ရန်ကုန်မြို့၌ ယနေ့ အောက်တိုဘာ ၃၀ ရက်တစ်ရက်တည်း၌ပင် မီးလေ-ာင်မှု(၂)ကြိမ်နှင့် ယာဥ်တို-က်မှု(၁) ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၈)ရပ်ကွက်၊ ပြည် ထောင်စုလမ်းမကြီးပေါ်တွင် ည ၇ နာရီ ၂၆ မိနစ်ခန့်က Wifi ကြိုးများမီးလေ-ာင်မှုဖြစ်ပွား၍ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များကငြှိမ်းသ-တ်ခဲ့ကြသဖြင့် ည ၇ နာရီ ၃၁ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် နံနက် ၈ နာရီခန့်ကလည်း မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အောင်ချမ်းသာလမ်းတွင် နေအိမ်များမီးလေ-ာင်မှုဖြစ်ပွား၍ မရမ်းကုန်း၊ လှိုင်၊ ကြည့်မြင်တိုင်၊ ကမာရွတ်မြို့နယ်မီးသ-တ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များကငြှိမ်းသ-တ်ခဲ့ကြသဖြင့် နံနက် ၈ နာရီ ၂၁ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး နေအိမ်(၄)လုံးခန့်ပျ-က်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထို့အတူ ညနေ ၄ နာရီခွဲကျော်ခန့်ကလည်း ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်ရှေ့တွင်ယာဉ်တို-က်မှုဖြစ်ပွားပြီး ကားခေါင်းခန်းအတွင်း၌ အမျိုးသား(၁)ဦးညပ်နေသဖြင့် စမ်းချောင်၊ ကျောက်တံတားမြို့နယ်မီးသ-တ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကယ်ထုတ်မှုများပြုလုပ်ခဲ့ကြပြီး ထိခိုက်ဒ-ဏ်ရာ(မစိုး ရိမ်ရ)ရရှိထားသဖြင့် မေတ္တာစေတနာပရဟိတအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
