ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် ယမန်နေ့ အောက်တိုဘာ ၁၃ ရက်က ယာဥ်မတော် တဆမှု(၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မှော်ဘီမြို့နယ်၊ ပြည်လမ်းပေါ်၌ အောက်တိုဘာ ၁၃ ရက်ည ၁၀ နာရီ ၂၀ မိနစ်ခန့်က ကားတစ်စီးတိမ်းမှောက်ခဲ့သဖြင့် အမျိုးသား(၁)ဦးသေဆုံးပြီး အမျိုး သား(၂)ဦးတွင်လည်း ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရ ရှိခဲ့သဖြင့် မေတ္တာမြိုင်ပရဟိတအသင်းမှ မှော်ဘီမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာ ၁၃ ရက်မွန်းတည့် ၁၂ နာရီ ၅၆ မိနစ်ခန့်ကလည်း အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ် ကွက်၊ ဘုရင့်နောင်လမ်းတွင်ယာဉ်တိုက်မှုဖြစ်ပွားပြီး ကားမောင်းသူမှာကားအတွင်းညပ်နေသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ် ဆယ်မှုများပြုလုပ်ပေးခဲ့ကြပြီးနောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိထား၍ အင်းစိန်မြို့နယ်ကြက်ခြေနီသူနာ ပြုတပ်ဖွဲ့က အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
