ရုရှားသည် ယူကရိန်းမှ ဒုံးကျည်များဖြင့် တိုက်ရိုက် တိုက်ခိုက်လာမည်ကို စိုးရိမ်းလာသောကြောင့် ပူတင် အကြိုက်ဆုံး နန်းတော်တစ်ခု၏ အနီးနားပတ်ဝန်းကျင်တွင် လေကြောင်းရန် ကာကွယ်ရေးစနစ်များကို တပ်ဆင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ သမ္မတနန်းတော်မှာ မော်စကိုနှင့် စိန့်ပီတာစဘတ်မြို့ကြားရှိ Yascherovo ဟုခေါ်သည့် ရွာတစ်ရွာတွင် တည်ရှိပြီး ၎င်း၏ အနီးအနားတွင် ပန်ဆယ်-အက်စ်ဝမ်း ကာကွယ်ရေးစနစ်ကို တပ်ဆင်ထားသည်ဟုလည်း သိရသည်။
ထို့ပြင် မကြာသေးမီကလည်း မော်စကိုဒေသ၊ နိုဗို အိုဂါရဲဗို နယ်မြေရှိ ပူတင်၏ အစိုးရအိမ် ေတာ် အနီးနားတွင် အလားတူ ကာကွယ်စနစ်များကို တပ်ဆင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
“ဒီလေကြောင်းရန် ကာကွယ်ရေးစနစ်တွေက သမ္မတ ဗလာဒီမာပူတင်နဲ့ သူ့ရဲ့မိသားစုကို ယူကရိန်းရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်ပေးဖို့ဖြစ်ပါတယ်” ဟု ရုရှားမီဒီယာဖြစ်သည့် အာဂန်စတို နိုဗာစတီက သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ရုရှားနိုင်ငံအတွင်းပိုင်းရှိ လေတပ်စခန်းနှစ်ခုအား ယူကရိန်းဒရုန်းဟု ယူဆရသည့် ဒရုန်းနှစ်စင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှ ယင်းကဲသို့ ကာကွယ်ရေးစနစ်များ တပ်ဆင်လာခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း ရုရှားပိုင် နျူကလီးယား ဗုံးကြဲလေယာဉ်နှစ်စင်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
Source: WION


