ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ တာလေမြို့၊ ရန်ကင်း (၁) ကျေးရွာ သုဿန်အနီးတွင် မေ (၂၉) ရက်ည (၆) နာရီခွဲကျော်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လောကပါလပရဟိလူမှုကူညီရေးအသင်းမှ သိရသည်။
ယမန်နေ့ ည (၆) နာရီဝန်းကျင်က တာလေမြို့ဘက်မှ တာချီလိတ်မြို့ဘက်သို့ ကျိုင်းယီ(၂၉)နှစ် မောင်းနှင်လာသည့် အိမ်စီးကားသည် ရန်ကင်း (၁) ကျေးရွာ သုဿန်အနီးသို့ အရောက် ကားမောင်းသူ အိပ်ငိုက်ကာ လမ်းဘေးရှိသစ်ပင်များအား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
“ကားပေါ်မှာ မောင်းလာတဲ့ လူတစ်ယောက်တည်းပဲပါတယ်။ သစ်ပင်တွေကို ဝင်တိုက်ပြီး ခေါင်းခန်းထဲမှာ ညပ်နေတာ။ စီယာတိုင်နှင့် တံခါးကြားမှာ ညပ်နေတာပေါ့။ ဖြေးဖြေးချင်း ဆွဲထုတ်ခဲ့ရပါတယ်” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဥ်တွင် ကားမောင်းသူ ကျိုင်းယီမှာ ညာဘက်ပေါင်ကျိုး၊ ဘယ်ဘက်လက်ကောက်ဝတ်ကျိုး ဒဏ်ရာများရရှိခဲ့သဖြင့် တာလေမြို့ပြည်သူ့ဆေးရုံသို့ လောကပါလ ပရဟိတလူမှုကူညီရေးအသင်းမှ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။