ယနေ့ အောက်တိုဘာ ၁၂ ရက်တစ်ရက်တည်း၌ပင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ မကွေးတိုင်း၊ မကွေးမြို့၊ တနင်္သာရီတိုင်း၊ မြိတ်မြို့တို့တွင် မီးလောင်မှုများဖြစ် ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်ရှိ ဂိုထောင်တစ်လုံးတွင် နံနက် ၉ နာရီ ၅၃ မိနစ်ခန့်က မီး လောင်မှုဖြစ်ပွား၍ ဇမ္ဗူသီရိမြို့နယ်ရှိမီးသတ်စခန်းများမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၁၀ နာရီ ၄၇ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်ကလည်း မကွေး တိုင်း၊ မကွေးမြို့၊ အောင်မေတ္တာ(B)ရပ်ကွက်တွင် Suzuki Swift (အဖြူရောင်)ကားမီးလောင်မှုဖြစ်ပွား၍ မကွေးမြို့နယ်မီးသတ်စခန်း၊ မြင်းကင်းနယ်မြေမီး သတ်စခန်းတို့မှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြရာ နံ နက် ၁၁ နာရီ ၄၇ မိနစ်၌မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့အတူ နံနက် ၁၁ နာရီခွဲကလည်း တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ကောလိပ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင်မီး လောင်မှုဖြစ်ပွား၍ မြိတ်ခရိုင်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြရာ နံနက် ၁၁ နာရီ ၄၅ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
