မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကို ကစားနေသည့် ရခိုက်ယူနိုက်တက်အသင်း နှင့် Glory Goal FC အသင်းတို့ ယနေ့ ဧပြီ (၂၆)ရက် ညနေပိုင်းအချိန်တွင် ရန်ကုန်မြို့ သုဝ ဏ္ဏဘောလုံးအား ကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားကြရမာ်ဖြစ်သည်။
ယနေ့ ပွဲစဉ်သည် MNL League Cup 2024 ဒုတိယကျော့ အုပ်စု(ခ)ပွဲစဉ်တွင် ပါဝင်သည့် အသင်းနှစ်သင်း၏ ယှဉ်ပြိုင်ကစားမှု ဖြစ်သည်။
ရခိုင်ယူနိုက်တက်အသင်းအနေဖြင့် ပထမအကျော့ အုပ်စုပွဲစဉ်တွင် Glory Goal အက်ဖ်စီအသင်းအား (၃)ဂိုးသွင်း၍ ဂိုးပြတ်အနိုင်ရရှိထားသည်။
ရခိုင်ယူနိုက်တက်အသင်းသည် ပထမအကျော့ အုပ်စုပွဲစဉ်များအပြီးတွင် ရှမ်းယူနိုက်တက်အသင်း၊ရခိုင်ယူနိုက်တက်အသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့သည် ရမှတ်(၉) မှတ်စီရရှိထားပြီး ဂိုးကွာခြားချက်ကြောင့် အမှတ်ပေးဇယားရပ်တည်မှုအရအထက်အောက်ရပ်တည်နေသော အသင်းများဖြစ်ကြောင်း သိရသည်။