ယူကရိန်းနိုင်ငံ၌ ယနေ့နံနက်ပိုင်းတွင် ကလေးသူငယ်များပြည့်နေသော နေ့ကလေး ထိန်းကျောင်းအနီးတွင် အစိုးရပိုင် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ရာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ရဟတ်ယာဉ်ပေါ်တွင် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ယူရာ လူ့ဘ်ကိုဗစ်ချ်၊ ပြည်ထဲရေးဝန်ကြီး ဒန်နစ် မိုနက်စတီရက်စကီနှင့် သူ၏ ပထမလက်ထောက်
ရယ်ဗင်ရယ်နင် အပါအဝင် လူကိုးဦး လိုက်ပါလာကြောင်း သိရသည်။
ယာဉ်ပေါ်ပါ ကိုးဦးစလုံး သေဆုံးခဲ့ကြောင်း ယူကရိန်း အမျိုးသား ရဲတပ်ဖွဲ့ အကြီးအကဲ Igor Klymenko က ပြောကြားခဲ့သည်။
ဝန်ကြီးဌာန အရာရှိတစ်ဦးကလည်း ၎င်းတို့၏ သေဆုံးမှုကို အတည်ပြုခဲ့သည်။
ကလေးငယ် နှစ်ဦး အပါအဝင် စုစုပေါင်း လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲက ပြောကြားခဲ့ပြီး ကလေး ၁၀ ဦးအပါအဝင် လူ ၂၂ ဦးကို ဆေးရုံတင်ထားရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်သည် ကိယက်ဗ်မြို့ အရှေ့မြောက်ဘက်ရှိ ဘရိုဗာရီ မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
source:The Guardian

