Friday, November 14, 2025

နိုင်ငံတိုင်းက အမျိုးသားရေးကို ဦးစားပေးဖော်ထုတ်လာဟု နိုင်ငံတော်ယာယီသမ္မတပြော

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများအပါအဝင် နိုင်ငံများသည် အခြားသောနိုင်ငံရေးများထက် အမျိုးသားရေးကိုဦးစားပေးဖော်ထုတ်လာကြသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ နိုဝင်ဘာ ၁၄...

ရွေးကောက်ပွဲတွင် အသုံးပြုမည် အီလက်ထရောနစ်မဲပေးစက် (...

လာမည့် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုမည့်မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၏ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ပြီးဖြစ်ပြီး အရည်သွေးကိုက်ညီမှုထောက်ခံချက်လက်မှတ်နှင့် စံချိန်စံညွှန်းအမှတ်တံဆိပ်အသုံးပြုခွင့်လိုင်စင်ရရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က...

YMBA ၏ (၇၅)ကြိမ်မြောက် စိန်ရတု...

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟို၏ (၇၅) ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲကို ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ...

မုဒုံမြို့နယ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရန် ပြည်နယ်အစိုးရအဖွဲ့ကကူညီပေးနေ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက မြို့နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ...
HomeInternationalယူကရိန်းနိုင်ငံတော်ဓာတ်အားလိုင်းကို ရုရှားဒုံးကျည်များထိမှန်ပြီးနောက် လျှပ်စစ်ဓာတ်အား...

ယူကရိန်းနိုင်ငံတော်ဓာတ်အားလိုင်းကို ရုရှားဒုံးကျည်များထိမှန်ပြီးနောက် လျှပ်စစ်ဓာတ်အား ကြာမြင့်စွာပြတ်တောက်မည်ဟု စွမ်းအင်ဝန်ကြီးဌာနကြေညာ

ရုရှားပစ်ခတ်ခဲ့သော ဒုံးကျည်များ ယူကရိန်းနိုင်ငံတော်ဓာတ်အားလိုင်းစနစ်ကို သောကြာနေ့က ထိမှန်ခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းဒေသများတွင် လျှပ်စစ်ဓာတ်အားပို့လွှတ်မှုကို အချိန်ကြာမြင့်စွာ ဖြတ်တောက်ထားမည်ဖြစ်ကြောင်း ယူကရိန်းစွမ်းအင်ဝန်ကြီးဌာနက ကြေညာသည်။

ထို့ကြောင့် ယူကရိန်းမြို့အတော်များများမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်လျှက်ရှိပြီး ရေပေးဝေရေးစနစ်နှင့် အပူပေးစနစ်များပါ ပြတ်တောက်နေလျှက်ရှိသည်။ ထို့ကြောင့် အပူဓာတ်ရရှိစေရန်အတွက် မြေအောက်ဘူတာရုံများတွင် လာရောက်ခိုလှုံသူ ပိုမိုများပြားလာကြောင်း သိရသည်။

ကိဗ်မြို့တွင်နေထိုင်သူ သုံးပုံတစ်ပုံခန့်သာလျှင် အပူနှင့်ရေတို့ရရှိကြောင်း မြို့တော်ဝန်ကပြောကြားသည်။ ထို့ကြောင့် ယူကရိန်းနိုင်ငံရှိ ဆေးရုံများ၊ အပူပေးစနစ်များနှင့် အခြားအရေးကြီးသော အခြေခံအဆောက်အအုံများသို့ လျှပ်စစ်ဓာတ်အားပြန်လည်ပို့လွှတ်နိုင်စေရန် ကြိုးပမ်းဆောင်ရွက်နေလျှက်ရှိသည်။

ယူကရိန်းနိုင်ငံ မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် ပျက်စီးမှုပမာဏသည် ယခင်တိုက်ခိုက်မှုများအပြီးထက်ပိုမိုများပြားသဖြင့် ယင်းတို့ကို ပြန်လည်ပြင်ဆင်ရမည့် အချိန်မှာလည်း ပိုမိုကြာမြင့်မည်ဖြစ်ကြောင်း ယူကရိန်းလျှပ်စစ်ဓာတ်အားဌာနကဆိုသည်။

ထို့ကြောင့် အရေးပါသော အခြေခံအဆောက်အအုံများတွင် လျှပ်စစ်ဓာတ်အားပြန်လည်ရရှိစေရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းဌာနက ကြေညာချက်ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတိုင်းက အမျိုးသားရေးကို ဦးစားပေးဖော်ထုတ်လာဟု နိုင်ငံတော်ယာယီသမ္မတပြော

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများအပါအဝင် နိုင်ငံများသည် အခြားသောနိုင်ငံရေးများထက် အမျိုးသားရေးကိုဦးစားပေးဖော်ထုတ်လာကြသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသော ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟို၏ (၇၅) ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းတည်ဆောက်နေကြ၍ နိုင်ငံတော်၏ ဘက်စုံအကျိုးစီးပွားများအောင်မြင်ဖြစ်ထွန်းစေရေးအတွက် “စစ်မှန်သော အမျိုးသားရေး စိတ်ဓာတ်”ကို နိုင်ငံသားတိုင်း၌ မရှိမဖြစ်ရှိနေကြရန်လိုအပ်သည်ဟု ပြောသည်။ မြန်မာစာပေ၊...

ရွေးကောက်ပွဲတွင် အသုံးပြုမည် အီလက်ထရောနစ်မဲပေးစက် ( MEVM) ၏ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်

လာမည့် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုမည့်မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၏ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ပြီးဖြစ်ပြီး အရည်သွေးကိုက်ညီမှုထောက်ခံချက်လက်မှတ်နှင့် စံချိန်စံညွှန်းအမှတ်တံဆိပ်အသုံးပြုခွင့်လိုင်စင်ရရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ နိုဝင်ဘာ (၁၄) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ MEVM ကို ပြည်တွင်းနည်းပညာရှင်များ က ပထမဆုံးတီထွင်ထုတ်လုပ်ထားခြင်းဖြစ်ပြီး စက်၏ အရည်သွေးနှင့် စံချိန်စံညွှန်းကို စစ်ဆေးပေးရန် အမျိုးသားစံချိန်စံညွှန်းကောင်စီကတင်ပြခဲ့ခြင်း ဖြစ်သည်။ ကောင်စီက မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပညာရှင်များပါဝင်သည့် အဖွဲ့ဝင် (၂၀) ဦးဖြင့် ဖွဲ့စည်းပြီး MEVM...

YMBA ၏ (၇၅)ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲကျင်းပ

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟို၏ (၇၅) ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲကို ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်၌ကျင်းပခဲ့ကြောင်း သိရသည်။ ဆုချီးမြှင့်ပွဲသို့ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။ ထိုသို့ တက်ရောက်ပြီးနောက် YMBA ၏ (၇၅) ကြိမ် မြောက်စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲတွင် မြန်မာဘာသာ (အကြီးတန်း)၊ ပအိုဝ်းဘာသာ (အကြီးတန်း)နှင့် မွန်ဘာသာ (အငယ်တန်း) တို့တွင် ပထမဆုရရှိခဲ့ကြသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071