(Unicode)
ယနေ့မှစပြီး ကလေးလေဆိပ်ကို ယာယီပြန်ပိတ်
စစ်ကိုင်းတိုင်း၊ကလေးမြို့က ကလေးလေဆိပ်ကို ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ပိတ်ထားရာကနေ အောက်တိုဘာ ၂၇ ရက်မှာတော့ လေယာဥ်ဆင်းသက်၊ထွက်ခွါခွင့်တွေကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။
သို့သော် ယနေ့(ဒီဇင်ဘာ ၆ ရက်)ကစပြီး လေဆိပ်ကို ရက် အကန့်အသတ်မရှိယာယီပြန်ပိတ်ခဲ့ပါတယ်။
“ကလေးလေဆိပ်ပိတ်ရတဲ့အကြောင်းရင်းက လတ်တလောမှာတိုက်ပွဲတွေဖြစ်နေတာကြောင့် ပိတ်လိုက်တာလို့ သိထားတယ် အဝေးပြေးကားတွေနဲ့ကလေးကိုလာရင် ကလေးကနေပြန်ရင် ကားခတွေကစျေးကြီးသလို အချိန်လည်းကြာတာကြောင့် လေယာဥ်စီးတဲ့သူများတယ်”လို့ လေဆိပ်ဝန်ထမ်းမိသားစုဝင်တစ်ယောက်ကပြောပါတယ်။
ကလေး-မုံရွာ ကားလမ်းမှာ မိုင်းပေါက်ကွဲတာတွေရှိနေတာကြောင့် နစက ကလေယာဥ်ခရီးစဥ်တွေပြေးဆွဲပေးမယ်လို့ ကြေညာထားပေမဲ့လည်း လတ်တလော လေဆိပ်ကိုပိတ်လိုက်တာကြောင့် အဲဒီခရီးစဥ်ကပျက်ပြယ်ခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“ခရစ်စမတ်ကာလအချိန်မှာအခုလို လေဆိပ်ကိုပိတ်လိုက်တာက အတော်ဒုက္ခရောက်တာပေါ့ ပိတ်ရက်မှာအိမ်ပြန်လာကြမဲ့သူတွေအတွက် အိမ်မှာနေရမဲ့အချိန်က မရှိတော့ဘူးပေါ့ တိုက်ပွဲတွေဖြစ်နေတော့ ကားတွေကလည်းမထွက်ရဲကြတဲ့အချိန်မှာ လေယာဥ်ကိုပဲအားကိုးနေရတာ”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။
ရန်ကုန်မြို့ရှိ ခရီးသွားအေဂျင်စီတစ်ခုကို ဆက်သွယ်မေးမြန်းရာမှာတော့ ” မနေ့ကညနေက သတင်းစကြားပြီး ဒီနေ့မှာတော့ သတင်းကသေချာသွားပြီ။ဒါပေမယ့် တရားဝင်စာတော့မထွက်လာသေးဘူး။ရန်ကုန်-ကလေး၊ကလေး-ရန်ကုန် လေယာဉ်လက်မှတ်တွေကိုတော့ ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ အရောင်းရွှေ့ဆိုင်းထားပါတယ်” လို့ ပြောပါတယ်။
လေဆိပ်ကို ပိတ်ရတာက အိုမီခရွန် ကြောင့်ပါ။မြန်မာနိုင်ငံမှာတွေ့လို့မဟုတ်ဘူး၊အိန္ဒိယမှာက တွေ့နေပြီ။တမူးတို့ ကလေးတို့ဆိုတာက အိန္ဒိယ နဲ့ ကပ်နေတာဆိုတော့ စိတ်ပူလို့ ကြိုတင်ကာကွယ်တဲ့ သဘောဖြစ်ပါတယ်။အခုဆိုရင် တစ်ကမ္ဘာလုံးမှာ ပိုးတွေ့သူ ရာနဲ့ချီနေပြီဆိုတော့လေ”လို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးဝင်းခန့်က ပေါ်ပြူလာ ကိုပြောပါတယ်။
(Zawgyi)
ယေန႔မွစၿပီး ကေလးေလဆိပ္ကို ယာယီျပန္ပိတ္
စစ္ကိုင္းတိုင္း၊ကေလးၿမိဳ႕က ကေလးေလဆိပ္ကို ကိုဗစ္(၁၉)ေရာဂါအေျခအေနေၾကာင့္ ပိတ္ထားရာကေန ေအာက္တိုဘာ ၂၇ ရက္မွာေတာ့ ေလယာဥ္ဆင္းသက္၊ထြက္ခြါခြင့္ေတြကို ျပန္လည္ဖြင့္လွစ္ေပးခဲ့ပါတယ္။
သို႔ေသာ္ ယေန႔(ဒီဇင္ဘာ ၆ ရက္)ကစၿပီး ေလဆိပ္ကို ရက္ အကန္႔အသတ္မရွိယာယီျပန္ပိတ္ခဲ့ပါတယ္။
“ကေလးေလဆိပ္ပိတ္ရတဲ့အေၾကာင္းရင္းက လတ္တေလာမွာတိုက္ပြဲေတြျဖစ္ေနတာေၾကာင့္ ပိတ္လိုက္တာလို႔ သိထားတယ္ အေဝးေျပးကားေတြနဲ႔ကေလးကိုလာရင္ ကေလးကေနျပန္ရင္ ကားခေတြကေစ်းႀကီးသလို အခ်ိန္လည္းၾကာတာေၾကာင့္ ေလယာဥ္စီးတဲ့သူမ်ားတယ္”လို႔ ေလဆိပ္ဝန္ထမ္းမိသားစုဝင္တစ္ေယာက္ကေျပာပါတယ္။
ကေလး-မုံ႐ြာ ကားလမ္းမွာ မိုင္းေပါက္ကြဲတာေတြရွိေနတာေၾကာင့္ နစက ကေလယာဥ္ခရီးစဥ္ေတြေျပးဆြဲေပးမယ္လို႔ ေၾကညာထားေပမဲ့လည္း လတ္တေလာ ေလဆိပ္ကိုပိတ္လိုက္တာေၾကာင့္ အဲဒီခရီးစဥ္ကပ်က္ျပယ္ခဲ့ရတယ္လို႔ ေဒသခံေတြဆီကသိရပါတယ္။
“ခရစ္စမတ္ကာလအခ်ိန္မွာအခုလို ေလဆိပ္ကိုပိတ္လိုက္တာက အေတာ္ဒုကၡေရာက္တာေပါ့ ပိတ္ရက္မွာအိမ္ျပန္လာၾကမဲ့သူေတြအတြက္ အိမ္မွာေနရမဲ့အခ်ိန္က မရွိေတာ့ဘူးေပါ့ တိုက္ပြဲေတြျဖစ္ေနေတာ့ ကားေတြကလည္းမထြက္ရဲၾကတဲ့အခ်ိန္မွာ ေလယာဥ္ကိုပဲအားကိုးေနရတာ”လို႔ေဒသခံတစ္ေယာက္ကေျပာပါတယ္။
ရန္ကုန္ၿမိဳ႕ရွိ ခရီးသြားေအဂ်င္စီတစ္ခုကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ ” မေန႔ကညေနက သတင္းစၾကားၿပီး ဒီေန႔မွာေတာ့ သတင္းကေသခ်ာသြားၿပီ။ဒါေပမယ့္ တရားဝင္စာေတာ့မထြက္လာေသးဘူး။ရန္ကုန္-ကေလး၊ကေလး-ရန္ကုန္ ေလယာဥ္လက္မွတ္ေတြကိုေတာ့ ဒီေန႔ကစၿပီး ရက္အကန္႔အသတ္မရွိ အေရာင္းေ႐ႊ႕ဆိုင္းထားပါတယ္” လို႔ ေျပာပါတယ္။
ေလဆိပ္ကို ပိတ္ရတာက အိုမီခ႐ြန္ ေၾကာင့္ပါ။ျမန္မာႏိုင္ငံမွာေတြ႕လို႔မဟုတ္ဘူး၊အိႏၵိယမွာက ေတြ႕ေနၿပီ။တမူးတို႔ ကေလးတို႔ဆိုတာက အိႏၵိယ နဲ႔ ကပ္ေနတာဆိုေတာ့ စိတ္ပူလို႔ ႀကိဳတင္ကာကြယ္တဲ့ သေဘာျဖစ္ပါတယ္။အခုဆိုရင္ တစ္ကမာၻလုံးမွာ ပိုးေတြ႕သူ ရာနဲ႔ခ်ီေနၿပီဆိုေတာ့ေလ”လို႔ ပို႔ေဆာင္ေရးနဲ႔ဆက္သြယ္ေရး ဝန္ႀကီးဌာန လက္ေထာက္အတြင္းဝန္ ဦးဝင္းခန႔္က ေပၚျပဴလာ ကိုေျပာပါတယ္။