဝအမည်းကိုကြိုက်တယ်။ မြန်မာ မိန်းကလေးဖက်ရှင် သိပ်မဝတ်ဖြစ် မကြိုက်တက်တော့ ကိုးရိုးကားရား ဖက်ရှင် တွေနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ပိုလိုက်ဖက်တယ်လို့ ထင်ပါတယ်။ ညီမက တီဝဲနဲ့ တော့ ဝတ်တဲ့  ဖက်ရှင်ပုံချင်း မတူဘူး။ တီဝဲဆိုရင် ယောကျာ်းလေး ဆန်ဆန် ဝတ်တာကို ပိုကြိုက်တယ်။ ဒါပေမဲ့ တီဝဲက Evening Gown တို့ မြန်မာဝတ်စုံ တို့နဲ့ ပိုလိုက်ပါတယ်” လို့ မေတိုးခိုင် က ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071