Sunday, July 13, 2025

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး...

စင်ကာပူ တာတိုဖလား ကနူး /...

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက...

ရလဒ်များကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးကြိုးစားသွားရန်...

ပြီးခဲ့သည့် ပြိုင်ပွဲများတွင် ကြုံတွေ့ခဲ့သည့် ရလဒ်ဆိုးများကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးယှဉ် ပြိုင်ကြိုးစားသွားရန် အမျိုးသမီးဘောလုံး ကော်မတီဥက္ကဌ ဒေါ် ခင်စံပယ်ကြည် က...
HomeInternationalယူကရိန်းအရေး၌ အမေရိကသည် "အဓိကလှုံ့ဆော်သူ"...

ယူကရိန်းအရေး၌ အမေရိကသည် “အဓိကလှုံ့ဆော်သူ” ဖြစ်ဟုတရုတ်ဆို

ယူကရိန်းအရေး၌ အမေရိကသည် “အဓိကလှုံ့ဆော်သူ” ဖြစ်ဟုတရုတ်ဆို

လန်ဒန်၊ဩဂုတ် ၁၀

ယူကရိန်းအရေးကြောင့် အနောက်အုပ်စု၏ ဖယ်ကျဥ်ထားခြင်းခံရသော ရုရှားအတွက် အဓိကမဟာမိတ်ဖြစ်လာသူ တရုတ်နိုင်ငံက ယူကရိန်းအရေးတွင် အမေရိကသည် အဓိကသွေးထိုးလှုံ့ဆော်သူဖြစ်သည်ဟုဆိုခဲ့သည်။

ရုရှားနိုင်ငံပိုင်သတင်းအေဂျင်စီတာစ့် နှင့် ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၁၀ ရက်) ကပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် မော်စကိုနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Hanhui က အမေရိကသည် နေတိုးကာကွယ်ရေးမဟာမိတ်အဖွဲ့ကို အကြိမ်ကြိမ်ချဲ့ထွင်လျက် မော်စကိုထက်ဥရောပသမဂ္ဂနှင့် လိုက်လျောညီထွေဖြစ်စေရန် ကြိုးပမ်းနေသည့် ယူကရိန်းတပ်ဖွဲ့များကိုကျောထောက်နောက်ခံပြုပေးကာ ရုရှားကိုချောင်ပိတ်ဖမ်းခဲ့သည်ဟု စွပ်စွဲခဲ့သည်။

ဆက်လက်၍လည်း ၎င်းက “ယူကရိန်းအကျပ်အတည်းကို အဓိကလှုံ့ဆော်အစပြုသူဖြစ်သည့် ဝါရှင်တန်သည် တစ်ဖက်က ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများချမှတ်နေစဉ် အခြားတစ်ဖက်ကလည်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ဆက်လက်ထောက်ပံ့လျက်ရှိသည်” ဟုဆိုသည်။

“သူတို့ရဲ့အဓိကရည်ရွယ်ချက်က ရုရှားကိုစစ်ပမ်းအောင်လုပ်ပြီး ပိတ်ဆို့မှုတွေနဲ့ထပ်မံထိုးနှက်ချင်နေတာပါ” ဟုလည်း၎င်းကဆိုခဲ့သည်။

ယူကရိန်းနယ်စပ်တွင် ရုရှားတင့်ကားများခြေရှုပ်နေစဉ် ပြီးခဲ့သည့်ဖေဖော်ဝါရီလကလည်း ရုရှားသမ္မတပူတင်က တရုတ်သမ္မတရှီနှင့်တွေ့ဆုံရန်‌ ပေကျင်းသို့သွားရောက်ခဲ့ပြီး ၎င်းတို့နှစ်နိုင်ငံဆက်ဆံရေးသည် စစ်အေးခေတ်မဟာမိတ်များထက်သာလွန်ကာ “အကန့်အသတ်မရှိ ပူးပေါင်းဆောင်ရွက်မှုအဖြစ်” သဘောတူညီခဲ့ကြသည်။

ထပ်မံ၍ ၁၀ ရက်နေ့အင်တာဗျူးတွင် Zhang က တရုတ် – ရုရှားဆက်ဆံရေးသည် “အပြန်အလှန်ယုံကြည်မှု၊အမြင့်ဆုံးဆက်ဆံ‌ေရးအဆင့် နှင့် မဟာဗျူဟာမြောက်အရေးပါမှုတို့ကြောင့် သမိုင်းတစ်လျှောက် အကောင်းဆုံးကာလသို့ ရောက်ရှိသွားသည်” ဟုလည်းပြောကြားခဲ့သည်။

၎င်းက အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌနန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကိုလည်းရှုံ့ချခဲ့ပြီး အမေရိကသည် ယူကရိန်းနည်းတူ ထိုင်ဝမ်၌ပါ စစ်အေးခေတ်စိတ်ဓာတ်ပြန်လည် ရှင်သန်လာစေရန် ကြိုးစားနေကာ တရုတ်၊ရုရှားတို့နှင့် အာဏာပြိုင်ဆိုင်မှုအပါအဝင် ထိပ်တိုက်ရင်ဆိုင်မှုများကို နှိုးဆော်ပေးလျက်ရှိသည်ဟုဆိုခဲ့သည်။

“ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်တာဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ အခြေခံအကျဆုံးနိယာမပါပဲ” ဟုဆိုကာ Zhang က ဝါရှင်တန်-ထိုင်ဝမ်မူဝါဒကို ဝေဖန်ခဲ့သော်လည်း ရုရှား-ယူကရိန်း ကိစ္စကိုလျစ်လျူရှုကာပြောကြားခဲ့သည်။

ရုရှားက ၎င်း၏ကျူးကျော်တိုက်ခိုက်မှုကို “အထူးစစ်ဆင်ရေး” ဟုသာ ခေါ်ဆိုခဲ့ပြီး ၎င်း၏ လုံခြုံရေးကိုထိန်းသိမ်းရုံသာမက ရုရှားဘာသာစကားပြောသူများကို နှိပ်စက်ညှဉ်းပမ်းခံရမှုမှ ကာကွယ်ရန်အတွက်လည်းဖြစ်သည်ဟုဆိုသည်။

သို့သော် ယူကရိန်းနှင့်အနောက်နိုင်ငံများကမူ အဆိုပါအကြောင်းပြချက်များသည် ၁၉၉၁ ခုနှစ်၌ မော်စကိုဦးဆောင်သည့် ဆိုဗီယက်ပြည်‌‌ထောင်စုပြိုကွဲချိန်ကတည်းက လွတ်လပ်ရေးရရှိခဲ့သော အိမ်နီးချင်းနိုင်ငံအား နယ်ချဲ့ကျူးကျော်စစ်ပြုလုပ်လိုသည့် အခြေအမြစ်မရှိသော အကြောင်းပြချက်များသာ ဖြစ်သည်ဟုဆိုကြသည်။

 

Source – Reuters/nh

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး စိတ်(၁)သိန်းကို စိုက်ထည့်ပေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှလည်း ငါးမျိုးစိတ်များကိုစိုက်ထည့်ပေးခဲ့သည်။ ယနေ့တွင် ရေဆင်းဆည်အတွင်းသို့ (၂)လက်မအရွယ် ရွှေဝါငါးချင်းကောင်ရေ(၅,၀၀၀)၊ ငါးမြစ်ချင်းကောင်ရေ(၄၅,၀၀၀)၊ ငါးခုံးမကြီးကောင်ရေ (၅၀,၀၀၀)(စုစုပေါင်း ငါးမျိုးကောင်ရေ (၁၀၀,၀၀၀)ကို /စိုက်ထည့်ပေးခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ရေ ဆင်းဆည်အတွင်းသို့ ငါးမျိုးစိတ်စိုက်ထည့်မှု (၁၀) ကြိမ်နှင့် ယခုအကြိမ်အပါအဝင်(၁၁)ကြိမ်၌...

စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲတွင် မြန်မာ‌ ရွှေသုံးခု ၊ ‌ငွေတစ်ခု ၊‌ ကြေးသုံးခုရရှိထား

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup)၌ မြန်မာနိုင်ငံကိုယ်စားဝင်ရောက်ယှဉ်ပြိုင်သည့် လှေလှော်အားကစားအဖွဲ့‌မှာ ရွှေသုံးခု ၊ ‌ ငွေတစ်ခု ၊ ကြေးသုံးခု ဆွတ်ခူးရရှိထား‌ကြောင်းသိရသည်။ အဆိုပါ ပြိုင်ပွဲတွင် U17 + U18 ကယက် တစ်ယောက်လှော် မီတာ ၁၀၀၀ ပြိုင်ပွဲ၌‌ မြန်မာမှ ဇေယျာထွန်းက ပထမ(ရွှေတံ...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင် ဆင်ထား

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ပြောသည်။ လက်ရှိ တောင်ငူမြို့ စစ်တောင်းမြစ်ရေသည် ယနေ့ နံနက် ၆နာရီခွဲအချိန်၌ ၄၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၄ နာရီအတွင်း ၆၅ စင်တီမီတာ ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။ တောင်ငူမြို့ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ၆၀၀ စင်တီမီတာတွင်ရှိသည်ဟုဆိုသည်။ " ကျွန်တော်တို့ မိတ်ဖက်အဖွဲ့တွေ ပူး ပေါင်းပြီး စုဖွဲ့ပြင်ဆင်တာရှိသလို အချို့ အသင်းအဖွဲ့တွေလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071