Monday, August 17, 2026

ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ ရန်ကုန်မြို့တွင်ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. H.E VOLHA CHAMADANAVA ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးအဖြစ်ရောက်ရှိနေသည်။ ထိုသို့ ရောက်ရှိနေရာ...

ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ကားကြီးတစ်စီးနှင့် အဌားကားတစ်စီး မျက်နှာချင်းဆိုင်တို-က်...

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်တွင် ယနေ့ သြဂုတ် ၁၇ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ကားကြီးတစ်စီးနှင့် အဌားကား(Taxi)တစ်စီး...

လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဒဂုံအရှေ့နှင့် ဒဂုံမြောက်ပိုင်းတို့၌ ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်များအတွင်းရေအားနည်းမှုများဖြစ်ပေါ်‌နိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့သို့ ရေပေးပို့နေသော   ရေပေးဝေရေးစခန်းဇုန်(၇)ရှိ  66/6.6 kV, 4MVA ဓာတ် အားခွဲရုံနှင့် ရေတွန်းစက်ကြီးများ၏ Control...

တောင်ကိုရီးယားတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် တစ်ဦး‌ေ-သဆုံး၊...

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မြေပြိုမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး‌ေ-သဆုံးပြီး သုံးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ ဂျောင်ဆန်တောင်ပိုင်းပြည်နယ်၊ ဂျီယိုဂျဲမြို့ရှိ လူနေတိုက်ခန်းအဆောက်အအုံတစ်ခုတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး...
HomeInternationalယူကရိန်းအပေါ် ထောက်ခံရပ်တည်မှုအတွက် ကျေးဇူးတင်ကြောင်း...

ယူကရိန်းအပေါ် ထောက်ခံရပ်တည်မှုအတွက် ကျေးဇူးတင်ကြောင်း ဇလန်းစကီးက ဖိလစ်ပိုင် သမ္မတ မားကို့စ်အား ပြောကြား

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ တနင်္လာနေ့က မြို့တော် မနီလာမှာ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာနဲ့ တွေ့ဆုံခဲ့ပြီး ယူကရိန်းပိုင်နက်ကို ရုရှားက ကျူးကျော်ခဲ့မှုအပေါ် မားကို့စ်ရဲ့ ပြတ်သားစွာ ရပ်တည်ခဲ့မှုနဲ့ ထောက်ခံမှုတွေအပေါ် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

သီတင်းပတ်ကုန်ပိုင်းက စင်ကာပူနိုင်ငံမှာ ပြုလုပ်တဲ့ အာရှရဲ့ အကြီးဆုံး လုံခြုံရေးညီလာခံသို့ ဇလန်းစကီးက အစီအစဉ်မရှိဘဲ တက်ရောက်လာခဲ့ပြီးနောက် ခေါင်းဆောင်နှစ်ဦးဟာ ဖိလစ်ပိုင် သမ္မတနန်းတော်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ဇလန်းစကီးရဲ့ ဒုတိယမြောက် အာရှခရီးစဉ်ဖြစ်ပါတယ်။

ဇလန်းစကီးဟာ အနက်ရောင်ရှပ်အင်္ကျီနဲ့ ကာဂိုဘောင်းဘီတို့ ဝတ်ဆင်ထားပြီး ဒါဟာ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း ပထမဆုံး ဖိလစ်ပိုင်ခရီးစဉ်လည်းဖြစ်တယ်လို့ သိရပါတယ်။

“ဒီဖိတ်ကြားမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်းစိုးမှုအပေါ် မိတ်ဆွေရဲ့ နိုင်ငံက ထောက်ခံခဲ့ရပ်တည်ခဲ့မှုအတွက် ကျေးဇူးတင်ရှိပါတယ်” လို့ ဇလန်းစကီးက မားကို့စ်ကို ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မိမိတို့ရဲ့ နယ်မြေတွေကို ရုရှား သိမ်းပိုက်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး သင့်ရဲ့ ပြောင်မြောက်တဲ့ စကားလုံးနဲ့ ရှင်းလင်းပြတ်သားတဲ့ ရပ်တည်ချက်အတွက် ကျေးဇူးအများကြီး တင်ပါတယ်လို့လည်း သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံဟာ ယခုနှစ်အတွင်း မနီလာမှာ သံရုံးတစ်ရုံးဖွင့်သွားမယ်လို့လည်း ဇလန်းစကီးက ပြောဆိုပါတယ်။

ဇလန်းစကီးဟာ ရှန်ဂရီလာ လုံခြုံရေးညီလာခံ နောက်ဆုံးနေ့မှာ မိန့်ခွန်းပြောကြားခဲ့ပြီး သူ့ရဲ့ စစ်ဒဏ်ခံနိုင်ငံကို ငြိမ်းချမ်းရေးဆောင်ကျဉ်းလာဖို့ ရည်မှန်းထားကာ ဇွန်လ ၁၅-၁၆ ရက်မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဆွစ်ဇာလန် ထိပ်သီးဆွေးနွေးပွဲကို ထောက်ခံကူညီကာ ပါဝင်တက်ရောက်ကြရေး တောင်းဆိုခဲ့ပါတယ်။

မားကို့စ်ဟာလည်း ယင်းညီလာခံမှာ အဓိကမိန့်ခွန်းပြောကြားခဲ့ပြီး တောင်တရုတ်ပင်လယ်အတွင်း ကိစ္စရပ်များကို ပြောဆိုသွားခဲ့ပါတယ်။

ယူကရိန်းခေါင်းဆောင် မနီလာကို လာရောက်လည်ပတ်တဲ့အတွက် သူ့အနေနဲ့ ဂုဏ်ယူပါကြောင်း မားကို့စ်က ဇလန်းစကီးကို ပြောဆိုခဲ့ပါတယ်။

Ref: ရိုက်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ ရန်ကုန်မြို့တွင်ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. H.E VOLHA CHAMADANAVA ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးအဖြစ်ရောက်ရှိနေသည်။ ထိုသို့ ရောက်ရှိနေရာ သြဂုတ် ၁၆ ရက်ညပိုင်းက ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ဘယ်လာရုစ်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ၊ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။ ဂုဏ်ပြုညစာသုံးဆောင်ပြီးချိန်တွင် ရန်ကုန်တိုင်းလွှတ် တော်ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌတို့က ကပြဖျော်ဖြေခဲ့ကြသည့် ယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသား/သူများအား...

ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ကားကြီးတစ်စီးနှင့် အဌားကားတစ်စီး မျက်နှာချင်းဆိုင်တို-က် (၂)ဦး‌ေ-သဆုံးခဲ့မှု ဝေါမြို့နယ်တွင်ဖြစ်ပွား

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်တွင် ယနေ့ သြဂုတ် ၁၇ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ကားကြီးတစ်စီးနှင့် အဌားကား(Taxi)တစ်စီး မျက်နှာချင်းဆိုင်တို-က်မိခဲ့ကြောင်း သိရသည်။ အဆိုပါ ကားကြီးနှင့် အဌားကား (Taxi)တို့သည် ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၈/၃ တွင်မျက်နှာချင်းဆိုင်တို-က်မိခဲ့ခြင်းဖြစ်ပြီး အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့မှာ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ရုပ်အလေ-ာင်းများအား ဝေါလူမှုကူညီရေးအသင်းက ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဒဂုံအရှေ့နှင့် ဒဂုံမြောက်ပိုင်းတို့၌ ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်များအတွင်းရေအားနည်းမှုများဖြစ်ပေါ်‌နိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့သို့ ရေပေးပို့နေသော   ရေပေးဝေရေးစခန်းဇုန်(၇)ရှိ  66/6.6 kV, 4MVA ဓာတ် အားခွဲရုံနှင့် ရေတွန်းစက်ကြီးများ၏ Control ပိုင်းတို့တွင် သြဂုတ် ၁၆ ရက်ည ၆ နာရီခန့်က လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဖြစ်ပေါ်ခဲ့ခြင်းကို ရန်ကုန်မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းမှု)က သြဂုတ် ၁၆ ရက်ညပိုင်းတွင် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုအတွက် လိုအပ်သည့်စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းများကို အမြန်ဆုံးပြီးစီးနိုင်ရေးဆောင်ရွက်နေချိန်တွင် ရေတွန်းစက်ကြီးများအား ခေတ္တရပ်နားထားရမည်ဟုလည်းအသိပေးခဲ့ကြောင်း သိရသည်။ ရေတွန်းစက်ကြီးများ ခေတ္တရပ်နားထားရချိန်၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071