Thursday, November 13, 2025

မြေမြှုပ်မိုင်းကိစ္စ ကမ္ဘောဒီးယားက တောင်းပန်ရန် ထိုင်း...

        ထပ်မံထောင်ထားသော မြေမြှုပ်မိုင်းများကြောင့် ထိုင်းစစ်သားများ ဒဏ်ရာရရှိခဲ့သည်ဟု စွပ်စွဲခဲ့ပြီးနောက် ယင်းကိစ္စနှင့်ပတ်သက်၍ ကမ္ဘောဒီးယားအနေဖြင့် တောင်းပန်ရန် ထိုင်းက တောင်းဆိုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးက နိုဝင်ဘာလ...

အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ မြန်မာနိုင်ငံက...

အာရှဖလား ယူ-၁၇ ခြေစစ်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နိုဝင်ဘာ (၂၂) ရက် မှ (၃၀) ရက်အထိ (၉) ရက်ကြာ...

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တင်းမာမှုပြန်မြင့်တက်လာ၊လူတစ်ဦး‌ေ-သဆုံး

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဗုဒ္ဓဟူးနေ့တွင် ပဋိပက္ခပြင်းထန်လာခဲ့ပြီး ကမ္ဘောဒီးယားဘက်ခြမ်း၌ လူတစ်ဦး‌ေ-သဆုံးခဲ့သည်။ အငြင်းပွားနယ်စပ်ဒေသတွင် အပြန်အလှန်ပ-စ်ခ-တ်မှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ တစ်ဖက်ကိုတစ်ဖက် အပြစ်ဆိုခဲ့ကြပြီး အမေရိကန် က ကြားဝင်ပေးခဲ့သော...

နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့တွင် အိမ်နီးချင်းနိုင်ငံများကဝိုင်းဝန်းထိန်းချုပ်ပေးရန်ပြော

နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့တွင် အိမ်နီးချင်းနိုင်ငံများကဝိုင်းဝန်းထိန်းချုပ်ပေးရန် ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူများမှ ယနေ့ နိုဝင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့အခြေစိုက်၊ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်...
HomeNewsLocal Newsရခိုင့် ဦးဆောင်ပါတီ ဒုဥက္ကဋ္ဌဟောင်း...

ရခိုင့် ဦးဆောင်ပါတီ ဒုဥက္ကဋ္ဌဟောင်း ဦးကျော်လွင် ဖမ်း ဆီးခံရပြီး တစ်လကျော်ကြာသည့်တိုင် သတင်းအစအနပင်မရသေးဟုဆို 

ပြီးခဲ့သည့် အောက်တိုဘာလဆန်း (၄) ရက်က ရခိုင်ပြည် နယ် ကျောက်ဖြူမြို့နယ်အတွင်းရှိ ရခိုင့်ဦးဆောင်ပါတီ ဒုဥက္ကဋ္ဌဟောင်း ဦးကျော်လွင် ၏ နေအိမ်တွင် လက် နက်ကိုင်များက ဖမ်းဆီးသွားခြင်းဖြစ်ပြီး မည်သည့်အဖွဲ့အစည်းက ဖမ်းဆီးခဲ့သည်ကိုပင် ယနေ့အထိ မသိရသေးကြောင်း ရခိုင့် ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

” ဖမ်းသွားတဲ့အဖွဲ့အစည်းကလည်း ဘာပဲဖြစ်ဖြစ် ပြောသင့်ပြီ။ ခင်ဗျားတို့တောင် မေးပြီလေ။ မိသားစုဆိုရင် ဘယ်လောက်ပူမှာလဲ။ မဟုတ်ဘူးလား။ ဘာအပြစ်မှလည်း ရှိတာမဟုတ်ဘူး။ ဘာကြောင့်ဆိုတာ အကြောင်း ပြချက်ပေးရမှာပေါ့။ သက်ဆိုင်တဲ့အဖွဲ့အစည်းပေါ်မှာ ပါတီအပေါ်မှာလည်း ဘာဖြစ်ဖြစ် လေးစားသမှုတော့ ရှိရမှာပေါ့။ အခုထိတော့ ဘာမှ မကြားရသေးပါဘူး” ဟု ဒေါက်တာအေးမောင်က ပြောသည်။

ဦးကျော်လွင်သည် မောင်တောမြို့နယ် ပညာရေးမှူးဆရာ မကြီး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ၎င်း၏ အမြင်ကို Facebook လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားခဲ့သည့်အတွက် ရခိုင်လူထု၏အတွင်း အမျက်ဒေါသထွက်ခြင်း ခံခဲ့ရပြီးနောက် အောက်တိုဘာ (၄) ရက်တွင် 

ကျောက်ဖြူမြို့နယ်အတွင်းရှိ ၎င်း၏ နေအိမ်တွင် လက်နက်ကို င်အဖွဲ့များ၏ ဖမ်းဆီးခြင်း ခံခဲ့ရခြင်း ဖြစ်သည်။

စတင်ဖမ်းဆီးချိန်တွင် ဦးကျော်လွင်နှင့်အတူရှိနေသည့် ရခိုင့်ဦးဆောင်ပါတီ ထိပ်ပိုင်းခေါင်းဆောင်း တစ်ဦးဖြစ်သ ည့် ဦးမောင်ကောင်းကိုပါ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဦးမောင်ကောင်းမှာ အသက်အရွယ်ကြီးရင့်နေသည့်အပြင် ကျန်းမာရေး မကောင်းသည့်အတွက် ရက်အနည်းငယ်အကြာတွင်  ပြန်လွှတ်ပေးခဲ့သော်လည်း ဦးကျော်လွင်မှာ လက်ရှိအချိန်ထိ ဖမ်းဆီး ခံထားရခြင်း ဖြစ်သည်။ဖမ်းဆီးခံခဲ့ရသည်မှာ တစ်လကျော်ကြာသည့် ယနေ့တိုင် သတင်းအစအနပင် မရသေးကြောင်း သိရသည်။

” သတ္တိမရှိလို့ ဖြစ်ရမှာပေါ့ ။ သတ္တိရှိရင် ဘယ်အဖွဲ့က ခေါ်သွားတယ် ဘာညာဆိုတာ ကြေညာချက်ထုတ်ရမှာပေါ့။ အစိုးရ အဖွဲ့အစည်းဆိုလည်း ကာလတစ်ခုရောက်ရင် တရားရုံးတင်ရမှာပေါ့ ။ မဟုတ်ဘူးလား။ စစ်တယ်ဆေးတယ် တစ်ရက်နှစ်ရက်ပေါ့။ တစ်ပတ်ပေါ့ဗျာ စသဖြင့်ပေါ့။ ဖမ်းသွားတဲ့အဖွဲ့အစည်းပေါ်မှာ တစ်ဖက်ကလည်း နားလည်နိုင်အောင်ပေါ့” ဟု ဒေါက်တာ အေးမောင်က ပြောသည်။

လက်ရှိတွင် ဦးကျော်လွင်၏ မိသားစုအပါအဝင် ဆွေးမျိုးသားချင်းနှင့် ၎င်းအား ထောက်ခံသည့် လူထုအနေ ဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေကြကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန်ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုများအကြား ပြည်သူလူထုမှာ ကျီးလန့်စာ စားဘဝရောက်နေရသည့်အပြင် ယခုကဲ့သို့ ဖမ်းဆီးခံရသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်နေပြီး အများစုမှာ ဒေသခံအရပ်သားများသာ ထိခိုက်နစ်နာရကြောင်း ပြော ဆိုသုံးသပ်မှုများလည်း ရှိနေသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြေမြှုပ်မိုင်းကိစ္စ ကမ္ဘောဒီးယားက တောင်းပန်ရန် ထိုင်း တောင်းဆို

        ထပ်မံထောင်ထားသော မြေမြှုပ်မိုင်းများကြောင့် ထိုင်းစစ်သားများ ဒဏ်ရာရရှိခဲ့သည်ဟု စွပ်စွဲခဲ့ပြီးနောက် ယင်းကိစ္စနှင့်ပတ်သက်၍ ကမ္ဘောဒီးယားအနေဖြင့် တောင်းပန်ရန် ထိုင်းက တောင်းဆိုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးက နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြားဝင်၍ စေ့စပ်ပေးခဲ့သော အပစ်ရပ်သဘောတူညီမှုအရ အပစ် ရပ်ဆိုင်းခဲ့အပြီး နောက်တစ်နေ့တွင် ထိုင်းဘက်က ယခုကဲ့သို့ တောင်းဆိုလာခြင်းဖြစ်သည်။           နှစ်နိုင်ငံအကြား အငြင်းပွားနယ်စပ်တလျှောက်ကင်းလှည့်နေသည့် ထိုင်းစစ်သားတစ်ဦး ကို ကိုယ်အင်္ဂါဆုံးရှုံး‌စေခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်‌‌နေ့က‌ ပေါက်ကွဲခဲ့သော မိုင်းအပါအဝင် မြေမြှုပ်မိုင်းအသစ်များကိုထပ် ထောင်ထားခဲ့သည်ဆိုသော စွပ်စွဲချက်ကို...

အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် (၉)ရက်ကြာ လက်ခံကျင်းပမည်

အာရှဖလား ယူ-၁၇ ခြေစစ်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နိုဝင်ဘာ (၂၂) ရက် မှ (၃၀) ရက်အထိ (၉) ရက်ကြာ လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါခြေစစ်ပွဲတွင် မြန်မာအသင်းမှာ အုပ်စု (G)တွင် အိုမန်၊ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ နီပေါအသင်းတို့နှင့်အတူ ကျရောက်နေကာ ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။ လက်ရှိတွင် ပြိုင်ပွဲဝင် မြန်မာ ယူ၁၆ အသင်းအနေဖြင့် အာရှ ယူ-၁၇ ခြေစစ်ပွဲတွင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ရေးအတွက် တရုတ်နိုင်ငံတွင် သွားရောက်လေ့ကျင့်ပြင်ဆင်နေကြောင်း အဖွဲ့ချုပ်က အသိပေးထားသည်။ မြန်မာ ယူ-၁၆ အသင်းသည်...

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တင်းမာမှုပြန်မြင့်တက်လာ၊လူတစ်ဦး‌ေ-သဆုံး

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဗုဒ္ဓဟူးနေ့တွင် ပဋိပက္ခပြင်းထန်လာခဲ့ပြီး ကမ္ဘောဒီးယားဘက်ခြမ်း၌ လူတစ်ဦး‌ေ-သဆုံးခဲ့သည်။ အငြင်းပွားနယ်စပ်ဒေသတွင် အပြန်အလှန်ပ-စ်ခ-တ်မှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ တစ်ဖက်ကိုတစ်ဖက် အပြစ်ဆိုခဲ့ကြပြီး အမေရိကန် က ကြားဝင်ပေးခဲ့သော အပ-စ်အခ-တ်ရပ်စဲရေး သဘောတူညီချက်ကို အန္တရာယ်ရှိလာစေခဲ့သည်။ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ညနေ ၃း၅၀ နာရီတွင် အငြင်းပွားနေသော နယ်စပ်ရွာအနီး၌ ထိုင်းတပ်များကစ၍ ပ-စ်ခဲ့ကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ပ-စ်ခ-တ်မှုတွင် လူတစ်ဦး‌ေ-သဆုံးကာ သုံးဦးဒ-ဏ်ရာရခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်ထိုင်းဆူဝရီးကမူ ကမ္ဘောဒီးယားစစ်သားများက ထိုင်းနိုင်ငံဘက်ကို အရင်ဦးစွာပ-စ်ခ-တ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ “တို-က်ပွဲ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071