Wednesday, July 16, 2025

ငလျင်ဒဏ်သင့် ဥတ္တရသီရိရေလှောင်တမံအား ပြန် လည်ပြုပြင်နေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ ဥတ္တသီရိမြို့နယ်၊ ကျောက်အိုးချောင်းပေါ်ရှိ ဥတ္တရသီရိရေလှောင်တမံအား ပြန်လည်ပြုပြင်လျက်ရှိရာ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ ဇူလိုင် ၁၅...

အမိမြေကို ရွှေတံဆိပ်(၁၀)ဆုအထိ ရယူပေးနိုင်ခဲ့သည့် မြန်မာလှေလှော်အဖွဲ့...

စင်ကာပူနိုင်ငံတွင် ယခုလ ဇူလိုင်၁၂ရက်နေ့ မှ ၁၃ရက်နေ့အထိ ကျင်းပ‌ခဲ့သော စင်ကာပူ တာတိုဖလား ကနူး /ကယက်လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint...

ကချင်ပြည်နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းအား ယနေ့ ဇူလိုင် ၁၅ ရက်ကစတင်ဖွင့်လှစ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်တက်ရောက်ခဲ့သည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲပေးစက်များစနစ်တကျသယ်ယူပို့ ဆောင်နိုင်ရေး၊ စနစ်တကျထိန်းသိမ်းထားသိုနိုင်ရေး၊...

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၆ လအတွင်း ပြည်တွင်းပြည်ပမှ...

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂၀၂၅ ခုနှစ်၏ပထမ ၆ လတာအတွင်းပြည်တွင်း၊ ပြည်ပမှဘုရားဖူးဧည့်သည် ၃ ဒသမ ၅ သန်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း စေတီတော်ကြီး၏...
HomeNewsLocal Newsယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ခိုင်ခိုင်မာမာပြဌာန်းကာ...

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ခိုင်ခိုင်မာမာပြဌာန်းကာ စစ်ဆေးအရေးယူမည်ဟု ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းပြော

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ခိုင်ခိုင်မာမာပြဌာန်းကာ စစ်ဆေးအရေးယူမည်ဟု ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းပြော

Road Safety အားထိရောက်အောင် မြင်စွာဆောင်ရွက်နို င်ရန် လမ်းအသုံးပြုသူများအား လေ့ကျင့်ပညာပေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ခိုင်ခိုင်မာမာပြဋ္ဌာ န်းခြင်း၊ စည်းကမ်းလိုက်နာရန်တွန်းအားပေးခြင်းနှင့်စစ် ဆေးအရေးယူခြင်းတို့အား အလေးထားဆောင်ရွက်မည် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြော သည်။

အမျိုးသားယာဥ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက စက်တင်ဘာ ၂ ရက်က နေပြည်တော်၌ ပြုလုပ်သည့် အမျိုး သားယာဥ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ပထမအကြိမ်အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ Decade of Action for Road Safety ကိုအကောင်အထည်ဖော်ရာတွင် ယာဉ်အန္တရာယ်၊လမ်းအ န္တရာယ်ကင်းရှင်းရေးကြီးကြပ်မှု၊ ပိုမိုအန္တရာယ်ကင်းသောလမ်းများနှင့်ယာဉ်သွားလာမှု၊ ပိုမိုအန္တရာယ်ကင်းသောယာဉ်များ၊ ပိုမိုအန္တရာယ်ကင်းသည့် လမ်းအသုံးပြုသူ များနှင့် ယာဉ်တိုက်ခိုက်မှုဖြစ်ပြီးပြီးချင်းတုံ့ပြန်ဆောင် ရွက်မှုဆိုသည့် မဏ္ဍိုင်ကြီး(၅)ရပ်ကို ချမှတ်ဖော်ဆောင်လျက်ရှိသည်ဟု ပြောသည်။

“မြန်မာနိုင်ငံရဲ့အရင် NRSC တွေအနေနဲ့ အဲဒီမဏ္ဍိုင်ကြီး ၅ ရပ်ကိုအခြေပြုပြီး Road Safety လုပ်ငန်းစဉ်တွေကို အလေးထားကြိုးပမ်း အ ကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပြီး ထိုက်သင့်တဲ့ တိုးတက်အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ယခုယာဉ်အန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှု၏ ဒုတိယဆယ်စုနှစ်ကာလအတွက် ရေးဆွဲအ တည်ပြုထု တ်ပြန်ထားခဲ့ပြီးဖြစ်သည့် Myanmar National Road Safety Action Plan (2021-2030)ပါ ရည်မှန်းချက်များ၊လုပ်ငန်းအစီအမံများနှင့်အညီ NRSC အနေဖြင့်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဟု ပြော သည်။

“မော်တော်ယာဉ်တွေအသုံးပြုမှုနဲ့ကြံ့ခိုင်မှုကို စနစ်တကျစစ်ဆေးကြပ်မတ်တာ ယာဉ်အန္တရာယ် ကင်းရှင်းရေးအစီ အမံတွေ ပြည့်ပြည့်စုံစုံတပ်ဆင်တာတွေကိုလည်း စနစ် တကျဆောင်ရွက်ရပါမယ်”ဟု နစက ဒု-ဥက္ကဋ္ဌက ပြော သည်။

ထို့ပြင် ယာဉ်များမောင်းနှင်အသုံးပြုမည့် လမ်းများ၏ ဒီဇိုင်းမှန်ကန်ရန်၊ လမ်းများကို စံချိန်စံ ညွှန်းကိုက်ညီအောင်တည်ဆောက်ရန်နှင့်ပုံမှန်ပြု ပြင်ထိန်းသိမ်းရန်အစရှိသည့် လမ်းအရည်အသွေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း မပျက်မကွက်ဆောင်ရွက်ရမည်ဟု ပြောသည်။

“အဲ့လို ဆောင်ရွက်တဲ့အခါ နိုင်ငံတကာမှာကျင့် သုံးနေတဲ့ 5 Es System လို့ခေါ်တဲ့ Education (ပညာပေးခြင်း)၊ Engineering(အင်ဂျင်နီယာပိုင်းဆိုင်ရာကောင်းမွန်ခြင်း)၊ Enforcement (ဥပဒေအရအရေးယူခြင်း)၊ Emergency Medical Care (အရေးပေါ်ဆေးကုသမှုပေးခြင်း)နဲ့ Eval uation (အကျိုးရလဒ်ကိုသုံးသပ်အကဲဖြတ်ခြင်း)တွေကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ရပါမယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

အဆိုပါ 5 Es အားအခြေခံ၍ မြန်မာနိုင်ငံ၌ အဓိက ရင်ဆို င်နေရသည့် မြေပြင်လက်တွေ့ပြဿနာများကို မှန်မှန်ကန်ကန်သုံးသပ်ပြီး အချိန်တိုအတွင်း ထိရောက်မြန်ဆန်စွာ ဖြေရှင်းဆောင်ရွက်နိုင်မည့် ဦးစားပေးကဏ္ဍရွေးချယ် ကြိုးပမ်းဆောင်ရွက်ရမည်ဟု ပြောသည်။

အလားတူ Road Safety နှင့်ပတ်သက်၍ Strategy, Stru cture, Skills, Shared, Systems, Staff, Style ဆိုသည့် 7s Implementation Framework ကိုအခြေခံကာ ချဉ်း ကပ်လေ့လာသုံးသပ်ဆောင်ရွက်ရမည်ဟု ပြော သည်။ 

“အဲဒီ လုပ်ငန်းစဉ်တွေအားလုံးကို NRSC အနေနဲ့ Leading Council အဖြစ်တာဝန်ယူပြီး နေပြည်တော်၊ တိုင်း၊ပြည် နယ်အဆင့်၊ခရိုင်အဆင့်၊မြိုနယ်အဆင့်အားလုံးဟန်ချက်ညီ ပူးပေါင်းပါဝင်လာနိုင်အောင် စနစ်တကျစုစည်းဆောင်ရွက်ရပါမယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်သင့် ဥတ္တရသီရိရေလှောင်တမံအား ပြန် လည်ပြုပြင်နေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ ဥတ္တသီရိမြို့နယ်၊ ကျောက်အိုးချောင်းပေါ်ရှိ ဥတ္တရသီရိရေလှောင်တမံအား ပြန်လည်ပြုပြင်လျက်ရှိရာ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ ဇူလိုင် ၁၅ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် ဆည်အတွင်းရေဝင်ရောက်ရာလမ်းကြောင်းများ၊ တမံပြန်လည်ပြုပြင်ရန် ဘူမိဗေဒတိုင်းတာခြင်း၊ မြေစမ်းသပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့မှု၊ ရေလှောင်တ မံရေထုတ်ပြွန်မှရေယိုစိမ့်မှုနှင့် မြေသားတမံ၏ ဖို့မြေထိခို-က်ပျ-က်စီးမှုများကို ပြန်လည်ပြုပြင်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုတို့ကို ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများကရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် နစက ဒု-ဥက္ကဋ္ဌမှ ရေလှောင်တမံအတွင်းရှိ ငလျင်ဒဏ်ကြောင့်ထိခို-က်ပျက်စီးခဲ့သည့် ရေလယ်အဆောက်အအုံအား ဖယ်ရှားရှင်းလင်းနေမှု၊ အရန်အရေးပေါ်ရေပိုလွှဲအား ရေတံခါးတပ်ဆင်၍ ရေလွှဲပေါက်တစ်ခုအဖြစ် ဆောင်ရွက်နေမှုတို့ကို...

အမိမြေကို ရွှေတံဆိပ်(၁၀)ဆုအထိ ရယူပေးနိုင်ခဲ့သည့် မြန်မာလှေလှော်အဖွဲ့ ပြန်လည်ရောက်ရှိ

စင်ကာပူနိုင်ငံတွင် ယခုလ ဇူလိုင်၁၂ရက်နေ့ မှ ၁၃ရက်နေ့အထိ ကျင်းပ‌ခဲ့သော စင်ကာပူ တာတိုဖလား ကနူး /ကယက်လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup) တွင် ရွှေတံဆိပ်(၁၀)ဆွတ်ခူးပေးခဲ့သည့် မြန်မာလှေလှော်အဖွဲ့ သည် ယမန် နေ့ ည(၁၀)နာရီခွဲအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ထို့အပြင် မြန်မာလှေလှော်အဖွဲ့ သည် ရွှေတံဆိပ် (၁၀)အပြင် ငွေတံဆိပ်(၁)ခု ၊ ကြေးတံဆိပ်(၄)ခု စုစုပေါင်း ဆုတံဆိပ် (၁၅)ခုကို ထိုက်ထိုက်တန်တန် ရယူပေးနိုင်ခဲ့သည်။ အဆိုပါ အောင်ပွဲရအားကစားအဖွဲ့မှ အဖွဲ့ခေါင်းဆောင်း ဒေါက်တာကျော်ရဲဟိန်း...

ကချင်ပြည်နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းအား ယနေ့ ဇူလိုင် ၁၅ ရက်ကစတင်ဖွင့်လှစ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်တက်ရောက်ခဲ့သည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲပေးစက်များစနစ်တကျသယ်ယူပို့ ဆောင်နိုင်ရေး၊ စနစ်တကျထိန်းသိမ်းထားသိုနိုင်ရေး၊ လုံခြုံရေးလုပ်ငန်းစဉ်များကို ပံ့ပိုးကူညီပေးလျက်ရှိသည်ဟု ပြောသည်။ မဲပေးစက်(MEVM)သည် ရိုးရှင်း၍ လုံခြုံစိတ်ချရသော စနစ်ဖြင့်တည်ဆောက်ထားပြီး မဲပေးရာတွင် မြန်ဆန်လွယ်ကူပြီး ပယ်မဲမရှိဘဲ အချိန်တိုအတွင်း တိကျသော မဲရလဒ်များရရှိနိုင်မည်ဖြစ်၍ တရားမျှတပြီး သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်စေမည် ဖြစ်ကာ ယင်းသို့ မဲပေးစက်ဖြင့် မဲပေးခြင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပဆောင်ရွက်ခြင်းဖြစ်ရာ မဲဆန္ဒရှင်များ လွယ်ကူစွာမဲပေးနိုင်ရေးနှင့် မဲပေးစက်ကိုင်တွယ်မည့်သူများ စနစ်တကျကိုင်တွယ်နိုင်ရေးမှာ အဓိကကျသည်ဟုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071