ကိဗ်၊မေ ၁၀
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Andrii Sybiha က တနင်္လာနေ့မှစတင်၍ ရုရှားနှင့်ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးအတွက် အဆင်သင့်ဖြစ်နေပြီဟုပြောကြားခဲ့သည်။
ယူကရိန်းကိုထောက်ခံသည့် ဗြိတိန်နှင့်ပြင်သစ်တို့ကဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့ခေါင်းဆောင်များနှင့်တွေ့ဆုံပြီးနောက် ယခုကဲ့သို့ ကြေငြာချက်ထွက်ပါ်လာခြင်းဖြစ်သည်။
ယခုပြုလုပ်မည့် တာရှည်ခံသော အပစ်အခတ်ရပ်စဲရေးသည် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုဆီသို့ပါ လမ်းခင်း ပေးနိုင်သည်ဟုလည်း Sybiha က ပြောကြားခဲ့သည်။
ထိုနေ့အစောပိုင်းက ယူကရိန်းသမ္မတ ဇယ်လန်းစကီးသည် ပြင်သစ်သမ္မတ အီမန်နူဝယ် မေခရွန်၊ဂျာမနီဝန်ကြီးချုပ် ဖရက်မာ့ဇ်းဒရစ်၊ ပိုလန်ဝန်ကြီးချုပ်ဒေါ်နယ်တက်စ်ခ်နှင့် ဗြိတိန်ဝန်ကြီးချုပ် ကဲစတာမာတို့ပါဝင်သည့် ညွန့်ပေါင်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်ဟုလည်း သိရသည်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ ခေါင်းဆောင်ငါးဦးသည် ငြိမ်းချမ်းရေးကြိုးပမ်းမှုများကိုအာရုံစိုက်ကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့်လည်း အကျိုးရှိသည့်ဆွေးနွေးမှုများကိုဖုန်းဖြင့်ဆွေးနွေးနိုင်ခဲ့သည်ဟု သိရသည်။
Source : ရှင်းဟွာ
