ဝါရှင်တန်၊ ဇန်နဝါရီ ၂၅
အမေရိကသည် လအနည်းငယ်အတွင်း ဒေါ်လာ သန်းလေးရာ တန်ကြေးရှိသော အဆင့်မြင့် အမ်ဝမ်း အက်ဘရမ်စ် တင့်ကား ၃၁ စီးကို ယူကရိန်းနိုင်ငံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၅ ရက် ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်ကို သမ္မတ ဂျိုးဘိုင်ဒင်ကိုယ်တိုင် အိမ်ဖြူတော်တွင် ကြေညာခဲ့ပြီး ထိုတင့်ကားများသည် ယူကရိန်းနိုင်ငံသားများ သူတို့၏ နယ်မြေကို ကာကွယ်ရာ၌ လိုအပ်နေသဖြင့် ပေးပို့မည်ဖြစ်ကြောင်း ပြောခဲ့သည်။
ဘိုင်ဒင်သည် ယူကရိန်းထံ လက်ပတ် တင့်ကား ၂ စီး ထောက်ပံ့ပေးမည်ဟု ကြေညာခဲ့သည့် ဂျာမနီကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး နေတိုး မဟာမိတ်များနှင့် ဥရောပနိုင်ငံများသည်လည်း မြေပြင်တိုက်ပွဲတွင် အထောက်အကူဖြစ်စေမည့် စစ်ဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာများကို ထောက်ပံ့ပေးနေကြောင်း ဖော်ပြခဲ့သည်။
“ငါတို့တွေ တကွဲတပြားဖြစ်သွားမယ်လို့ ရုရှားဘက်က မျှော်လင့်ထားတာပါ၊ ဒါပေမယ့် ငါတို့တွေက လုံးဝကို မကွဲမကွာနဲ့ စည်းစည်းလုံလုံးရှိနေပါတယ်” ဟု ဘိုင်ဒင်က နေတိုးနှင့် ဥရောပမဟာမိတ်အဖွဲ့များကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။
အဆိုပါတင့်ကားများသည် အရေးအခင်းအတွက် အပြောင်းအလဲကြီးတစ်ရပ် ဖြစ်လာစေမည်ဟု ပြောဆိုမှုများ ရှိနေသော်လည်း ကရင်မလင်း၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပစ်စကော့ဖ် က ထိုတင့်ကားများသည်လည်း ယူကရိန်းရှိ တင့်ကားများကဲ့သို့ မီးလောင်ကျွမ်းကာ အလဟသဖြစ်မည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။
Source: CNA
