ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာရိုးရာလက်ဝှေ့ ကစားသမားများ ယနေ့ ဒီဇင်ဘာ (၁၁) နံနက်ပိုင်းတွင် ထိုင်းနိုင် ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။
ရိုးရာ ဖိုက်တာများအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲတွင် Muay နှင့် Kickboxing ကစားနည်းများ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
ဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား လက်ဝှေ့အား ကစားသမားများမှာ ရိုးရာလက်ဝှေ့ကျော် ရာမာန်၊ သွေးလင်းထက်၊ ထွန်းမင်းအောင်၊ ထွန်းမင်းနိုင်၊ ဆလိုင်းထန်ခွီးရှိန်တို့ပါဝင်ကြသလို အမျိုးသမီးများအနေဖြင့် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ် သည်။
ဆီးဂိမ်းလက်ဝှေ့ပွဲစဉ်များကို ယခု ဒီဇင်ဘာ (၁၃) ရက်၌ စတ င်ကျင်းပမည်ဖြစ်ပြီး ONE ပွဲစဉ်များ ပုံမှန်ကျင်းပသည့် Lumpinee Boxing Stadium ကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
