ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ပထမနှစ်ဝက်တွင် ပြည်ပသို့ ရေထွက်ကုန်တန်ချိန် (၂) သိန်းဝန်းကျင် တင်ပို့ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ မီနီဘတ်ဂျက်ကာလအတွင်း ရေထွက်ကုန်ပစ္စည်း တန်ချိန် (၁၉၀,၅၆၇)ခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၂၇၉) သန်းကျော် နိုင်ငံခြားဝင်ငွေရရှိခဲ့ကြောင်း သိရသည်။
ပြည်ပသို့ရေထွက်ကုန်တင်ပို့ရာတွင် ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်လမ်းကြောင်းများမှတဆင့် တင်ပို့လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ရေထွက်ကုန်များဖြစ်သည့် ငါး၊ ပုစွန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စတဲ့ နိုင်ငံပေါင်း (၄၀) ကျော်သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ်တွင် ပြည်ပငါးတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေပိုမိုရရှိရေး ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း သိရသည်။
