Sunday, March 16, 2025

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ ၏...

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် မတ်လ (၂၂)ရက်တွင် လူဦးရေသုံးသောင်းကို စတုဒိသာကျွေးမွေးသွားမည်ဖြစ်ကြောင်း ရာသက်ပန် ကုမ္ပဏီ စတုဒိသာအဖွဲ့မှ သိရသည်။ ဆရာတော်ကြီး၏...

စွမ်းအင်၊ ဓါတ်သတ္ထုများဆိုင်ရာ ဒေါ်လာဘီလျံချီသော စာချုပ်များကို...

ဗီယက်နမ်ခေါင်းဆောင်များသည် အမေရိကနှင့် ကုန်သွယ်မှု မညီမျှခြင်းကို လျှော့ချနိုင်ရေး၊ ထရမ့်ပ်အစိုးရအဖွဲ့၏ အခွန်စည်းကြပ်မှုဒဏ်ခံရနိုင်ခြေကို သက်သာစေရေး ကြိုးပမ်းချက်အဖြစ် အမေရိကနှင့် အကြီးစားသဘောတူညီချက်အချို့ကို လက်မှတ်ရေးထိုးကြမည်ဖြစ်ရာ ဗီယက်နမ်...

ရွှေစာရံဘုရားဖူးပြီး ပြင်ဦးလွင်သို့ ပြန်လာသည့် ဘုရားဖူးယာဉ်...

ရွှေစာရံဘုရားဖူးပြီး ပြင်ဦးလွင်သို့ ပြန်လာသည့် ဘုရားဖူးယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူများအနက် အ မျိုးသား (၂) ဦး၊ အမျိုးသမီး(၄)ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၇)ဦး ထိခိုက်ဒဏ်ရာရထားကြောင်း...

တက္ကသိုလ်ဝင်တန်းစာမေးပွဲ မကျင်းပမီနှင့် ကျင်းပချိန်ကာလများအတွင်းလုံခြုံရေးသတိ/အသိ မလစ်ဟင်းရန်...

၂၀၂၄ -၂၀၂၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲမကျင်းပမီနှင့် ကျင်းပချိန်ကာလများအတွင်းလုံခြုံ ရေးသတိ အသိ မလစ် ဟင်းရန်ဆောင်ရွက်ရန်လိုပြီး၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးခြားဖြစ်စဉ်များနှင့် ပတ်သက်၍ အချိန်နှင့်တပြေးညီ...
HomeNewsLocal Newsယာယီကယ်ဆယ်ရေးစခန်း (၂)ခုတွင် လူဦးရေ...

ယာယီကယ်ဆယ်ရေးစခန်း (၂)ခုတွင် လူဦးရေ ရာနှင့်ချီ အစာအဆိပ်သင့်မှုကြောင့် တာဝန်ရှိသူများမှ ကြီးကြပ်ရန် ကျန်းမာရေးဦးစီးဌာန နှိုးဆော်

ယာယီကယ်ဆယ်ရေးစခန်း (၂)ခုတွင် (၂)ရက်ဆက်တိုက် လူဦးရေ ရာနှင့်ချီ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး အသက်ဆုံးရှုံးသူ မရှိသော်လည်း ရေဘေးရှောင်စခန်းများ၌ လှူဒါန်းထားသော အစားအသောက်များကို ကျန်းမာရေးနှင့် ညီညွတ်စေရန်၊ သန့်ရှင်းမှုရှိစေရေး ယာယီကယ်ဆယ်ရေးစခန်းများ၌ တာဝန်ယူထားသော စီမံခန့်ခွဲမှုအဖွဲ့များက ကြီးကြပ်ရန် ကျန်းမာရေးဦးစီးဌာနမှ နှိုးဆော်ထားကြောင်း သိရသည်။

ပြည်ထောင်နယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်၊ ချောင်းခြားကျေးရွာတွင် စက်တင်ဘာ (၁၇)ရက် ညပိုင်းက ရေဘေးကယ်ဆယ်ရေး လာရောက် လှူဒါန်းသည့် ဒံပေါက် အပြင် ထမင်းနှင့် အသားဟင်း၊ အသုပ်များ စားသုံးမိရာမှ တစ်ဆင့် ကလေ-း၊ လူကြီး (၁၁၅) ဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ရာ နီးစပ်ရာဆေးရုံများသို့ပို့ဆောင် ဆေးကုသစေခဲ့ပြီး ယခုအခါ ပြန်လည် ကောင်းမွန်နေပြီဖြစ်သည်။

ထို့ပြင် စက်တင်ဘာ (၁၈)ရက် ညပိုင်းကလည်း တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ရေဘေးရှောင်နေရသည့် ကလေ-း၊ လူကြီး စုစုပေါင်း လူဦးရေ (၁၃၀)မှာ ထမင်း၊ ဘဲဥနှင့် မကျည်းမှည့်ချက် စားသုံးမိရာမှ တစ်ဆင့် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ရာ တောင်ငူမြို့နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ရပြီး လက်ရှိတွင် စိုးရိမ်စရာ အခြေအနေ မရှိတော့ဘဲ သက်သာကောင်းမွန်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ သဘာဝဘေးဒဏ်ခံစားရသော ပြည်သူများအား အစားအသောက်များ လှူဒါန်းရာတွင် အလှူရှင်များအနေဖြင့် ပူပူနွေးနွေးပြင်ဆင်ထားသည့် သန့်ရှင်းသော အစားအသောက်များအား မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ၊ စီမံခန့်ခွဲမှုအဖွဲများမှတစ်ဆင့် ပေးပို့လှူဒါန်းကြရန်လည်း ကျန်းမာရေးဦးစီးဌာနက နှိုးဆော်ထားကြောင်း သိရသည်။

အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သော အဆိုပါ ကျေးရွာ(၂)ရွာတွင် ကျန်းမာရေးဦးစီးဌာနမှ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များက ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ ၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် လူဦးရေသုံးသောင်းကို စတုဒိသာ ကျွေးမွေးသွားမည်

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် မတ်လ (၂၂)ရက်တွင် လူဦးရေသုံးသောင်းကို စတုဒိသာကျွေးမွေးသွားမည်ဖြစ်ကြောင်း ရာသက်ပန် ကုမ္ပဏီ စတုဒိသာအဖွဲ့မှ သိရသည်။ ဆရာတော်ကြီး၏ သက်တော် (၈၅) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာကုသိုလ်ကို ပူဇော်သော အားဖြင့် အများကောင်းမှု အဖြစ် လူဦးရေ (၃) သောင်းစာ စတုဒိသာ အာဟာရဒါနအလှူအဖြစ် ပေါ်ဆန်းမွှေး ထမင်းဖြူနှင့်အတူ ကြက်သားဟင်း၊ သီးစုံချဉ်ရည်ဟင်း၊ ပုဇွန်ခြောက်ထောင်းအစပ်ကြော်၊ ကြက်သဲမြစ် ပဲကြာဇံကြော်၊ ခရမ်းချဉ်သီးချက်တို့ကို ကျွေးမွေးသွားမည်ဖြစ်သည်။ စတုဒိသာ အလှူတော်မင်္ဂလာကို ပြင်ဦးလွင်မြို့၊ အနီးစခန်း၊ အောင်ချမ်းသာရပ်ကွက်ရှိ...

စွမ်းအင်၊ ဓါတ်သတ္ထုများဆိုင်ရာ ဒေါ်လာဘီလျံချီသော စာချုပ်များကို အမေရိကနှင့် ဗီယက်နမ် ကုမ္ပဏီများ လက်မှတ်ရေးထိုး

ဗီယက်နမ်ခေါင်းဆောင်များသည် အမေရိကနှင့် ကုန်သွယ်မှု မညီမျှခြင်းကို လျှော့ချနိုင်ရေး၊ ထရမ့်ပ်အစိုးရအဖွဲ့၏ အခွန်စည်းကြပ်မှုဒဏ်ခံရနိုင်ခြေကို သက်သာစေရေး ကြိုးပမ်းချက်အဖြစ် အမေရိကနှင့် အကြီးစားသဘောတူညီချက်အချို့ကို လက်မှတ်ရေးထိုးကြမည်ဖြစ်ရာ ဗီယက်နမ် ကုန်သွယ်ရေးဝန်ကြီး၏ အမေရိကခရီးစဉ်အတွင်း ဗီယက်နမ် ကုမ္ပဏီများသည် စွမ်းအင်၊ ဓါတ်သတ္ထု့ဆိုင်ရာ သဘောတူညီချက်များကို အမေရိက ကုမ္ပဏီများနှင့် လက်မှတ်ရေးထိုးခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာနှင့် သက်ဆိုင်ရာ ကုမ္ပဏီတစ်ခုတို့က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ဗီယက်နမ်ကုမ္ပဏီများသည် အမေရိက ရေနံစိမ်းနှင့် သဘာဝဓါတ်ငွေ့ရည်များဝယ်ယူရန် ဆွေးနွေးခဲ့သည်ဟု သဘောတူညီချက်တစ်ခုတွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံပိုင် PetroVietnam Power ကုမ္ပဏီက ပြောဆိုခဲ့ပြီး...

ရွှေစာရံဘုရားဖူးပြီး ပြင်ဦးလွင်သို့ ပြန်လာသည့် ဘုရားဖူးယာဉ် တိမ်းမှောက်မှုကြောင့် (၆)ဦး အသက်ဆုံးရှုံး

ရွှေစာရံဘုရားဖူးပြီး ပြင်ဦးလွင်သို့ ပြန်လာသည့် ဘုရားဖူးယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူများအနက် အ မျိုးသား (၂) ဦး၊ အမျိုးသမီး(၄)ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၇)ဦး ထိခိုက်ဒဏ်ရာရထားကြောင်း ဖြစ်စဉ်ကို ကူညီပေးနေသည့် နယ်မြေခံ လူမှုကူညီရေးအသင်းတို့ထံမှ သိရသ ည်။ ယမန်နေ့ မတ်လ (၁၅)ရက်၊ ညနေ (၅)နာရီခွဲ အချိန် ရွှေစာရံမှ ဘုရားဖူးပြန်လာသည့် 4WD ယာဉ်မှာ ရွှေစာရံ - ရဲရွာ - ကျောက်ဆည်လမ်း ဒုဌဝတီ တံတားအကျော် တိုးဂိတ်အ လွန် မီးသွေးဖုတ်ရွာအနီး လမ်းမှား၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071