Friday, December 5, 2025

အဖွင့်ပွဲစဉ်မှာပင် ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခဲ့ပြီဖြစ်သည့် မြန်မာလက်ရွေးစင်...

ယနေ့ ညနေ (၃)နာရီခွဲအချိန်က ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားခဲ့ကြသည့် မြန်မာ-ဖိလစ်ပိုင်အမျိုးသမီးအသင်း ပွဲစဥ်တွင် ပွဲပြီးဆုံးချိန်၌...

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့်...

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times...

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး...

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...
HomeNewsLocal Newsယနေ့ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသား (၂၂၃)...

ယနေ့ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသား (၂၂၃) ဦးကို ပြည်နှင်လွှဲပြောင်းပေးနိုင်ရေးဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်နယ်မြေအား နိုဝင်ဘာ ၁၈ ရက်မှစတင်၍ရှင်းလင်းမှုများပြုလုပ်ခဲ့ရာ ယနေ့ နိုဝင်ဘာ ၂၂ ရက်တွင်လည်း အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်ပုန်းအောင်းနေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသား (၂၂၃) ဦးကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသား (၁၀၀) ဦး၊ ဗီယက်နမ်နိုင်ငံသား (၁၄) ဦး၊ မလေးရှားနိုင်ငံသား (၆) ဦး၊ အီသီရိုးပီးယားနိုင်ငံသား (၁၅) ဦး၊ နမီးဘီးယားနိုင်ငံသား (၂) ဦး၊ အင်ဒိုနီးရှားနိုင်ငံသား (၁၃) ဦး၊ ယူဂန်ဒါနိုင်ငံသား (၁၁) ဦး၊ အိန္ဒိယနိုင်ငံသား (၁၁) ဦး၊ ဇင်ဘာဘွေနိုင်ငံသား (၁) ဦး၊ ဖိလစ်ပိုင်နိုင်ငံသား (၇) ဦး၊ ပါကစ်စတန်နိုင်ငံသား (၆) ဦး၊ ရဝမ်ဒါနိုင်ငံသား (၃) ဦး၊ ကင်ညာနိုင်ငံသား (၂၄) ဦး၊ နိုင်ဂျီးဒီးယားနိုင်ငံသား (၄) ဦး၊ နီပေါနိုင်ငံသား (၁) ဦး၊ ကိုးရီးယားနိုင်ငံသား (၁) ဦး၊ အီဂျစ်နိုင်ငံသား (၁) ဦး၊ မာဒါတက်စတာနိုင်ငံသား (၁) ဦး၊ တရုတ်(တိုင်ပေ) ၂ ဦးတို့ကိုထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် နိုဝင်ဘာ ၁၈ ရက်မှ ယနေ့ နိုဝင်ဘာ ၂၂ ရက်အထိ ရွှေကုက္ကိုလ်နယ်မြေအတွင်းမှ ပြည်ပနိုင်ငံသား (၁,၅၉၀) ဦးကို ကွန်ပျူတာ (၂,၈၉၃) လုံး၊ မိုဘိုင်းဖုန်း (၂၁,၇၅၀) လုံး၊ star Link ဘန်း (၁၀၁) လုံး၊ Router (၂၁) လုံးနှင့် လုပ်ငန်းသုံးပစ္စည်းအများအပြားနှင့်အတူ သိမ်းဆည်းထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများကို သက် ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိပြီး မြဝတီမြို့နယ်၊ ပူလွဲပူ ကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင်ကျေးရွာ၊ လုံထင်းဝန်းရှိ အဆောက်အအုံ၌ ထိန်းသိမ်းထားကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၂၂ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၁၂,၄၆၈) ဦးကိုထိန်းသိမ်းနိုင်ခဲ့ကာ (၁၁,၈၉၃) ဦးကိုစစ်ဆေးခဲ့ပြီး (၉,၉၇၈) ဦးကိုထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ် ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကာ ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၂,၄၉၀) ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်၍ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အဖွင့်ပွဲစဉ်မှာပင် ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခဲ့ပြီဖြစ်သည့် မြန်မာလက်ရွေးစင် အမျိုးသမီးအသင်း

ယနေ့ ညနေ (၃)နာရီခွဲအချိန်က ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားခဲ့ကြသည့် မြန်မာ-ဖိလစ်ပိုင်အမျိုးသမီးအသင်း ပွဲစဥ်တွင် ပွဲပြီးဆုံးချိန်၌ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို (၂)ဂိုး(၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီဖြစ်သည်။ ပထမပိုင်းပွဲချိန်အစ (၄)မိနစ်တွင် အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းမှာ ဦးဆောင်ဂိုး(၁)ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်းပွဲချိန် ၈၉မိနစ်တွင် ယွန်းဝတီလှိုင်၏ ဖြတ်တင်ဘောကို မေထက်လူက ဒိုင်ဗင်ထိုး ခေါင်းတိုက်ပြီး အသင်းအတွက် အနိုင်ဂိုးကို လှလှပပ သွင်းယူပေးခဲ့သည်။ ဖိလစ်ပိုင်အသင်းဘက်ကလည်း ချေပဂိုး(၁)ဂိုး သွင်းယူခဲ့သည်။ မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် အဖွင့်ပွဲစဉ်၌ပင် အနိုင်ကစားပြနိုင်ခဲ့သဖြင့် ပရိသတ်၏အားပေးမှုကို တခဲနက်...

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့် မြန်မာအမျိုးသမီးအသင်း

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄ မိနစ်အရောက်မှာ စတင် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲအတွင်း ပထမဆုံးယှဉ်ပြိုင် ကစားကြသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် ယနေ့ ညနေ (၃)နာရီခွဲအချိန်၌ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားနေကြခြင်းဖြစ်သည်။ ပွဲစဉ်အပြီး မြန်မာအသင်း အနိုင်ကစားနိုင်မည်လားဆိုသည်ကို မြန်မာပရိတ်သတ်များ စောင့်ဆိုင်း အားပေးနေကြပြီး ပွဲမစခင်ကွင်းအတွင်းတွင်လည်း မြန်မာအမျိုးသမီးဘောလုံးအသင်းကို လာရောက်နှုတ်ဆက်ခဲ့ကြသည်ကိုလည်း တွေ့မြင်ရသည်။ ဓာတ်ပုံ- i...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times City Complex ဝန်ထမ်းများပူးပေါင်းကာ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး လေ့ကျင့်ဆောင်ရွက်ခဲ့

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး ပူးပေါင်းလေ့ကျင့်ခြင်း (Fire Safety Drill) ကို နံနက် ၁၀ နာရီ၌ Times City Jewellery Mall ရှေ့တွင် လက်တွေ့သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ခဲ့သည်။ အဆိုပါ လက်တွေ့သရုပ်ပြ လေ့ကျင့်မှုကို မီးသတ်ဌာနချုပ်မှ INSARAG medium Team တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအတွက် အထူးလေ့ကျင့်ထားသည့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အပါအဝင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071