Wednesday, January 21, 2026

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံမှ...

တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံးလျှင် ကျပ် (၁၀၀၀၀)ဖြင့် ယနေ့တွင်...

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ...

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့်...
HomeInternationalယူကရိန်းဆိုင်ရာ လုပ်ငန်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရေး...

ယူကရိန်းဆိုင်ရာ လုပ်ငန်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရေး အလားအလာများ- ပူတင်-ထရမ့်ဖုန်းဖြင့်ဆွေးနွေးမှု အသေးစိတ်

ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့သည် ယခုနှစ်အတွင်း (၉) ကြိမ်မြောက်အဖြစ် ဖုန်းဖြင့် ဆွေးနွေးခဲ့ကြသည်။

ခရင်မ်လင်နန်းတော်၏ အကြံပေးပုဂ္ဂိုလ် ယူရီ အူရှာကော့ဗ် ၏ ပြောကြားချက်အရ ထရမ့်နှင့် ယူကရိန်းသမ္မတ ဇီလန်းစကီးတို့ မတွေ့ဆုံမီတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် ယူကရိန်းအရေးနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဖုန်းဖြင့်ဆွေးနွေးမှုမှ အဓိကအချက်များကို အောက်ပါအတိုင်း စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဘက်မှ စတင်ကမ်းလှမ်းမှု

သမ္မတထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်တွင် “ယူကရိန်းသမ္မတ ဇီလန်းစကီးနဲ့ မတွေ့ဆုံမီမှာ သမ္မတပူတင်နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့တယ်” ဟု ပထမဆုံး ထုတ်ဖော်ပြောကြားခဲ့သည်။

အမေရိကန်ဘက်မှ စတင်ကမ်းလှမ်းသည့် ယခုဖုန်းခေါ်ဆိုမှုသည် ၁ နာရီနှင့် ၁၅ မိနစ် ခန့် ကြာမြင့်ခဲ့သည်။

ထရမ့်နှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့တို့ မာအာလာဂို (Mar-a-Lago) တွင် တွေ့ဆုံပြီးနောက် နှစ်ဖက်ခေါင်းဆောင်များ ထပ်မံဖုန်းပြောရန် သဘောတူညီခဲ့ကြသည်။

ပဋိပက္ခဖြေရှင်းရေးအတွက် လုပ်ငန်းအဖွဲ့များ

ဆွေးနွေးမှုအတွင်း ထရမ့်က ယူကရိန်းအကျပ်အတည်းသည် ၎င်းအတွက် အခက်ခဲဆုံး စိန်ခေါ်မှုဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ရုရှား၏ နိုင်ငံရေးနှင့် သံတမန်နည်းလမ်းဖြင့် ဖြေရှင်းလိုသည့် ဆန္ဒကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းအရေး ဖြေရှင်းရန် အထူးလုပ်ငန်းအဖွဲ့ နှစ်ခုဖွဲ့စည်းရန် ထရန့်၏ အဆိုပြုချက်ကို ပူတင်က သဘောတူခဲ့သည်။ ယင်းတို့မှာ လုံခြုံရေးဆိုင်ရာ အဖွဲ့နှင့် စီးပွားရေးဆိုင်ရာ အဖွဲ့တို့ဖြစ်ကြပြီး၊အဆိုပါအဖွဲ့များကို ဇန်နဝါရီလအစောပိုင်း တွင် စတင်နိုင်ရန် မျှော်မှန်းထားသည်။

ယူကရိန်းဘက်မှ ‘ပြတ်သားသော’ ဆုံးဖြတ်ချက်ချရန် လိုအပ်မှု

စစ်မက်ဖြစ်ပွားမှုကို အဆုံးသတ်ရန်အတွက် ကိယက်ဗ် (ယူကရိန်း) အစိုးရအနေဖြင့် ရုရှားနှင့် အမေရိကန်တို့၏ ကြိုးပမ်းမှုများနှင့်အညီ “ပြတ်သားပြီး တာဝန်ယူမှုရှိသော နိုင်ငံရေးဆုံးဖြတ်ချက်” ကို ချမှတ်ရန် လိုအပ်ကြောင်း အူရှာကော့ဗ်က ဆိုသည်။ အထူးသဖြင့် ဒွန်ဘတ်စ် (Donbass) ဒေသနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ကို နှောင့်နှေးခြင်းမရှိဘဲ ချမှတ်သင့်ကြောင်း ရုရှားဘက်က တိုက်တွန်းထားသည်။

ထို့အပြင် ယူကရိန်းနှင့် ဥရောပနိုင်ငံအချို့က အဆိုပြုထားသည့် “ယာယီအပစ်အခတ်ရပ်စဲရေး” သည် ပဋိပက္ခကို ပိုမိုရှည်ကြာစေရုံသာရှိမည်ဟု ခေါင်းဆောင်နှစ်ဦးစလုံးက ယူဆကြသည်။

ရုရှား-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေး အလားအလာ

ယူကရိန်းအရေး ပြေလည်သွားပြီးနောက် မော်စကိုနှင့် ဝါရှင်တန်တို့အကြား ဆက်ဆံရေး အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြသည်။ စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်ရန် လိုအပ်ပြီး စစ်ပြီးကာလတွင် အမေရိကန်၊ ရုရှားနှင့် ယူကရိန်းတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းကြီးမားစွာ ရှိနေကြောင်း ထရမ့်က အလေးပေးပြောကြားခဲ့သည်။

ချစ်ကြည်ရင်းနှီးသော ဆွေးနွေးမှု

ခရင်မ်လင်အရာရှိ၏ ပြောကြားချက်အရ ခေါင်းဆောင်နှစ်ဦးသည် ခရစ္စမတ်နှင့် နှစ်သစ်ကူးအတွက် နွေးထွေးစွာ နှုတ်ခွန်းဆက်သခဲ့ကြပြီး၊ ဆွေးနွေးမှုတစ်ခုလုံးသည် “ချစ်ကြည်ရင်းနှီးမှုရှိခြင်း၊ အပြုသဘောဆောင်ခြင်းနှင့် လက်တွေ့ကျခြင်း” တို့ဖြင့် ပြည့်နှက်နေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံမှ အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံး ကျပ် (၁ဝဝဝဝ)ဖြင့်ရောင်းချပေး

တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံးလျှင် ကျပ် (၁၀၀၀၀)ဖြင့် ယနေ့တွင် အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်ဝန်းအတွင်း၌ ရောင်းချပေးခဲ့သည်။ ယင်းသည် အကြွေး စနစ်ဖြင့်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အလှူရှင်များကလည်း သီလရှင်ဆရာလေးများအပါအဝင် တာမွေမြို့ရှိ ရပ်ကွက်နေပြည်သူများနှင့် အနှေးယာဉ်လုပ်သားများကို ဆန်၊ဆီ၊ဆား၊ ဟင်းသီးဟင်းရွက်များအပါအဝင် ပိုက်ဆံများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းတွင်လည်း ဆန်၊ဆီ၊ကြက်ဥနှင့် ပဲ တို့ကို သက်သာသောဈေးနှုန်းဖြင့်တာမွေမြို့နယ်ရှိ ရပ်ကွက်ပေါင်း ၂၀ သို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ တာမွေမြို့နယ်သည် ဇန်နဝါရီ...

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို စတင်ရန် ကြိုးပမ်းမှုအဖြစ် ဝါရှင်တန်က ယင်းဖိတ်ကြားချက်ကို နိုင်ငံများစွာသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီက ဝါရှင်တန်နှင့် ခက်ခဲသောကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရရှိထားသော ပေကျင်းသည် ဖိတ်ကြားချက်ကို လက်ခံမည်လား ငြင်းပယ်မည်လားဆိုသည်ကိုမူ မပြောခဲ့ပေ။ ထရမ့်ပ်၏ အဆိုပါအစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ကမ္ဘာတစ်ဝန်းမှ အစိုးရများက ယခုအထိ ချိန်ချိန်ဆဆဖြင့် တုန့်ပြန်ခဲ့ကြပြီး ယင်းအစီအစဉ်သည် ကုလသမဂ္ဂကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ ပါရမီများအတွက် ပေါင်းကူးဖြစ်လာ

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏ မိခင်ဘာသာစကားဖြင့် အွန်လိုင်းအသုံးပြုသူများအား မိတ်ဆက်ပေးနေသည်။ “အရင်က ကျွန်မဟာ နယ်စပ်ဖြတ်ကျော် အီးကောမတ်စ် အလုပ်မှာ အတွေ့အကြုံမရှိသေးတဲ့ စရောင်းသူတစ်ဦးသာ ဖြစ်ခဲ့ပေမဲ့ အခုတော့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို ကျွန်မဘာသာ စီမံခန့်ခွဲနိုင်နေပါပြီ" ဟု ထိုင်းနိုင်ငံရှိ နည်းပညာသိပ္ပံတစ်ခုမှ ကွန်ပျူတာအဓိကကျောင်းသူ ယန်ဒရူးက ပြောကြားခဲ့ပါသည်။ သူသည် နိုင်ငံတကာဖလှယ်ရေးအစီအစဉ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် ဟဲပေ့ဆော့ဖ်ဝဲလ်အင်စတီကျုတွင် တစ်နှစ်ကြာ လာရောက်ပညာသင်ကြားနေခြင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071