ရန်ကုန်တိုင်းရှိ မြို့နယ်(၂)ခုနှင့် မန္တလေးတိုင်းရှိ မြို့နယ် (၂)ခုတို့တွင် ယနေ့ နိုဝင်ဘာ ၂၉ ရက်က မီးလောင်မှု (၂)ကြိမ်စီ(စုစုပေါင်း ၄ ကြိမ်)ဖြစ်ပွားခဲ့ကြောင်း မီး သတ်တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ ညနေ ၄ နာရီခွဲခန့်က ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ လမ်း(၄၀)၊ အောက်ဘလောက်တွင်မီးလောင်မှုဖြစ်ပွား၍ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသဖြင့် ညနေ ၄ နာရီ ၄၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် နေ့လည် ၁ နာရီခန့်ကလည်း ရန်ကုန်တိုင်း၊ ခ ရမ်းမြို့နယ်၊ ၃ ရပ်ကွက်၊ ဘုရားလမ်းတွင်မီးလောင်မှုဖြစ်ပွား၍ ခရမ်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည် ၁ နာရီ ၉ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့အတူ ည ၆ နာရီ ၁၅ မိနစ်ခန့်ကလည်း မန္တလေးတိုင်း ၊ ရမည်းသင်းမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်တွင် မီး လောင်မှုဖြစ်ပွား၍ ရမည်းသင်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၆ နာရီ ၂၂ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် နံနက် ၄ နာရီ ၄၂ မိနစ်ခန့်ကလည်း မန္တလေး တိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆လမ်း၊ ၁၃၅ လမ်းနှင့် ၁၃၆ လမ်းကြားတွင်မီးလောင်မှုဖြစ်ပွား၍ ပြည်ကြီးတံ ခွန်မြို့နယ်မီးသတ်စခန်း၊ (ဈ)အရန်မီးသတ်စခန်း၊ လောကပါလအရန်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၄ နာရီ ၅၀ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
