ယနေ့ မေလ(၂)ရက် ညနေပိုင်းအချိန်တွင် ယှဉ်ပြိုင်ကစားခဲ့ကြသည့် မြန်မာနေရှင်နယ်လိဂ် အုပ်စု(B)ပွဲစဉ်တွင် ရှမ်းယူနိုက်တက်နှင့် ကချင်ယူနိုက်တက်တို့က ပြိုင်ဘက်အသင်းများကို ဂိုးပြတ်ဖြင့် အနိုင်ရယူခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းနှင့် Glory Goal ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ရာတွင် ရှမ်းယူနိုက်တက်အသက်းက (၄)ဂိုးသွင်းယူကာ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး အုပ်စု (B) တွင် ရမှတ် (၁၂) မှတ်ဖြင့် ထိပ်ဆုံးက ရပ်တည်နေသည်။
အလားတူ ကချင်ယူနိုက်တက်အသင်းနှင့် ရိန်းဘိုး FC အသင်းတို့ယှဉ်ပြိုင်ရာတွင်လည်း ကချင်ယူနိုက်တက်အသင်းက (၅)ဂိုးသွင်းယူ၍ ဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့ပြီး၊ ကချင်ယူနိုက်တက်အသင်းအနေဖြင့် ရိန်းဘိုး FC အသင်းကို ပြိုင်ပွဲ နှစ်ကျော့စလုံးတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ကချင်ယူနိုက်တက်အသင်းသည် ရခိုင်ယူနိုက်တက်အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အမှတ်ဇယားရပ်တည်မှုအရ အဆင့်(၃) တွင် ဆက်လက်ရပ် တည်နေသည်။
အုပ်စု(B)တွင် ရှမ်းယူနိုက်တက်က အုပ်စုအဆင့် ပထမ၊ ရခိုင်ယူနိုက်တက်က ဒုတိယ၊ ကချင်ယူနိုက်တက်က တတိယ၊ Glory Goal ယူနိုက်တက်အသင်းက စတုတ္ထနှင့် ရိန်းဘိုး FC အသင်း ပဉ္စမနေရာတွင် အသီးသီးရပ်တည်နေကြခြင်းဖြစ် သည်။
ပုံစာ – ယနေ့ ရှမ်းယူနိုက်တက်နှင့် Glory Goal ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည် ပုံရိပ်




