ဝါရှင်တန်၊ဇန်နဝါရီ ၂၁
မြောက်ကိုရီးယားသည် ယူကရိန်းရှိရုရှား၏စစ်ဆင် ရေး အတွက် ရုရှား၏စစ်ဘက်ဆိုင်ရာ ပုဂ္ဂလိကကုမ္ပဏီသို့ လက်နက်နှင့်ခဲ့ယမ်းမီးကျောက်များ ဆက်လက်ထောက်ပံ့နေသည်ဟု အိမ်ဖြူတော်ကပြောကြားခဲ့သည်။
အိမ်ဖြူတော်အမျိုးသားလုံခြုံရေးပြောရေးဆိုခွင့်ရှိသူဂျွန်ကာဘီက ဘဏ္ဍာရေး ဝန်ကြီး ဌာနအနေဖြင့် ရုရှားကုမ္ပဏီ ဗက်ဂနာအား နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းအဖြစ်သတ်မှတ်ကာ လာမည့်အပတ်၌ ၎င်းအဖွဲ့အစည်းအား ထပ်လောင်းအရေးယူမှုများချမှတ်မည်ဟုပြောကြားခဲ့သည်။
ကာဘီက မြောက်ကိုရီးယားသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်နေသည်မှာ အထင်အရှား ဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့ပြီး အမေရိကန်အစိုးရက ထုတ်ပြန်သော ဂြိုလ်တုဓာတ်ပုံများ၌ နိုဝင်ဘာ ၁၈ ရက်နေ့က ရုရှားရထားတွဲများ မြောက်ကိုရီးယားသို့သွားရောက်ပြီး နောက်တစ်ရက်၌ ကုန်အပြည့်ဖြင့်ပြန်လာသည်ကိုတွေ့ရသည်ဟုဆိုခဲ့သည်။
အဆိုပါဖြစ်စဉ်သည် မြောက်ကိုရီးယားလက်နက်များအား ရုရှားပိုင်ဗက်ဂနာအဖွဲ့သို့ ကနဦးပေးပို့ခြင်းဖြစ်သည်ဟုအမေရိကန်ကယူဆပြီး မြေပြင်ပစ်ဒုံးကျည်များအပါအဝင် ဗက်ဂနာအဖွဲ့၏တပ်ဖွဲ့ဝင် ငါးသောင်းခန့်ပါရုရှားဘက်မှကူတိုက်ပေးနေသည်ဟု အမေရိက ကပြောကြားခဲ့သည်။
ယင်းနောက် ရုရှားအနေဖြင့် ယူကရိန်းစစ်မြေပြင်၌ အသည်းအသန်ရုန်းကန်နေရသဖြင့် ရုရှားသမ္မတဗလာဒီမာပူတင်သည် ပုဂ္ဂလိကကုမ္ပဏီထံမှ အကူအညီပိုမိုတောင်းခံလာနိုင်သည်ဟုလည်း အမေရိကန်အစိုးရကယုံကြည်ကြောင်းပြောကြားခဲ့သည်။
Source : Kyodo