ခန့်မှန်း
လာမည့်ရက်သတ္တပတ်အတွင်း မေ (၁၈) တွင် လေဖိအားနည်းရပ်ဝန်းတခုဖြစ်ကာ မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသည့် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် လေထုမငြိမ်မသက်ဖြစ်ကာ ထိုမှတဆင့် လေဖိအားနည်း ရပ်ဝန်းဖြစ်လာနိုင်သည်ဟု မိုးဇ/လ ညွှန်ကြားရေးမှူး ဦးလှထွန်းက နိုင်ငံပိုင်သတင်းဌာနမှတဆင့် ပြောကြားထားသည်။
“မေလ (၁၈)ရက်မှာ လေဖိအားနည်းရပ်ဝန်းရှိမယ်။ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းကနေ တဖြည်းဖြည်း မုန်တိုင်းငယ်အဖြစ် အားကောင်းလာမယ်၊ လောလောဆယ် ခန့်မှန်းထားပါ” ဟု ၄င်းက ပြောသည်။
ယခုကာလသည် မိုးကြိုကာလ၊ မုတ်သုံအဝင်ရာသီဖြစ်တာကြောင့် မုန်တိုင်းအဖြစ်များဆုံး အချိန်ဖြစ်ပြီး ဖြစ်ပေါ်လာမည့် မုန်တိုင်းငယ်များသည်လည်းခန့်မှန်းချက်အရ အားကော င်းနိုင်ကြောင်း ဆိုသည်။
သို့သော် လက်ရှိတွင် မုန်တိုင်းလမ်းကြောင်းများကို အတိအ ကျပြော၍ မရနိုင်သေးဘဲ လေဖိအားနည်းရပ်ဝန်းမှ တဆင့် မုန်တိုင်းငယ် အဆင့်ရောက်မှသာ လေစီးကြောင်းများကို ကြည့်ကာ ဆုံးဖြတ်နိုင်ကြောင်း ၄င်းက ဆက်ရှင်းပြသည်။
ယခုရက်ပိုင်းအတွင်း မိုးတိမ်တောင်ဖြစ်ပေါ်မှု အခြေအနေကြောင့် တန င်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ် ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည်တို့ ဖြစ်ပေါ်နိုင်၍ သတိပြုနိုင်ကြရန် တိုက် တွန်းထားသည်။
