ယနေ့ ဧပြီ(၁၇)ရက်၌ ကျင်းပပြုလုပ်မည့် AFC Futsal Asian Cup 2024 Thailand ပြိုင်ပွဲတွင် မြန်မာလက်ရွေးစင်ဖူဆယ်အသင်းနှင့် ဗီယက်နမ်အသင်းတို့ အုပ်စု (က) ပွဲဦး ထွက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။
ပြပိုင်ပွဲအား ထိုင်းနိုင်ငံ ၊ ဗန်ကောက်မြို့
Indoor Stadium Huamark ကွင်းတွင် မြန်နာစံတော်ချိန် မွန်းလွဲ(၁)နာရီခွဲတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
မြန်မာအသင်းသည် ပွဲဦးထွက်အနေဖြင့် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး၊ ဧပြီ (၁၉) ရက်တွင် ထိုင်းအသင်းနှင့် လည်းကောင်း၊ ဧပြီ (၂၁) ရက်တွင် တရုတ် အသင်းနှင့် လည်း ကောင်း အုပ်စု (က) ပွဲစဉ်များအဖြစ် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
မြန်မာအသင်းအနေဖြင့် ယခု ဧပြီ(၅)ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံသို့ထွက်ခွာ၍ ခြေစမ်းပွဲများကစားခြင်း၊ လေ့ကျင့်ပြင်ဆင်ခြင်းများကို လုပ်ဆောင်ထားပြီးဖြစ်သည်။
မြန်မာ့အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲမတိုင်မီ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၏ နိုင်ငံအလိုက်အဆင့်သတ်မှတ်ချက်၌ အဆင့် (၇၈)မှ (၆၉)သို တက်လှမ်းနိုင်ခဲ့ကာ၊ အာရှဘောလုံးအဖွဲ့ချုပ်၏ နိုင်ငံအလိုက်အဆင့် သတ်မှတ်ချက်တွင်လည်း အာရှအဆင့် (၁၈) မှ (၁၅)သို့တပ်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။