Saturday, September 5, 2026

ရုပ်ရှင်သရုပ်ဆောင်ကျော်ကျော်ဗိုနှင့်အဖွဲ့အပါအဝင် အလှူရှင်များက ဧရာဝတီတိုင်းမှရေဘေးသင့်သူများအတွက် အလှူငွေနှင့်...

ဧရာဝတီတိုင်းမှရေဘေးသင့်သူများအတွက် ရုပ်ရှင်သ ရုပ်ဆောင်ကျော်ကျော်ဗိုနှင့်အဖွဲ့အပါအဝင် အလှူရှင်များက အလှူငွေများနှင့် ဆန်အိတ်များကို စက်တင်ဘာ ၃ ရက်နံနက်ပိုင်းက ဟင်္သာတမြို့တွင်လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ရုပ်ရှင်သရုပ်ဆောင်ကျော်ကျော်ဗိုလ်နှင့် ညီအစ်ကိုမိတ်ဆွေများ(GOATs For...

ဒုတိယသမ္မတ ဦးညိုစောက ဗလာဒီဗော့စတော့မြို့ရှိ အကြီးဆုံးသော...

ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ရောက်ရှိနေသော ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၄ ရက်နံနက်ပိုင်းတွင် ဗလာဒီဗော့စတော့မြို့ရှိ အကြီးဆုံးသော အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံနှင့် ဗလာဒီဗော့စတော့ကုန်သွယ်ရေးဆိပ်ကမ်းတို့ကိုကြည့်ရှုလေ့ လာခဲ့သည်။ ဗလာဒီဗော့စတော့မြို့တော်အတွက်...

အ.ထ.က(ငါးသိုင်းချောင်း)ပြန်လည်ဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်း

ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားရသော ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့ရှိ အ.ထ.က(ငါးသိုင်းချောင်း)အား ရေများပြန်လည်ကျဆင်းသွားသဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ စက်တင်ဘာ ၄ ရက်နံနက်ပိုင်းမှစတင်၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ရေကြီးရေလျှံစဥ်ကတင်ကျန်ခဲ့သော...

ရေကြီးရေလျှံမှုကြောင့် လှည်းကူးမြို့ မဟာစည်သာသနာ့ရိပ်သာ၏ (၇)...

လှည်းကူး၊ စက်တင်ဘာ ၄ လှည်းကူးမြို့ နိဗ္ဗာန်ဆိပ်ဦး မဟာစည်သာသနာ့ရိပ်သာ (ဘိုးဘွားရိပ်သာ) တွင် စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ ဖွင့်လှစ်ရန်...
HomeNewsFootballယနေ့ AFF Shopee...

ယနေ့ AFF Shopee Cup ပြိုင်ပွဲ ရှမ်းယူနိုက်တက်အသင်းနှင့် အိမ်ရှင် ဗီယက်နမ်နိုင်ငံအသင်းဖြစ် ယှဉ်ပြိုင်ကစားမည်

AFF Shopee Cup ပြိုင်ပွဲ၏ ဒုတိယပွဲစဉ်အဖြင့် ယနေ့ ဩ ဂုတ်(၂၅)ရက်၊ ညနေပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းနှင့်
ဗီယက်နမ်နိုင်ငံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ၊ ပွဲစဉ်အား အင်ဒိုနီးရှားနိုင်ငံ ပြိုင်ဘက် ပီအက်(စ်)အမ် မာကာဆာအသင်း၏ အိမ်ကွင်းသို့ သွားရောက်ယှဥ်ပြိုင်ကစားကြရမည်ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ပထမအဖွင့်ပွဲစဉ်အား ဩဂု တ်(၂၁)ရက်က ဗီယက်နမ်ကလပ်အသင်းဖြစ်သည့် သန်းဟွာအသင်းနှင့် အဝေးကွင်းတွင် ယှဥ်ပြိုင်ကစားခဲ့ရကြပြီး ဦးဆောင်ဂိုးစတင် သွင်းယူနိုင်ခဲ့သော်လည်း ပွဲပြီးဆုံးချိန်တွင် (၃)ဂိုး(၁)ဂိုးရလဒ်ဖြင့်ရှုံးနိမ့်ထားသည်။

အဆိုပါ ပွဲစဉ်အပြီးတွင် ရှမ်းယူနိုက်တက်အသင်းသည် အု ပ်စုတွင် အမှတ်ပေးဇယားရပ်တည်မှု၌ ရမှတ်မရရှိသေးဘဲ အောက်ဆုံးအဆင့်တွင်သာ ရပ်တည်နေရသည်။

ယနေ့ ယှဉ်ပြိုင်မည့် ပွဲစဉ်အတွင်း အုပ်စုတွင်းအပြောင်းအ လဲဖြစ်နိုင်မည့် ရလဒ်မျိုးကို ဖော်ဆောင်နိုင်ခြင်းရှိ၊ မရှိကို စောင့်မျှော်အားပေးရဦးမည်ဖြစ်သည်ဟု ရှမ်းယူနိုက်တက်ပရိတ်သတ်တစ်ဦးက ဆိုသည်။

AFF Shopee Cup ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အနေဖြင့် Group (A) တွင် Dong A Thanh Hoa (ဗီယက်နမ်)၊ PSM Makas -sar (အင်ဒိုနီးရှား)၊ Terengganu (မလေးရှား)၊ BG PATHUM UNITED (ထိုင်း)၊SVAY RIENG (ကမ္ဘောဒီးယား) အသင်းတို့ဖြင့် တစ်အုပ်စုတည်းတွင် ကျရောက်နေခြင်းဖြစ် သည်။

ရှမ်းယူနိုက်တက်အသင်းသည် ယနေ့ မလေးရှားအသင်းဖြင့် ယှဉ်ပြိုင်ကစားပြီးပါက ဇန်နဝါရီ (၂၂)တွင် ထိုင်းအသင်းဖြ င့် ရန်ကုန်မြို့ရှိ အိမ်ကွင်းတွင်လည်းကောင်း၊ ဖေဖော်ဝါရီ (၅)ရက်တွင် ကမ္ဘောဒီယားအသင်းဖြင့် နိုင်ငံတကာ အိုလံပစ်ကွင်းတွင် ယှဉ်ပြိုင်သွားကြရမည်ဖြစ် သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုပ်ရှင်သရုပ်ဆောင်ကျော်ကျော်ဗိုနှင့်အဖွဲ့အပါအဝင် အလှူရှင်များက ဧရာဝတီတိုင်းမှရေဘေးသင့်သူများအတွက် အလှူငွေနှင့် ဆန်အိတ်များပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းမှရေဘေးသင့်သူများအတွက် ရုပ်ရှင်သ ရုပ်ဆောင်ကျော်ကျော်ဗိုနှင့်အဖွဲ့အပါအဝင် အလှူရှင်များက အလှူငွေများနှင့် ဆန်အိတ်များကို စက်တင်ဘာ ၃ ရက်နံနက်ပိုင်းက ဟင်္သာတမြို့တွင်လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ရုပ်ရှင်သရုပ်ဆောင်ကျော်ကျော်ဗိုလ်နှင့် ညီအစ်ကိုမိတ်ဆွေများ(GOATs For Charity)၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၊ မြိတ်မြို့ OK ရတနာဆန်စက်၊ အောင်နိုင်သစ္စာကုမ္ပဏီလိမိတက်၊ ဆရာတော်ဉူးအာလောက၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းနှင့် Eco Friendly Fuel တို့က အလှူငွေများနှင့် ဆန်အိတ်များကိုလှူဒါန်းခဲ့ကြကြောင်း သိရသည်။ အဆိုပါ အလှူငွေနှင့် ဆန်အိတ်များလှူဒါန်းမှုကို ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒုတိယသမ္မတ ဦးညိုစောက ဗလာဒီဗော့စတော့မြို့ရှိ အကြီးဆုံးသော အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံနှင့် ဗလာဒီဗော့စတော့ကုန်သွယ်ရေးဆိပ်ကမ်းတို့ကိုကြည့်ရှုလေ့လာ

ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ရောက်ရှိနေသော ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၄ ရက်နံနက်ပိုင်းတွင် ဗလာဒီဗော့စတော့မြို့ရှိ အကြီးဆုံးသော အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံနှင့် ဗလာဒီဗော့စတော့ကုန်သွယ်ရေးဆိပ်ကမ်းတို့ကိုကြည့်ရှုလေ့ လာခဲ့သည်။ ဗလာဒီဗော့စတော့မြို့တော်အတွက် လျှပ်စစ်ဓာတ်အားနှင့် အပူပေးရေးအတွက်အရေးပါသည့် အကြီးဆုံးသော အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုနှင့် လျှပ်စစ်ဓာတ်အား ထိန်းချုပ်ဖြန့်ဖြူးပေးနေမှုတို့ကိုကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ ထို့ပြင် ဗလာဒီဗော့စတော့ကုန်သွယ်ရေးဆိပ်ကမ်း၌ ခေတ်မီစက်ယန္တရားများဖြင့် ကုန်တင်ကုန်ချလုပ်ငန်းများဆောင်ရွက်​နေမှုကိုလည်း ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ ထို့အတူ ဒုတိယသမ္မတ ဦးညိုစောသည် စက်တင်ဘာ ၃ ရက်နံနက်ပိုင်းကလည်း ရုရှားနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး မစ္စတာ ရယ်ရှဲသငြိကော့ဗ်နှင့် ရုရှားနိုင်ငံ PJSC Sberbank...

အ.ထ.က(ငါးသိုင်းချောင်း)ပြန်လည်ဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်း

ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားရသော ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့ရှိ အ.ထ.က(ငါးသိုင်းချောင်း)အား ရေများပြန်လည်ကျဆင်းသွားသဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ စက်တင်ဘာ ၄ ရက်နံနက်ပိုင်းမှစတင်၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ရေကြီးရေလျှံစဥ်ကတင်ကျန်ခဲ့သော စာသင်ကျောင်းအတွင်းနှင့် စာသင်ဆောင်များအတွင်းတို့ရှိ အမှိုက်သရိုက်များ၊ ရွံ့နွံများ၊ နုန်းများကို စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြရာ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ထို့အတူ တိုင်းဝန်ကြီးချုပ်က စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင်ပါဝင်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအား စက်သုံးဆီများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071