Saturday, January 24, 2026

ဂျပန်ဖိုက်တာကို ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးအနိုင်ရခဲ့ပြီဖြစ်သည့်...

ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲ ဆွတ်ခူး ယနေ့ ကျင်းပပြုလုပ်သည့် ONE Friday Fights 139 ပွဲစဉ်အတွင်း ဂျပန်ဖိုက်တာ...

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၁၃၆)ဦးကို ပ...

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၆၇၅) ဦးသည် ၎င်းတို့အစီအစဉ်၊ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများကလွှဲပြောင်းပေးအပ်မှုတို့အရ ယ နေ့ ဇန်နဝါရီ ၂၃...

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် ရေကြည်မြို့နယ်မှ USDP ပါတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်မောင်ဝင်းတို့သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ၌ USDP ပါတီဝင်များတွေ့ဆုံခဲ့ကြသည့်...

တရုတ်နိုင်ငံသား(၂၈၃)ဦးအား ပြန်လည်လွှဲပြောင်း

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်းသို့ တရားမဝင်ဝင်ရောက်လာကာ အွန်လိုင်းလောင်းက စားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၂၈၃)ဦးကို ပြန် လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ၎င်းတို့အား ဇန်နဝါရီ...
HomeMoviesရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံငွေကျပ်...

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံငွေကျပ် (၁၀) ဘီလီယံ ခွင့်ပြုထား

နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ရန် ထောက်ပံငွေကျပ် (၁၀) ဘီလီယံကို ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောသည်။

ယနေ့ကျရောက်သည့် (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် မြန်မာနိုင်ငံယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ သမဝါယမနှင့် စက်မှုလက်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး မတည်ရန်ပုံငွေမှ ထောက်ပံငွေကျပ် (၁၀) ဘီလီယံကို ခွင့်ပြုထားခြင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

အဆိုပါ မတည်ငွေကို တောင်သူဦးကြီးများ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ၊ သမဝါယမအသင်းများနှင့် စက်မှုလက်မှုလုပ်ငန်းဆောင်ရွက်သူများကို ခွဲဝေဆောင်ရွက်ထားပြီး အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း လည်း မြန်မာနိုင်ငံယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ပေးခြင်းသည် လူဦးရေအများစုဖြစ်သော ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာစေမည်ဖြစ်ပြီး နိုင်ငံ၏ အဓိကကုန်ထုတ်လုပ်ငန်းများ မြင့်မားလာစေမည်ဖြစ်ကြောင်းလည်း ယာယီသမ္မတက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်နှင့် ရခိုင်ဒေသတိုင်းရင်းသားပြည်သူများ အပေါ်ထားရှိသည့် နိုင်ငံတော်၏ စေတနာနှင့် တိုင်းရင်းသားညီနောင်အချင်းချင်း မိသားစုစိတ်ဓါတ်၊ စစ်မှန်သည့် မျိုးချစ်စိတ်ဓါတ်နှင့် ပြည်ထောင်စုစိတ်ဓါတ်ကို မြင်တွေ့ရမည်ဖြစ်ကြောင်းလည်း ယာယီသမ္မတက ပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန်ဖိုက်တာကို ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးအနိုင်ရခဲ့ပြီဖြစ်သည့် ရိုးရာဖိုက်တာကျော်စွာဝင်း

ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲ ဆွတ်ခူး ယနေ့ ကျင်းပပြုလုပ်သည့် ONE Friday Fights 139 ပွဲစဉ်အတွင်း ဂျပန်ဖိုက်တာ မူဂါ ကို ရိုးရာဖိုက်တာကျော်စွာဝင်း က ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးဖြင့် အနိုင်ရခဲ့ပြီဖြစ်သည်။ ပွဲစဉ်အတွင်း ပထမအချီ၌ပင် ပြိုင်ဘက်ကို နှစ်ကြိမ်လဲကျသည်အထိ ဖိအားပေးထိုးသ-တ်နိုင်ခဲ့သည့်အပြင် ဒုတိယပိုင်း စတင်ပွဲလွှတ်သည်နှင့် အလဲထိုးပြနိုင်ခဲ့သည်။ ပွဲစဉ်အပြီး ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲကိုလည်းဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။ ပွဲစဉ်အတွင်း ကျော်စွာဝင်းဆိုသည့် ပရိတ်သတ်၏ အားပေးသံသည် ကွင်းအတွင်းပင် ကြက်သီးထဖွယ်ရာ ကျယ်လောင်ခဲ့သည်။ ကျော်စွာဝင်းသည်...

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၁၃၆)ဦးကို ပ ထမအကြိမ်ပြန်လည်ခေါ်ဆောင်

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၆၇၅) ဦးသည် ၎င်းတို့အစီအစဉ်၊ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများကလွှဲပြောင်းပေးအပ်မှုတို့အရ ယ နေ့ ဇန်နဝါရီ ၂၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာသံရုံးတာဝန်ရှိသူများမှ ရောက်ရှိလာသောမြန်မာနိုင်ငံသားများအနက် (၁၃၆)ဦးအား ပထမအသုတ်အဖြစ် မြန်မာ့လေကြောင်းလိုင်း(MAI)ဖြင့်ပြန် လည်ပို့ဆောင်ပေးခဲ့ရာ ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်အစောပိုင်းတွင် မန္တလေးမြို့ရှိအပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက လိုအပ်သည့်ကိုယ်ရေးအချက်အ လက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်း၊ စစ် ဆေးခြင်းများပြုလုပ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း...

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် ရေကြည်မြို့နယ်မှ USDP ပါတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်မောင်ဝင်းတို့သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ၌ USDP ပါတီဝင်များတွေ့ဆုံခဲ့ကြသည့် မြင်ကွင်းပုံရိပ်များအားစုစည်းဖော်ပြလိုက်ရပါသည်။ (ရေကြည်မြို့နယ်သည် ရွေးကောက်ပွဲအပိုင်း(၃)တွင်ပါဝင်ပြီး မြို့ပေါ်ရပ်ကွက်/ကျေးရွာများ၌ မဲရုံပေါင်း (၁၂၀)ခန့်ဖွင့်လှစ်သွားမည်ဖြစ်သည်။ Photo-ပေါ်ပြူလာနယူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071