Monday, February 17, 2025

တရုတ်လေယာဉ် ၂၄ စီး ကို...

တိုင်ပေ၊ဖေဖော်ဝါရီ ၁၆ ကနေဒါစစ်သင်္ဘောတစ်စီးသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းစဉ် တရုတ်လေယာဉ် ၂၄ စီး ကိုကျွန်းတစ်ဝိုက်တွေ့ရှိခဲ့ရသည်ဟု ထိုင်ဝမ်ဘက်ကပြောကြားခဲ့သည်။ အဆိုပါကနေဒါရေတပ်သင်္ဘောသည် ပထမဆုံးအကြိမ် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းသည့်သင်္ဘောဖြစ်ကြောင်း...

ထိုင်းနိုင်ငံမှ ကုန်စည်တင်သွင်းမှုကို ထပ်မံ ကန့်သတ်လာမည်ကို...

ထိုင်းနိုင်ငံမှ ‌အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကြောင့် လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ပြီးနောက်ပိုင်း ကုန်စည်တင်သွင်းမှုများကိုပါ ထပ်မံကန့်သတ်လာမည်ကို ဒေသခံများအကြား စိုးရိမ်နေကြောင်း သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ (၁၅)...

နီပေါ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်...

နီပေါ လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ယနေ့ ဖေဖော်ဝါရီ (၁၆)ရက် မွန်းလွဲပိုင်းအချိန်က ပြိုင်ပွဲကျင်းပမည့် Dasharath...

ပူတာအို ရေခဲတောင်တက်ခရီးစဥ်တွင် အဓိကအားထားရသည့် ဖုန်ရင်ချောင်းကူးတံတား...

ကချင်ပြည်နယ်၊ ပူတာအိုဒေသအတွင်းရှိ ဖုန်ရင်ရာဇီနှင့် ဖန်ဂရမ်ရာဇီ ရေခဲတောင်တက်ခရီးစဉ်များအတွင်း အဓိက အားထားသွားလာရသည့် ဖုန်ရင်ချောင်းကူးတံတား ပြင်ဆင်ပြီးစီးပြီဖြစ်သဖြင့် ပြန်လည်ဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း ‌အဆိုပါ တံတားပြုပြင်ရေးတွင် ပါဝင်သူဒေသခံတစ်ဦးက...
HomeNewsLocal Newsယာယီနေရပ်စွန့်ခွာနေရသူများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှထောက်ပံ့မှုများပြုလုပ်ပေးမည်

ယာယီနေရပ်စွန့်ခွာနေရသူများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှထောက်ပံ့မှုများပြုလုပ်ပေးမည်

အကြမ်းဖက်သမားများ၏တိုက်ခိုက်မှုများကြောင့် ယာယီနေရပ်စွန့်ခွာနေရသူများကို အ မျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှထောက်ပံ့မှုများပြုလုပ်ပေးသွားမည့် အခြေအနေနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီ ၁၇ ရက်နံနက်ပိုင်းတွင် နစက ဥက္ကဋ္ဌရုံး၌ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

” သဘာဝဘေးအန္တရာယ်ကျရောက်မှုမှာပါဝင်တဲ့ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ယာယီနေရပ်စွန့်ခွာနေကြရတဲ့ ပြည်သူတွေအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေကနေ လိုအပ်တဲ့ထောက်ပံ့မှုတွေဆောင်ရွက်ပေးဖို့စီစဉ်ဆောင်ရွက်နေပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

လက်ရှိအချိန်၌ တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် ယာယီနေရပ်စွန့်ခွာနေကြရသူများ၏ စာရင်းများကိုကောက်ယူလျက်ရှိသည်ဟု ပြောသည်။

အစိုးရအဖွဲ့ဝင်များအနေဖြင့် အခြေခံပြည်သူလူထုသက်သာချောင်ချိရေးအတွက် မဖြစ်မနေကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်သည်ဟု ၎င်းက မှာကြားသည်။

အလားတူပင် နိုင်ငံရေးသည် စီးပွားရေးမဟုတ်သော်လည်း စီးပွားရေးသည် နိုင်ငံရေးနှင့် နိုင်ငံ့အရေးပင်ဖြစ်၍ စီးပွားရေးအားကောင်းမှသာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေး အဘက်ဘက်မှအားကောင်းလာမည်ဖြစ်ရာ နိုင်ငံ့စီးပွားရေးအားကောင်းအောင် အားလုံးမှဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဟုလည်း နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်လေယာဉ် ၂၄ စီး ကို ကျွန်းတစ်ဝိုက်၌ တွေ့ရှိရဟုထိုင်ဝမ်ပြော

တိုင်ပေ၊ဖေဖော်ဝါရီ ၁၆ ကနေဒါစစ်သင်္ဘောတစ်စီးသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းစဉ် တရုတ်လေယာဉ် ၂၄ စီး ကိုကျွန်းတစ်ဝိုက်တွေ့ရှိခဲ့ရသည်ဟု ထိုင်ဝမ်ဘက်ကပြောကြားခဲ့သည်။ အဆိုပါကနေဒါရေတပ်သင်္ဘောသည် ပထမဆုံးအကြိမ် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းသည့်သင်္ဘောဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။အဆိုပါသင်္ဘောသည် အမေရိကန်သင်္ဘောနှစ်စင်းဖြတ်သန်းပြီးရက်ပိုင်းအကြာတွင်ရောက်လာခဲ့ခြင်းလည်းဖြစ်သည်။ ပေကျင်းသည် ထိုင်ဝမ်အား မအုပ်ချုပ်ခဲ့ဖူးသော်လည်း ထိုင်ဝမ်အား၎င်း၏ပိုင်နက်အဖြစ်ယူဆထားပြီး လိုအပ်လာပါက တစ်ချိန်တွင် အင်အားသုံးသိမ်းမည်ဟုလည်းပြောကြားထားသည်။ ကနေဒါရေတပ်သင်္ဘောသည် ထိုင်ဝမ်ရေလက်ကြား၏လွတ်လပ်မှုနှင့် ငြိမ်းချမ်းပွင့်လင်းမှုကိုထိန်းထားနိုင်ရန်အတွက် ၎င်း၏အခိုင်အမာရပ်တည်ချက်ကို ဖော်ပြသည့်အနေနှင့်သာမက ထိုင်ဝမ်ရေလက်ကြားသည် နိုင်ငံတကာရေပိုင်နက်ဖြစ်သည်ဟူသောအချက်ကိုပါ ပြသနိုင်ရန်အတွက် ယခုကဲ့သို့ဖြတ်သန်းခဲ့ခြင်းလည်းဖြစ်သည်ဟုသိရသည်။ ယင်းသို့ကနေဒါရေတပ်သင်္ဘောဖြတ်သန်းစဉ်တွင် တရုတ်ဘက်မှ တိုက်လေယာဉ်များနှင့်မောင်းသူမဲ့လေယာဉ်များအပါအဝင် လေယာဉ် ၂၄ စီးကိုတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်

ထိုင်းနိုင်ငံမှ ကုန်စည်တင်သွင်းမှုကို ထပ်မံ ကန့်သတ်လာမည်ကို ဒေသခံများအကြား စိုးရိမ်နေ

ထိုင်းနိုင်ငံမှ ‌အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကြောင့် လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ပြီးနောက်ပိုင်း ကုန်စည်တင်သွင်းမှုများကိုပါ ထပ်မံကန့်သတ်လာမည်ကို ဒေသခံများအကြား စိုးရိမ်နေကြောင်း သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ (၁၅) ရက်နေ့၌ ထိုင်းအာဏာပိုင်များက ဘုရားသုံးဆူနယ်စပ်သို့ စစ်ဆေးရေးပြုလုပ်ရန်သတင်းများထွက်ပေါ်နေပြီး ယင်းအတွက် နှစ်နိုင်ငံကုန်စည်ဖြတ် သန်းခွင့်ကိုပါ ကန့်သတ်ပိတ်ဆို့လာမည်ကို စိုးရိမ်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးထံက သိရသည်။ လက်ရှိတွင် ဘုရားသုံးဆူမြို့၌ လျှပ်စစ် မီးဖြတ်တောက်ထားသည့်အတွက် ဒေသထုတ်ကုန်ပစ္စည်းများဈေးမြင့်တက်လာကာ နယ်စပ်ကုန်သွယ်မှုကိုထပ်မံ ကန့်သတ်လိုက်မည်ဆိုပါက အလုပ်အကိုင်များအပြင် တစ်ပိုင်တနိုင်ကုန်စည် ကူးသန်းရောင်းဝယ်သူများပါ အခက်အခဲဖြစ်ပေါ်လာနိုင်ကြောင်း ဆိုသည်။ " အခုလောလောဆယ်တော့ ကန့်သတ်တာတွေ ပိတ်ဆို့တာတွေမရှိသေးပါဘူး။ ဖြစ်လာမှာကို...

နီပေါ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း ယနေ့ Official Training ပြုလုပ်

နီပေါ လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ယနေ့ ဖေဖော်ဝါရီ (၁၆)ရက် မွန်းလွဲပိုင်းအချိန်က ပြိုင်ပွဲကျင်းပမည့် Dasharath ကွင်းတွင် Official Training ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့် ဖေဖော်ဝါ ရီ(၁၇)ရက် မွန်းလွဲ(၂)နာရီအချိန်၌ လက်ဘနွန် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဗိုလ်စွဲနိုင်ရေး ရေပန်းအစားဆုံးအသင်းတစ်ခုအဖြစ် စိတ်ဝင်စားမှုမြင့်တက် နေသည်။ ထို့အတူ ဖေဖော်ဝါရီ (၂၀) ရက်တွင် ကာဂျစ္စတန်၊ ဖေဖော် ဝါရီ (၂၃) ရက်တွင် အိမ်ရှင် နီပေါအသင်းတို့နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071