ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များတွင် အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေမှာ ခန့်မှန်းခြေ (၁၆၆, ၀၀၀)အထိ မြင့်တက်လာနေသည်ဟု ကုလသမဂ္ဂလူသားချ င်းစာနာမှု ဆိုင်ရာမဟာမင်းကြီးရုံး(UNOCHA )က ထုတ်ပြန်အသိပေးထားသည်။
ထိုပြင် မြန်မာနိုင်ငံ တစ်ဝန်းနေရပ်စွန့် ခွာထွက်ပြေးရသူအ ရေအတွက်သည် စံချိန်တင်ဆက်လက် မြင့်တက်နေပြီး၊ လူ ဦးရေ (၂.၉)သန်းနီးပါးရှိလာနေပြီးဖြစ်ကြောင်း ဆိုသည်။
ယင်းသည် UNOCHA ၏ ယခုနှစ် ဧပြီလ တတိယအပတ်အတွင်း အာရှနှင့်ပစိဖိတ်ဒေသ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများ စစ်တမ်းကောက်ယူချက်အရ ဖော်ပြထားခြင်းဖြစ်သည်။
UNOCHA ၏ အသိပေးချက်တွင် “ရခိုင်ပြည်နယ်ရဲ့ ဘူးသီးတောင်မြို့နယ်မှာ စိုးရိမ်စရာတွေ မြင့်တက်လာတာတွေနဲ့အတူ အခြေအ နေတွေက ရုတ်ချည်းဆိုးရွားလာနေပါတယ်။ ကူညီထောက်ပံတာတွေဆောင်ရွက်နေတဲ့နိုင်ငံတ ကာအဖွဲ့အစည်းတစ်ခုရဲ့ရုံးနဲ့ ဆေးပေးခန်းတစ်ခု ဧပြီလ (၁၅) ရက်နေ့မှာ မီးရှို့ဖျက် ဆီးခံခဲ့ရသလို အစောပိုင်းရက်ပိုင်းတုန်းကလည်း ဘူးသီးတောင်မြို့လယ်က အိမ်ခြေ (၅၀) နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရပါတယ်”ဟု ဖော်ပြထားသည်။
ထို့ပြင် နိုင်ငံ၏ အရှေ့တောင်ပိုင်း၌လည်း တိုက်ပွဲများဆက်လ က်ဖြစ်ပွားနေပြီး ဒေသခံပြည်သူ အများအပြား နေရပ်စွန့် ခွာ ထွက်ပြေးနေရခြင်းများ ရှိနေဆဲ ဖြစ်သည်။