ယူကရိန်းသို့ အမေရိကမှ တိုမာဟော့ ဒုံးကျည်များ ပေးနိုင်ခြေရှိသဖြင့် မော်စကိုက စိုးရိမ်မကင်းဖြစ်ကြောင်းကို ထုတ်ဖေါ်ပြောကြားပြီးနောက်၊ ထပ်မံ၍ လျှပ်စစ်အခြေခံအဆောက်အဦးများကို ပြင်းပြင်းထန်ထန် တို-က်ခို-က်နေသည်။
ကီးယက်ဗ် ပြည်နာ်အုပ်ချုပ်ရေးမှူး မိုက်ကိုလာ ကလာရှ်နစ်က ယူကရိန်းနိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကစွမ်းအင်ကုမ္ပဏီ ဒီတီအီးကေမှ ဝန်ထမ်းနှစ်ဦးသည် ပြည်နယ်တွင်းရှိ ဓါတ်အားစက်ရုံခွဲကို ရုရှားကတို-က်ခို-က်မှုကြောင့် ဒ-ဏ်ရာရခဲ့ ကြောင်းပြောသည်။ ယူကရိန်းမှ ဒိုနက်စ်ခ်၊ ဩဒိုဆာနှင့် ချေမီနစ်တွင်လည်း စွမ်းအင်အခြေခံအဆောက် အဦးများ တို-က်ခို-က်ခံရသည်။
“ရုရှားနိုင်ငံသည် ကျွန်ုပ်တို့မြို့များအား လေကြောင်းမှ အကြမ်းဖက်မှုများကိုဆက်လက်ပြုလုပ်ကာ ကျွန်ုပ်တို့၏ စွမ်းအင်အခြေခံအဆောက်အဦးကိုပို၍တို-က်ခို-က်နေသည်” ဟု ယူကရိန်း သမ္မတ ဝိုလိုဒီမီးရ် ဇယ်လင်စကီက ရေးသားခဲ့ပြီး ရုရှားသည် ယခင်အပတ်အတွင်း ယူကရိန်းအပေါ် “ဒရုန်း ၃,၁၀၀ ကျော်၊ မစ်ဇိုင်း ၉၂ ခုနှင့် လေဝဲဂလိုက်ဗုံး ၁,၃၆၀ ကျော်ခန့်” တို့ဖြင့် တို-က်ခို-က်ပြီးဖြစ်ကြောင်း သိရသည်။
Ref: ဆော့ချိုင်းနားမောနင်းပို့စ်တ်
