ယနေ့ ဒီဇင်ဘာ(၂)ရက် မနက်(၈)နာရီခွဲ၏ ရန်ကုန်မြို့လေထုအရည်အသွေးညွှန်းကိန်း (AQI)က အနီရောင်အဆင့် တွင် ရှိနေကြောင်း ရန်ကုန်ရှိ သဘာဝပတ်ဝန်းကျင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Environment ,Health and Safety Myanmar- EHS Myanmar မှ သိရသည်။
US AQI 178 နှင့် PM2.5 level 93.6 µg/m³ ဖြင့် IQAir ဖော်ပြချက်အရ လေထုညစ်ညမ်းမှု ကမ္ဘာ့အဆင့် (၁၁) သို့ ရောက်ရှိနေပြီး ကျန်းမာရေးကို ထိခို-က်စေနိုင်သည့် အခြေအနေဖြစ်ကြောင်းလည်း EHS Myanmar က လူမှုကွန်ယက်စာမျက်နှာကတဆင့် ယနေ့ တွင် အသိပေးထားခြင်းလည်း ဖြစ်သည်။
ထိုကြောင့် အပြင်ထွက်သွားလာကြမည့် ရန်ကုန်မြို့နေပြည်သူများအနေဖြင့် PM2.5 ကာကွယ်နိုင်မည့် Mask များ မဖြစ်မနေ တပ်ဆင်သွားလာသင့်ကြောင်းလည်း အကြံပြုထားသည်။
အဆိုပါ အနီရောင်အဆင့်ကို ဒီဇင်ဘာ(၁)ရက်နေ့က ရောက်ရှိလာခြင်းဖြစ်ပြီး ဆောင်းတွင်းရောက်လာသည့် နှင့် လေထုညစ်ညမ်းမှုမှု ဖြစ်စေရသည့်အကြောင်းရင်း အဓိကမှာ Temperature inversion ကြောင့် ဖြစ်သည့်အပြင် မော်တော်ယာဉ်အသုံးပြုမှုများပြားခြင်း၊ အမှိုက်မီးရှို့ခြင်း၊ စိုက်ပျိုးရေးအတွက် မီးရှို့ခြင်းနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူများနှင့် စွမ်းအင်သုံးစွဲမှု များလာခြင်းတို့ကြောင့် ဖြစ်ကြောင်း အသိပေးချက်တွင်ဖော်ပြထားသည်။
လေထုအရည်အသွေးနဲ့ပတ်သတ်ပြီး သတိထားနိုင်ရန် EHS Myanmar မှ ထူးခြားသည့်လေထုအရည်အသွေးညွှန်းကိန်းများကိုလည်း ဖော်ပြပေးသွားမည်လည်း ဖြစ်ကြောင်း အသိပေးထားသည်။
