ပေကျင်း၊ နိုဝင်ဘာ ၁၀
တရုတ်နိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနသည် အမေရိကန်လုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ ပိုင်ဆိုင်သည့် သို့မဟုတ် လုပ်ငန်းလည်ပတ်နေသည့် သင်္ဘောများအတွက် အထူးဆိပ်ကမ်းကပ်ခကို တစ်နှစ်ဆိုင်းငံ့လိုက်ကြောင်း တနင်္လာနေ့တွင် ကြေညာခဲ့သည်။
အဆိုပါ အခကြေးငွေဆိုင်းငံ့မှုသည် တနင်္လာနေ့ မွန်းလွဲ ၁ နာရီ ၁ မိနစ်တွင် စတင်အကျိူးသက်ရောက်ခဲ့သည်။
တစ်ပြိုင်နက်တည်းတွင် ဝန်ကြီးဌာနသည် အမေရိကန် ပုဒ်မ ၃၀၁ စုံစမ်းစစ်ဆေးမှုက တရုတ်နိုင်ငံ၏ သင်္ဘော လုပ်ငန်းနှင့် သင်္ဘောတည်ဆောက်ရေးကဏ္ဍများ၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို မည်ကဲ့သို့ ထိခိုက်စေသည်၊ တဖန် ဆက်စပ်နေသော စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ဖြည့်တင်းရေးကွင်းဆက်များ၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကျိုးစီးပွားများကို မည်ကဲ့သို့အကျိုးသက်ရောက်စေကြောင်း စစ်ဆေးမှုကိုလည်း တစ်နှစ်ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့သည်။
အဆိုပါ ဆောင်ရွက်ချက်များသည် မကြာသေးမီက မလေးရှားနိုင်ငံ ကွာလာလမ်ပူရ်တွင် စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် ကျင်းပပြုလုပ်ခဲ့သော တရုတ်-အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဆွေးနွေးပွဲတွင်ရရှိခဲ့သော သဘောတူညီချက်နှင့် ကိုက်ညီကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Ref: ရှင်းဟွာ
