Sunday, November 9, 2025

ယနေ့ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် တိုင်း (၃)...

ယနေ့ နိုဝင်ဘာ (၉) ရက် ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည်ဖြစ်သည်ဟု မိုး/ဇလအသိပေးထားသည်။ ထို့အပြင်...

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ်...

ထိုသို့ ရှင်းလင်းလျက်ရှိရာ ယခင်ရက်များက ရှင်းလင်းခဲ့သည့် တရားမဝင်ကုန်စည်သယ်ဆောင်သည့်နေရာ (၂၈) နေရာရှိပြီး ယနေ့ နိုဝင်ဘာ (၉) ရက်တွင် (၂၉) နေရာမြောက်နေရာအား...

အခွန်အကောက်ဆိုင်ရာ မပြေလည်မှုရှိနေသော်လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီထံ...

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် သည် အခွန်အကောက်ဆိုင်ရာ မပြေလည်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး အချိုးအကွေ့တစ်ခုသို့ ရောက်နေသော်လည်း ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ၏ ဖိတ်ခေါ်ချက်အရ...

စစ်ကိုင်းမြို့နယ်မှ ငလျင်ဒ-ဏ်သင့်နေအိမ်များအတွက် ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများထောက်ပံ့ပေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှ မန္တလေးငလျင်ကြီးဒ-ဏ်သင့်ခဲ့သောနေအိမ်များအတွကေ ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများကို တိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှ နိုဝင်ဘာ ၈ ရက်နံနက်ပိုင်းက စစ်ကိုင်းမြို့တော်ခန်းမတွင်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ တိုင်းအစိုးရအဖွဲ့အနေဖြင့် ငလျင်ဒ-ဏ်သင့်သူများလက်ရှိရင်ဆိုင်နေရသည့် အခက်အခဲအကြပ်အတည်းများအား...
HomeInternationalယူကရိန်းအရေးဆွေးနွေးရန် G-7 နိုင်ငံခြားရေးဝန်ကြီးများနှစ်ရက်တာအစည်းအဝေးကျင်းပမည်

ယူကရိန်းအရေးဆွေးနွေးရန် G-7 နိုင်ငံခြားရေးဝန်ကြီးများနှစ်ရက်တာအစည်းအဝေးကျင်းပမည်

ဘာလင်၊နိုဝင်ဘာ ၃

G–7 နိုင်ငံများ၏နိုင်ငံခြားရေးဝန်ကြီးများသည် ကြာသပတေးနေ့၌ဂျာမနီတွင် နှစ်ရက်ကြာတွေ့ဆုံဆွေးနွေးမှုစတင်ရန်ရည်ရွယ်ထားပြီး ရုရှားအားခုခံတွန်းလှန်နေသည့် ယူကရိန်းကိုဆက်လက်ထောက်ပံ့မည့် ကတိကဝတ်ကိုအတည်ပြုလိမ့်မည်ဖြစ်ကြောင်းဖော်ပြထားသည်။

ဂျာမနီနိုင်ငံအနောက်ပိုင်း Munster မြို့၌တွေ့ဆုံရာတွင် ထိပ်သီး G-7 သံတမန်များသည်အရှေ့နှင့်တောင်တရုတ်ပင်လယ်တို့တွင် စစ်ရေးလှုပ်ရှားမှုများတိုးချဲ့လုပ်ဆောင်နေသည့် တရုတ်နိုင်ငံနှင့်ပတ်သက်၍လည်း ယခုအစည်းအဝေး၌ အမြင်ချင်းဖလှယ်သွားနိုင်ကြောင်း ခန့်မှန်းထားသည်ဟုဂျပန်အရာရှိတစ်ဦးကပြောကြားခဲ့သည်။

ယခုတွေ့ဆုံမှုနှင့်ပတ်သက်၍ အစည်းအဝေးမပြီးခင်သောကြာနေ့၌ပင် ပူးတွဲကြေငြာချက်ထုတ်ပြန်ရန် စီစဉ်ထားကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ပြီးခဲ့သည့်အပတ်က မော်စကိုဘက်မှ ပင်လယ်နက်လမ်းကြောင်းဂျုံတင်ပို့ရန် ကိဗ်နှင့်သဘောတူညီချက်အားရပ်ဆိုင်းကြောင်းကြေငြာလိုက်ပြီးနောက် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် စိုးရိမ်မှုများတိုးပွားလာစဉ်ယခုတွေ့ဆုံမှုဖြစ်ပေါ်လာခြင်းဖြစ်သည်။သို့သော် မော်စကိုသည်ဗုဒ္ဓဟူးနေ့က သဘောတူညီချက်တွင်ဆက်လက်ပါဝင်မည်ဖြစ်ကြောင်းပြန်လည်ကြေငြာခဲ့သည်။

ထို့ပြင် ဒေသတွင်း၌တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်းဆိုင်ရာအားကောင်းလာမှုကိုတုန့်ပြန်ရန်အတွက် တိုကျိုနှင့်ဝါရှင်တန်တို့ကထောက်ခံအားပေးသည့် လွတ်လပ်ပွင့်လင်းသောအင်ဒိုပစိဖိတ်ဒေသကို အကောင်အထည်ဖော်ခြင်းနှင့်ပတ်သက်၍လည်း ယခုတွေ့ဆုံမှုတွင်ထည့်သွင်းဆွေးနွေးနိုင်ကြောင်း အဆိုပါတာဝန်ရှိသူကပြောကြားခဲ့သည်။မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုနှင့်နျူလုပ်ဆောင်ချက်များကိုလည်း ထည့်သွင်းဆွေးနွေးနိုင်ကြောင်းမျှော်မှန်းထားသည်။

ယခုနှစ်အတွင်း  G–7 နိုင်ငံများ၏နိုင်ငံခြားရေးဝန်ကြီးများသည် အွန်လိုင်းဆွေးနွေးပွဲများအပါအဝင် ဆွေးနွေးပွဲဆယ်ကြိမ်ပြုလုပ်ခဲ့သည်။စက်တင်ဘာလကကုလသမဂ္ဂနှစ်ပတ်လည် အစည်းအဝေးတွင်နောက်ဆုံးတွေ့ဆုံခဲ့ကြကာ လာမည့်နှစ်အတွက်  G– 7 ထိပ်သီးအစည်းအဝေးဥက္ကဌနေရာကို ဂျာမနီထံမှ ဂျပန်ကလွှဲပြောင်းရယူမည်ဖြစ်ကြောင်းသိရှိရသည်။

Source : Kyodo

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် တိုင်း (၃) တိုင်းနှင့် ပြည်နယ် (၂) ခုတွင် မိုးကြီးနိုင်ဟု မိုး/ဇလအသိပေး

ယနေ့ နိုဝင်ဘာ (၉) ရက် ညနေပိုင်းအချိန်အထိ ရန်ကုန်အပါအဝင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည်ဖြစ်သည်ဟု မိုး/ဇလအသိပေးထားသည်။ ထို့အပြင် ရန်ကုန်တိုင်း ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခ-တ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ရန် နှိုးဆော်ထားသည်။ နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊...

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ် သောင်ရင်းမြစ်ကမ်းတလျှောက်ရှိ တရားမဝင်ကုန်စည်သယ်ဆောင်သည့် ဂိတ်များနှင့် ဂိုထောင်/ အဆောက်အဦးများအား တပ်မတော်မှ ရှင်းလင်းနေသည့် မြင်ကွင်းများ

ထိုသို့ ရှင်းလင်းလျက်ရှိရာ ယခင်ရက်များက ရှင်းလင်းခဲ့သည့် တရားမဝင်ကုန်စည်သယ်ဆောင်သည့်နေရာ (၂၈) နေရာရှိပြီး ယနေ့ နိုဝင်ဘာ (၉) ရက်တွင် (၂၉) နေရာမြောက်နေရာအား တပ်မတော်မှတာဝန်ရှိသူများ ဦးဆောင်ကာ စက်ယန္တရားများဖြင့် ရှင်းလင်းနေသည်ကို တွေ့ရသည်။ ယနေ့ နံနက်ပိုင်းတွင် မြဝတီမြို့ အမှတ်(၅) ရပ်ကွက်အတွင်းရှိ သောင်ရင်းမြစ်ကမ်းအနီးမှ အောင်ပါဝါဂိတ်အား မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စံရွှေ ဦးဆောင်သည့် တပ်မတော်မှတာဝန်ရှိသူများက ဖယ်ရှားရှင်းလင်းခဲ့သည်ကို တွေ့ရသည်။ နောက်ရက်များတွင်လည်း သောင်ရင်းမြစ်ကမ်းတလျှောက်ရှိ ဖယ်ရှားရှင်းလင်းရန် ကျန်နေသည့် တရားမဝင် ကုန်စည်သယ်ဆောင်ရာ ဂိတ်များအား...

အခွန်အကောက်ဆိုင်ရာ မပြေလည်မှုရှိနေသော်လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီထံ သွားရောက်မည်ဟု ထရမ့်က ပြောကြားပြီး ‘သူဟာ ကျွန်တော့် မိတ်ဆွေတစ်ဦးပါ’ ဟုလည်းဆို

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် သည် အခွန်အကောက်ဆိုင်ရာ မပြေလည်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး အချိုးအကွေ့တစ်ခုသို့ ရောက်နေသော်လည်း ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ၏ ဖိတ်ခေါ်ချက်အရ အိန္ဒိယသို့သွားရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်၊၊ ၎င်းသည် နှစ်နိုင်ငံကုန်သွယ်ရေး အငြင်းပွားမှုတွင် ပြေလည်မှုရနိုင်သည့် လက္ခဏာတစ်ခုလည်း ဖြစ်သည်။ "သူက ကျုပ်ရဲ့ မိတ်ဆွေသူငယ်ချင်း တစ်ယောက်ပါ၊ ကျုပ်တို့ စကားပြောကြပါတယ်။ သူက ကျုပ်ကို အဲဒီကို လာဖို့ တောင်းဆိုထားတာမို့ ကျုပ်တို့ စီစဉ်ပြီး သွားမယ်" ဟု ထရမ့်က ကြာသပတေးနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071