Looking for something?

Explore the website

Looking for something?

Thursday, May 22, 2025

တရုတ်နှင့်ဆက်ဆံရေးကြောင့်ယူအက်စ်နှင့်ကုန်သွယ်ရေးမထိခိုက်–အန်ဝါ

မလေးရှားနိုင်ငံသည် ဝါရှင်တန်၏ အဓိကပြိုင်ဘက် တရုတ်နှင့် ဆက်ဆံရေးကို ခိုင်မာစေရန် ကြိုးပမ်းနေသော်လည်း စည်းကြပ်ခွန်များ လျှော့ချပေးရေး ၎င်း၏ ပန်ကြားချက်ကို နားလည်စာနာစွာဖြင့် ပြန်လည်သုံးသပ်သွားရန်...

အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဦး ဝါရှင်တန်ဒီစီ ဂျူးပြတိုက်အနီးတွင်...

ဝါရှင်တန်ဒီစီရှိ အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဦး ဗုဒ္ဓဟူးနေ့ညက Capital Jewish Museum အနီးတွင် ပ-စ်ခတ်ခံရပြီး ‌ေ-သဆုံးခဲ့ကြောင်း ပြည်တွင်းလုံခြုံရေးဝန်ကြီး Kristi Noem...

(၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့်...

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ကျင်းပမည့် (၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၉) ကြိမ်မြောက် တရုတ် (ကူမင်း)ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲတွင်...

ရုရှားနှင့် မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို အီရန် ပါလီမန်...

မော်စကိုနှင့်တေရန်တို့အကြား နှစ် ၂၀ကြာရှည်သော မဟာဗျူဟာမြောက် မိတ်ဖက်ဆောင်ရွက်မှုကို အီရန်ပါလီမန်က ဗုဒ္ဓဟူးနေ့တွင် အတည်ပြုလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။ သဘောတူညီချက်အရ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု...
HomeMoviesယူကရိန်း၊ အီရန်နှင့် ဗြိတိန်တို့နှင့်သက်ဆိုင်သော...

ယူကရိန်း၊ အီရန်နှင့် ဗြိတိန်တို့နှင့်သက်ဆိုင်သော ထောက်လှမ်းရေးသတင်းများကို ဘိုင်ဒင် ဒုသမ္မတဖြစ်နေစဉ်ကတည်းက ယူငင်ဖတ်ရှုခဲ့ကြောင်း သိရ

ဂျိုးဘိုင်ဒင် ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလက သူ၏ရုံးခန်းကို တာဝန်ရှိသူတို့က ရှာဖွေစစ်ဆေးခဲ့ရာတွင် ယူကရိန်း၊ အီရန်နှင့် ဗြိတိန်နိုင်ငံတို့နှင့် သက်ဆိုင်သည့် အမေရိကန်ထောက်လှမ်းရေးမှတ်စုများနှင့်၊ စာရွက်စာတမ်းများအပါအဝင် အမျိုးအစား ၁၀ ခုခွဲခြားထားသော အထူးကန့်သတ်ထားသည့် ထိပ်တန်းလျှို့ဝှက် စာရွက်စာတမ်းများကို တွေ့ရှိခဲ့ကြောင်း CNN သတင်းဌာနက သတင်းရေးသားဖော်ပြထားသည်။

ယင်းတို့နှင့်ပတ်သက်၍ စာရွက်စာတမ်းများ စုံစမ်းစစ်ဆေးခြင်းဆိုင်ရာ ပဏာမ အစီရင်ခံစာကို လက်ခံရရှိထားပြီးဖြစ်ကာ၊ ယင်းစုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်၍ အမှုဖွင့်ရန် ရှိမရှိအပါအဝင် မည်သို့ဆက်လက်ဆောင်ရွက်ရမည်ဆိုသည်တို့အပေါ် အရေးကြီးသည့် ဆုံးဖြတ်ချက်ချရန်ကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ရှေ့နေချုပ် Merrick Garland ကပြောကြားသည်။

အဆိုပါ စာရွက်စာတမ်းများသည် ၂၀၁၃ နှင့် ၂၀၁၆ ခုနှစ်များအကြား ရက်စွဲများဖြင့်ဖြစ်ကြပြီး၊ ၎င်းတို့ကို သမ္မတမှတ်တမ်းအက်ဥပဒေအရ အမျိုးအစားမခွဲခြားရသေးသော အခြားစာရွက်စာတမ်းများထည့်သွင်းထားသည့် သေတ္တာ ၃ လုံး(သို့) ၄ လုံးအတွင်းတွင်လည်း တွေ့ရှိခဲ့သေးကြောင်း ယုံကြည်ရသည့် သတင်းရင်းမြစ်က CNN သို့ပြောကြားသည်။

ယင်းစာရွက်စာတမ်းများနှင့်အတူ ဘိုင်ဒင်မိသားစု၏ ကိုယ်ရေးကိုယ်တာဆိုင်ရာ စာရွက်စာတမ်းများကိုလည်း ရောနှောလျှက်တွေ့ရှိရကြောင်းသိရသည်။

ရှေ့နေချုပ် Merrick Garland သည် ယင်းကိစ္စကို စုံစမ်းစစ်ဆေးရန် ချီကာဂိုတရားရေးဌာနမှ ရှေ့နေဖြစ်သူJohn Lausch Jrကို တာဝန်ပေးအပ်ခဲ့ကြောင်း CNN က ဖော်ပြထားသည်။ Garland သည် အမျိုးသား မော်ကွန်းတိုက်နှင့် မှတ်တမ်းများ စီမံခန့်ခွဲရေးထံမှ စာရွက်စာတမ်းများ လွှဲပြောင်းပေးပို့မှုကို တရားဝင် လက်ခံရရှိပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်နှင့်ဆက်ဆံရေးကြောင့်ယူအက်စ်နှင့်ကုန်သွယ်ရေးမထိခိုက်–အန်ဝါ

မလေးရှားနိုင်ငံသည် ဝါရှင်တန်၏ အဓိကပြိုင်ဘက် တရုတ်နှင့် ဆက်ဆံရေးကို ခိုင်မာစေရန် ကြိုးပမ်းနေသော်လည်း စည်းကြပ်ခွန်များ လျှော့ချပေးရေး ၎င်း၏ ပန်ကြားချက်ကို နားလည်စာနာစွာဖြင့် ပြန်လည်သုံးသပ်သွားရန် အမေရိက,က ကတိပြုထားသည်ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က ပြောကြားခဲ့သည်။ စည်းကြပ်ခွန်များနှင့် ပတ်သက်၍ မလေးရှားနှင့် အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်များ စတင်ဆွေးနွေးမှုများ မလုပ်မီရက်သတ္တတစ်ပတ်ခန့်ဖြစ်သော ဧပြီလ လယ်က မလေးရှားနိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့သော တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဒါတွတ် ဆရီ အန်ဝါ အီဘရာဟင်မ်က ချီးကျူးခဲ့ကာ သဘောတူညီချက် ၃၁ ခုကို...

အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဦး ဝါရှင်တန်ဒီစီ ဂျူးပြတိုက်အနီးတွင် ပ-စ်ခတ်ခံရပြီး ‌ေ-သဆုံး

ဝါရှင်တန်ဒီစီရှိ အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဦး ဗုဒ္ဓဟူးနေ့ညက Capital Jewish Museum အနီးတွင် ပ-စ်ခတ်ခံရပြီး ‌ေ-သဆုံးခဲ့ကြောင်း ပြည်တွင်းလုံခြုံရေးဝန်ကြီး Kristi Noem က ပြောကြားခဲ့သည်။ “ဝါရှင်တန်ဒီစီရှိ ဂျူးပြတိုက်အနီးမှာ အစ္စရေးသံရုံးဝန်ထမ်းနှစ်ဦး အဓိပ္ပာယ်မဲ့စွာ ‌ေ-သဆုံးခဲ့ပါတယ်” ဟု Noem က X တွင် ရေးသားခဲ့သည်။ “ကျွန်ုပ်တို့ တက်ကြွစွာ စုံစမ်းစစ်ဆေးနေပြီး အခုထက် ပိုမိုသိရှိရအောင် ကြိုးစားနေပါတယ်” ဟု သူမက ဆိုသည်။ ပ-စ်ခတ်မှုမှာ ‌ေ-သနတ်သမားတစ်ဦးတည်းက ကျူးလွန်ခဲ့သည်ဟု ယူဆရပြီး ၎င်းအား ဖမ်းဆီးထားပြီဖြစ်ကြောင်း...

(၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၉) ကြိမ်မြောက် တရုတ် (ကူမင်း)ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ မြန်မာလုပ်ငန်းရှင်များပါဝင်ပြသမည်

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ကျင်းပမည့် (၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၉) ကြိမ်မြောက် တရုတ် (ကူမင်း)ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲတွင် မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသမည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။ အဆိုပါ ကုန်စည်ပြပွဲကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၉) ရက်မှ (၂၄) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကုန်စည်ပြပွဲတွင် စာရင်းပေးသွင်းထားသည့် ကုမ္ပဏီများအား ကုန်စည် ပြပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ပြသမည့် လုပ်ငန်းရှင်များ အနေဖြင့် ကျောက်မျက်ရတနာများ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071