ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တို့တွင် ယမန်နေ့ နိုဝင်ဘာ ၉ ရက်က Wifi ကြိုးများမီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။
ည ၁၀ နာရီ ၄၅ မိနစ်ခန့်က ရွှေပြည်သာမြို့နယ်၊ (၁၉) ရပ်ကွက်၊ ပေါ်တော်မူလမ်းတွင် Wifi ကြိုးများမီးလေ-ာင်နေသဖြင့် ရွှေပြည်သာမြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များမှ ငြှိမ်းသ-တ်ခဲ့ကြသဖြင့် ည ၁၀ နာရီ ၅၀ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် နံနက် ၇ နာရီ ၁၇ မိနစ်ခန့်ကလည်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ်(၂၀) ရပ်ကွက်၊ လှော်ကားလမ်းနှင့်အောင်ဗောဓိဘုရားလမ်းထောင့်တွင် Wifi ကြိုးများမီးလေ-ာင်မှုဖြစ်ပွား၍ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များမှ ငြှိမ်းသ-တ်ခဲ့ကြသဖြင့် နံနက် ၇ နာရီ ၂၄ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
