Friday, March 21, 2025

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မန္တလေး ဗဟိုအကျဉ်းထောင်နှင့်...

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွင်း မန္တလေးမြို့ ဗဟိုအကျဉ်းထောင်နှင့် လူငယ်သင်တန်းကျောင်းမှ အကျဉ်းသားလူငယ် (၇)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး၊ အကျဉ်းထောင်ဝန်ထမ်း (၅)ဦးလည်း ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ အဆိုပါ အကျဉ်းသားလူငယ်များမှာ...

ကျိုင်းတုံ စော်ဘွားဈေးနေ့ ကျင်းပ

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ ယနေ့ မတ်လ (၂၀)ရက် နံနက်ပိုင်းအချိန်တွင် ရှမ်းတိုင်းရင်းသားများက စော်ဘွားဈေးနေ့ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဈေးရောင်းချမှုသည် စော်ဘွားများကို အမှတ်ရခြင်း၊...

ပဲခူးတိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၅၀၀)ကျော်ဖြင့်တည်ဆောက်ပေးခဲ့သည့် အရှည်ပေ(၃၂၀)ရှိ...

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်နှင့် ပဲခူးမြို့မဈေးသို့ဆက်သွယ်ထားသည့် ပဲခူးတိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၁၅၀၀) ကျော်ဖြင့်တည်ဆောက်ပေးခဲ့သော အရှည်ပေ (၃၂၀)ရှိ ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတားအား မတ် ၁၉ ရက်နံနက်ပိုင်းက...

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးပိုင်းဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ...

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးပိုင်းဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr....
HomeInternationalယူကရိန်း၏နေတိုးရည်မှန်းချက်က ရုရှားအတွက်ခြိမ်းခြောက်မှုတစ်ခုအဖြစ်ရှိနေသေး

ယူကရိန်း၏နေတိုးရည်မှန်းချက်က ရုရှားအတွက်ခြိမ်းခြောက်မှုတစ်ခုအဖြစ်ရှိနေသေး

ယူကရိန်း၏နေတိုးရည်မှန်းချက်က ရုရှားအတွက်ခြိမ်းခြောက်မှုတစ်ခုအဖြစ်ရှိနေသေး

မော်စကို၊စက်တင်ဘာ ၁၄

အနောက်နေတိုးစစ်ဘက်မဟာမိတ်အဖွဲ့တွင် ပါဝင်ရန်ကြိုးပမ်းနေသည့် ယူကရိန်း၏လက်ရှိရည်မှန်းချက်သည် ရုရှားနိုင်ငံ၏ လုံခြုံရေးကိုခြိမ်းခြောက်နေသဖြင့် ရုရှားအတွက်လိုအပ်သောကြောင့် ယူကရိန်းသို့အထူးစစ်ရေးစစ်ဆင်မှုကိုပြုလုပ်ရခြင်းဖြစ်သည်ဟု ခရင်မလင်နန်းတော်က စက်တင်ဘာ ၁၄ ရက် ဗုဒ္ဓဟူးနေ့တွင်ပြောကြားခဲ့သည်။

မော်စကိုသည် သမ္မတဗလာဒီမာဇလန်းစကီး၏ရုံးမှ အင်္ဂါနေ့ကထုတ်ပြန်ခဲ့သော ယူကရိန်း၏ နေတိုးအဖွဲ့သို့ပူးပေါင်းရန်မျှော်မှန်းချက်နှင့် ၎င်း၏အပြန်အလှန်ကာကွယ်ရေးအစီအစဉ်မှအကျိုးအမြတ်များကို ဖော်ပြထားသည့် လုံခြုံရေးအာမခံချက်မူကြမ်းကိုတုံ့ပြန်ခဲ့သည်။

သတင်းထောက်များနှင့်တွေ့ဆုံသည့် ဆွေးနွေးပွဲတွင်ခရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ရုရှားအနေဖြင့် အဆိုပါမူကြမ်းကို အပျက်သဘောဖြင့်ရှုမြင်ခဲ့ပြီး ယူကရိန်း၏နေတိုးအဖွဲ့သို့ဝင်ရောက်ရန်စိတ်ကူးသည် ရုရှားအတွက်အဓိကခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟုပြောကြားခဲ့သည်။

ဖေဖော်ဝါရီလက ရုရှားတပ်ဖွဲ့များယူကရိန်းသို့ မစေလွှတ်မီမော်စကိုသည် ယူကရိန်းအားအမေရိကန်ဦးဆောင်သည့် အတ္တလန္တိတ်ကာကွယ်ရေးမဟာမိတ်အဖွဲ့ထံ မည်သည့်အခါမျှလက်မခံရန်အာမခံချက်ကိုတရားဝင်တောင်းဆိုခဲ့သည်။သို့သော် ကိဗ်နှင့်အနောက်အုပ်စုများကမူ ရုရှားသည်ကြိုတင်စီစဉ်ထားသော စစ်ရေးလှုပ်ရှားမှုကိုလုပ်ဆောင်နိုင်ရန်အတွက် ၎င်းအချက်ကိုအကြောင်းပြချက်အဖြစ်အသုံးပြုခြင်းသာဖြစ်သည်ဟု ဆိုကြသည်။

အင်္ဂါနေ့ကထုတ်ပြန်ခဲ့သည့် စာမျက်နှာကိုးမျက်နှာပါစာတမ်းတွင် ယူကရိန်းအတွက်နိုင်ငံတကာလုံခြုံရေးအာမခံချက်ဆိုင်ရာအကြံပြုချက်အစုံအလင်ကို နေတိုးအတွင်းရေးမှူးချုပ်ဟောင်း Anders Fogh Rasmussen နှင့် ဇလန်းစကီး၏သမ္မတ ရုံးအကြီးအကဲ Andriy Yermak တို့က ပြင်ဆင်ခဲ့ကြသည်။

သမ္မတဇလန်းစကီးကမူ နေတိုးမဟာမိတ်အဖွဲ့သို့မဝင်မီနှစ်များအတွင်း ကိဗ်အတွက်မိမိကိုယ်ကိုခုခံကာကွယ်နိုင်စွမ်းကိုမြှင့်တင်ရန် “နိုင်ငံရေး၊ဘဏ္ဍာရေး၊စစ်ရေးနှင့် သံတမန်ရေးရာအရင်းအမြစ်များ” ကို ပံ့ပိုးပေးရန်တောင်းဆိုခဲ့သည့် အဆိုပါပက်ကေ့ချ်သည် ယူကရိန်းအတွက်လုံခြုံရေးသဘောတူညီချက်အသစ်၏ အခြေခံဖြစ်သင့်သည်ဟု ပြောကြားခဲ့သည်။

ယင်းအဆိုပြုချက်သည် မော်စကိုအတွက်မခံမရပ်နိုင်ဖြစ်စေခဲ့ကာ နေတိုးအဖွဲနှင့်ပူးပေါင်းရန် ကိဗ်၏သန္နိဌာန်စိတ်ကိုအားဖြည့်ပေးသကဲ့သို့ ၎င်း၏နယ်စပ်အနီးတွင် အနောက်နိုင်ငံလက်နက်များ ပိုမိုချထားရေးအတွက် လမ်းခင်းပေးသည့်မဟာဗျူဟာတစ်ရပ်အဖြစ်ရှုမြင်ခဲ့သည်။

မစ္စတာ Peskov သည် ယူကရိန်းအနေဖြင့် လုံခြုံရေးအာမခံချက်အတွက် အနောက်နိုင်ငံများ၏ ပံ့ပိုးကူညီမှုအားအသုံးပြုမှုကိုလည်း ရှုံ့ချခဲ့ပြီး ဇလန်းစကီးအနေဖြင့် ရုရှား၏တောင်းဆိုချက်များအားချက်ချင်းလက်ငင်းလိုက်နာခြင်းဖြင့် ယူကရိန်းလုံခြုံရေးကိုမြှင့်တင်နိုင်ကြောင်းလည်းပြောကြားခဲ့သည်။

“ယူကရိန်းခေါင်းဆောင်တွေအနေနဲ့ ရုရှားနိုင်ငံအပေါ်ခြိမ်းခြောက်မှုပပျောက်စေမယ့် ဆောင်ရွက်မှုတွေကိုလုပ်ဆောင်ရမှာဖြစ်ပြီး ဘာတွေလုပ်ဆောင်ရမယ်ဆိုတာ သူတို့ကောင်းကောင်းသိပါတယ်” ဟု ၎င်းကဆိုခဲ့သော်လည်း အသေးစိတ်ကိုဆက်လက်ပြောကြားခြင်းမရှိခဲ့ပေ။

Source –ရိုက်တာ/ဗွီစီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မန္တလေး ဗဟိုအကျဉ်းထောင်နှင့် လူငယ်သင်တန်းကျောင်းမှ အကျဉ်းသား (၇)ဦး ဝင်ရောက်ဖြေဆို

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွင်း မန္တလေးမြို့ ဗဟိုအကျဉ်းထောင်နှင့် လူငယ်သင်တန်းကျောင်းမှ အကျဉ်းသားလူငယ် (၇)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး၊ အကျဉ်းထောင်ဝန်ထမ်း (၅)ဦးလည်း ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ အဆိုပါ အကျဉ်းသားလူငယ်များမှာ မန္တလေးဗဟိုအကျဉ်းထောင်ရှိ အ.ထ.က (၂၅)တန်းခွဲ စာစစ်ဌာနတွင် ဖြေဆိုနေကြခြင်းဖြစ်ကြောင်းသိရသည်။ ယမန်နေ့ မတ်လ (၂၀)ရက်၌ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က အကျဉ်းထောင်ရှိ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုခဲ့ပြီး စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ထားရှိမှု၊ စာရေးကိရိယာများ အခမဲ့အသုံးပြုနိုင်ရန် စီစဉ်ထားရှိမှု၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။ ထို့ပြင် အကျဉ်းထောင်အတွင်း စာကြည့်တိုက်ဖွင့်လှစ်ထားရှိမှု၊ အကျဉ်း ထောင်/အချုပ်...

ကျိုင်းတုံ စော်ဘွားဈေးနေ့ ကျင်းပ

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ ယနေ့ မတ်လ (၂၀)ရက် နံနက်ပိုင်းအချိန်တွင် ရှမ်းတိုင်းရင်းသားများက စော်ဘွားဈေးနေ့ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဈေးရောင်းချမှုသည် စော်ဘွားများကို အမှတ်ရခြင်း၊ ပူဇော်ခြင်း အထိမ်းအမှတ်အဖြစ် တစ်နှစ်လျှင် တစ်ရက်သာ ခင်းကျင်းရောင်းချကြခြင်းဖြစ်‌ပြီး စော်ဘွားများ၏ အု တ်ဂူတွင် ပူဇော်ခြင်းများကိုလည်း လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။ စော်ဘွားဈေးကို လွိုင်မွေလမ်းရှိ စော်ဘွားကြီးများ အုတ်ဂူနောက်ကျောနေရာမှ ပါလျန်တံခါးအလွန် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့အထိလည်းကောင်း၊ ဈေးတန်းကြီးလမ်း ကောင်းမှူးခမ်း ဘုန်းကြီးကျောင်းလမ်းထောင့်မှ စော်ဘွားကြီး အုတ်ဂူရှေ့သို့ လည်းကောင်း၊ တစ်ဆက်တည်း EPC သွားလမ်းကွေ့အထိ စည်ကားသိုက်မြိုက်စွာ...

ပဲခူးတိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၅၀၀)ကျော်ဖြင့်တည်ဆောက်ပေးခဲ့သည့် အရှည်ပေ(၃၂၀)ရှိ ပဲခူးမြစ်ကူးတံတားဖွင့်လှစ်

ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်နှင့် ပဲခူးမြို့မဈေးသို့ဆက်သွယ်ထားသည့် ပဲခူးတိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၁၅၀၀) ကျော်ဖြင့်တည်ဆောက်ပေးခဲ့သော အရှည်ပေ (၃၂၀)ရှိ ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတားအား မတ် ၁၉ ရက်နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။ အဆိုပါ ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတားအား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတား ၏ မူလတံတားဟောင်းသည် တစ်လမ်းသွားနှစ်လွှာတစ်ထပ်ဘေလီတံတားဖြစ်ပြီး ဘေလီတံတားပေါ်မှ ယာဉ်ဖြတ်သန်းနေစဉ် အခြားယာဉ်များစောင့်ဆိုင်းနေရသဖြင့် ယာဉ်ကြောကြပ်တည်းမှုဖြစ်ပေါ်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။ ထို့ကြောင့် ယခုအချိန်တွင် သံကူကွန်ကရစ်တံတားအား တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်၍ နေ့စဉ်ဖြတ်သန်းသွားလာသည့် ဒေသခံများ၊ ဈေးသွားဈေးပြန်များ၊ ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကြုံတွေ့ရခြင်းမှကင်းဝေးပြီး ယာဉ်ကြောကြပ်တည်းမှု မရှိတော့ဘဲ မိုးတွင်းကာလပဲခူးမြစ်ရေမြင့်တက်လာမှု၊ ရေကြီးရေလျှံမှုကြောင့် ဖြတ်သန်းသွားလာသည့် ကားများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071