Friday, November 7, 2025

ရှမ်းယူနိုက်တက်အသင်း ညမီးကြီး မီးပုံးပျံနှင့် စိန်နားပန်မီးပုံးပျံတို့ကို...

တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်နေသည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်၌ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ညမီးကြီးမီးပုံးပျံနှင့် စိန်နားပန်မီးပုံးပျံတို့ကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြကြောင်း သိရသည်။ အသင်း၏ မီးပုံးပျံလွှတ်တင်မှုကို မြန်မာသက္ကရာဇ် ၁၃၈၇...

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အတွင်းဝန်ရုံးကို ပြုပြင်ထိန်းသိမ်းရေး ခင်းကျင်းရေးလုပ်ငန်းကော်မတီဖွဲ့စည်း

ရန်ကုန်မြို့၏ အထင်ကရဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) နှင့် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းရေးခင်းကျင်းရေးလုပ်ငန်းကော်မတီဖွဲ့စည်းထားသည်ဟု သိရသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ (ဩဂုတ်လ ၁၉) ရက်...

Grade 12 အထိ မတက်လိုပါက...

ပညာရေးကဏ္ဍတွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများသည် Grade 12 အထိ မတက်ရောက်လိုပါက Grade -9 အောင်မြင်ပြီးသည်နှင့် စက်မှု၊ စိုက်ပျိုး၊...

AI နည်းပညာအရွေ့နှင့်အတူလိုက်ပါပြီး နိုင်ငံအကျိုးပြု IT...

ပြောင်းလဲတိုးတက်မှုနှုန်းမြန်ဆန်နေသည့် AI နည်းပညာအရွေ့နှင့်အတူလိုက်ပါပြီး နိုင်ငံအကျိုးပြု IT ပညာရှင်များနှင့် သုတေသနများဖြင့်ရှင်သန်သက်ဝင်နေသည့် တက္ကသိုလ်များဖြစ်စေရေးကြိုးပမ်းဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောသည်။ ယမန်နေ့က ကျင်းပသည့်...
HomeNewsLocal Newsယနေ့ ၂၀၂၅ ခုနှစ်၏အကြီးဆုံးနှင့်...

ယနေ့ ၂၀၂၅ ခုနှစ်၏အကြီးဆုံးနှင့် အတောက်ပဆုံး Super Moon ဖြစ်စဉ် ဖြစ်ပေါ်မည်

ယနေ့ နိုဝင်ဘာ (၅)ရက် ညပိုင်းတွင် ၂၀၂၅ ခုနှစ်၏ အကြီးဆုံးနှင့် အတောက်ပဆုံး Super Moon ဖြစ်စဉ် ဖြစ်ပေါ်မည်ဟု မြန်မာ့နက္ခတာရာနှင့် သိပ္ပံပညာဝါသနာရှင်များအသင်းက အသိပေးထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင် ယခုနှစ်၂၀၂၅ အတွက် ပ ထမဆုံးအကြိမ် စူပါမွန်းဖြစ်စဥ် ဖြစ်ပေါ်ခဲ့ပြီး အခု နိုဝင် ဘာလ (၅)ရက်၌ ဒုတိယမြောက် စူပါမွန်းဖြစ်စဉ် ဖြစ်ပေါ်ခြင်းဖြစ်ကာ လာမည့် ဒီဇင်ဘာလ (၄)ရက်တွင်လည်း၂၀၂၅ ခုနှစ်အတွက် နောက်ဆုံးစူပါမွန်းဖြစ်စဉ်ဖြစ်ပေါ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စူပါမွန်း ဖြစ်စဉ်ဆိုသည်မှာ လသည် ကမ္ဘာနှင့် ပိုမိုနီးကပ်သ ည့် ” ပယ်ရီဂျီး (Perigee)” ဟုခေါ်သော အနီးဆုံးအမှတ်ကို ရောက်ရှိနေချိန်မှာ ဖြစ်ပေါ်လာသည့် လပြည့်ဝန်းကို ခေါ်ဆိုခြင်းဖြစ်သည်ဟုဆိုသည်။

ပုံမှန်အားဖြင့် လ၏ပတ်လမ်းသည် ဘဲဥ ပုံသဏ္ဌာန် (ellip tical) ဖြစ်ခြင်းကြောင့် ကမ္ဘာနှင့် အကွာအဝေးသည် အမြဲတ မ်း ပြောင်းလဲနေပြီး ပျှမ်းမျှအားဖြင့် (၂၃၈၈၅၅) မိုင်ခန့် ဝေးကွာကာ ယနေ့တွင် (၂၂၁၇၂၆) မိုင်ခန့်အထိလမှာ ကမ္ဘာနှင့် နီးကပ်လာမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ပြက္ခဒိန်တွေအရ နိုဝင်ဘာလ (၄)ရက်သည် လပြည့်ညဖြစ်သော်လည်း တကယ်တမ်းလပြည့်ညမှာ နိုဝင်ဘာ(၅) ရက်နေ့တွင် ဖြစ်ပြီး မြန်မာပြက္ခဒိန်နှင့် အပြင်မှ လပြည့်ညမှာ တစ်ရက်ခန့်ကွာ ခြားတတ်သည်ဟု အသိပေးချက်တွင်ဖော်ပြထားသည်။

ယနေ့လပြည့်ချိန်မှာ နိုဝင်ဘာ (၅)ရက်ည (၇) နာရီ (၄၉) မိနစ်၌ လအပြည့်ဆုံးအချိန်ဖြစ်ကြောင်း ဆိုသည်။

ပုံစာ-စက်တင်ဘာ ၇ ရက်က လကြတ်ခဲ့စဉ် ပုံရိပ်များ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှမ်းယူနိုက်တက်အသင်း ညမီးကြီး မီးပုံးပျံနှင့် စိန်နားပန်မီးပုံးပျံတို့ကို လွှတ်တင်

တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်နေသည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်၌ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ညမီးကြီးမီးပုံးပျံနှင့် စိန်နားပန်မီးပုံးပျံတို့ကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြကြောင်း သိရသည်။ အသင်း၏ မီးပုံးပျံလွှတ်တင်မှုကို မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၂ ရက်၌ လွှတ်တင်ခဲ့ကြသည်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အတွင်းဝန်ရုံးကို ပြုပြင်ထိန်းသိမ်းရေး ခင်းကျင်းရေးလုပ်ငန်းကော်မတီဖွဲ့စည်း

ရန်ကုန်မြို့၏ အထင်ကရဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) နှင့် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းရေးခင်းကျင်းရေးလုပ်ငန်းကော်မတီဖွဲ့စည်းထားသည်ဟု သိရသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ (ဩဂုတ်လ ၁၉) ရက် ရက်စွဲဖြင့် ခွင့်ပြုချက်အရ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် (၄၃/၂၀၂၅) ဖြင့် ဖွဲ့စည်းခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင် ထုတ်ပြန်ထားသည်။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) ၏ ပြုပြင်ထိန်းသိမ်းရေးကော်မတီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဌအဖြစ်ဆောင်ရွက်ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန၊...

Grade 12 အထိ မတက်လိုပါက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများသို့ ရွေးချယ်တက်ရောက်နိုင်

ပညာရေးကဏ္ဍတွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများသည် Grade 12 အထိ မတက်ရောက်လိုပါက Grade -9 အောင်မြင်ပြီးသည်နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများသို့ ရွေးချယ်တက်ရောက်နိုင်သည့် ကျောင်းများရှိနေကြောင်း ပညာရေးဝန်ကြီးဌာနမှသိရသည်။ ထိုကျောင်းများမှတဆင့် အဆင့်မြင့် စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ ဆက်လက်ဆည်းပူးသင်ကြားနိုင်မည်လည်း ဖြစ်သည်။ လက်ရှိ၌ စိုက်ပျိုး‌‌ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ပူးပေါင်း၍ အခြေခံပညာတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများ ဖွင့်လှစ်ထားရှိမှုအနေဖြင့် (၈၉)ကျောင်း ရှိလာကြောင်း သိရသည်။ ထိုကျောင်းများကို ၂၀၂၃-၂၀၂၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အရည်အသွေးပြည့်ဝသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071