ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့တို့တွင် ယနေ့ အောက်တိုဘာ ၅ ရက်နံနက်ပိုင်းက ဆိုင်ခန်းနှင့် နေအိမ်မီးလေ-ာင်မှုတို့ဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။
မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ၁၃ ဂိတ်လမ်း၌ နံနက် ၅ နာရီ ၁၀ မိနစ်ခန့်က ဆိုင်ခန်းမီးလေ-ာင်မှုဖြစ်ပွား၍ မြဝတီမြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသ-တ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများကပူးပေါင်းငြှိမ်းသ-တ်ခဲ့ကြသဖြင့် နံနက် ၅ နာရီ ၅၅ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ရေတာရှည်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ခတ်တာလမ်းရှိ နေအိမ်တစ်လုံးတွင် နံနက် ၆ နာရီ ၂၀ မိနစ်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ရေတာရှည်မြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသ-တ်ခဲ့ကြသဖြင့် နံနက် ၆ နာရီ ၃၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလေ-ာင်မှုဖြစ်စဥ်များမှ စတင်လေ-ာင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသ-တ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
