ရက်ပိုင်းအတွင်း စက်သုံးဆီစျေးနှုန်းများဆက်တိုက်ကျဆင်းလာ ယနေ့တစ်လီတာလျင် ငွေကျပ် ၁၈၀၀ အောက်သို့လျော့ကျ
ရန်ကုန်တိုင်း အပါအဝင် တိုင်းနှင့်ပြည်နယ်များ၌ ရက်ပိုင်းအတွင်း စက်သုံးဆီစျေးနှုန်းများဆက် တိုက်ကျဆင်းလာကာ စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မ တီ၏ ဇူလိုင် ၁၅ ရက်(ယနေ့)ထုတ်ပြန်သည့် ရည် ညွှန်းလက်လီစျေးနှုန်းအရ တစ်လီတာလျင်ငွေကျပ် ၁၈၀၀ အောက်လျော့ကျခဲ့သည်။
ရန်ကုန်တိုင်း၊မန္တလေးတိုင်း၊နေပြည်တော်၊ပဲခူး၊မကွေး၊ထားဝယ်၊မုံရွာ၊ပုသိမ်၊ဘားအံနှင့်မော်လမြိုင်တို့တွင် စက်သုံးဆီစျေးနှုန်းမှာ 92 Ron တစ် လီတာလျင် ငွေကျပ် ၁၈၀၀ အောက်သို့ကျဆင်းခဲ့သည်။
“ဆီစျေးကျတာကောင်းတာပေါ့ အရင်ကဆိုရင် ဆီစျေးတွေတက်တော့ ကားဌားတဲ့လူရှိလည်း ရတဲ့ပိုက်ဆံနဲ့ဆီဝယ်ထည့်ရတာ အုံနာကြေးပေးရတာနဲ့ ကိုယ့်အတွက်သိပ်မကျန်ဘူး ဆီစျေးကျတော့ ကိုယ့်အတွက်လည်းအရင်ထက်ပိုကျန်တာပေါ့ မနေ့ကဆီစျေးနဲ့ ဒီနေ့ဆီစျေးဆိုရင် ၆၀ လောက်ထပ်ကျသွားတာပေါ့”ဟု အဌားကားမောင်းသည့် ကိုဇော်မင်းဦးကပြောသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန်ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၁၇၂၅ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၇၉၀ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၂၁၃၀ ကျပ် သတ်မှတ်ခဲ့သည်။
အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တို့အား တစ်လီတာလျင် ၂၁၉၀ ကျပ် စက်သုံးဆီ ရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ်မှတ်ခဲ့သည်။
အဆိုပါ စျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ကာ စက်သုံးဆီဝယ်ယူသူများအနေဖြင့် ကျေနပ်မှုမရှိပါက ကော်မတီသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။
ထို့ပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၁၆၃၄ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၇၀၀ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၂၀၂၉ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာ တစ်လီတာလျင် ၂၀၈၄ ကျပ်ဖြစ်သည်။