ယနေ့ ည (၈) နာရီတွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်နှင့် ရာ ဇသတ်ကြီး ပုဒ်မ ၅၀၅(က) ဖြင့် ကြားနာစစ်ဆေးဆဲ အမှုများကို ပိတ်သိမ်းခြင်းအမိန့်တို့အား ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမိန့်များ ထုတ်ပြန်မည့် ကိစ္စနှင့် ပတ်သက်၍
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
