Monday, January 19, 2026

သီတဂူဆရာတော်ကြီးမှ IBEC ဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရရှိသူများကို...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္က သိုလ်၏ တတိယကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအ နားကို ယနေ့ ဇန်နဝါရီ ၁၈ ရက်နံနက် ၈...

တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အားကန့်ကွက်ရှုတ်ချဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

တီမောလက်စ်တေနိုင်ငံ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်လုပ်ဆောင်နေမှုကို ကန့်ကွက်ရှုတ်ချသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ တီမောလက်စ်တေ သမ္မတ မစ္စတာ ဟိုဆေး...

နိုင်ငံတော်ယာယီသမ္မတ (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊...

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်က ကျိုင်းတုံမြို့၊ ပြည်နယ်ကွင်းတွင်ကျင်းပသည့် (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊...

ကျိုင်းတုံမြို့ရှိ စေတီတော်များကို နိုင်ငံတော် ယာယီသမ္မတဖူးမြော်

သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးရှိ ငြိမ်းချမ်းရေးခေါင်းလောင်းတော်အားထိုးခတ်ပူဇော် နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်...
HomeNewsLocal Newsယခုရွေးကောက်ပွဲသည် မြန်မာနိုင်ငံသမိုင်းတွင် ဒီမိုကရေစီမှတ်တိုင်တစ်ခုဖြစ်လာမည်ဟု...

ယခုရွေးကောက်ပွဲသည် မြန်မာနိုင်ငံသမိုင်းတွင် ဒီမိုကရေစီမှတ်တိုင်တစ်ခုဖြစ်လာမည်ဟု UEC ဥက္ကဋ္ဌပြော

မနက်ဖြန် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာ အပိုင်း(၃)ပိုင်းခွဲ၍ကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံသမိုင်းတွင် ဒီမိုကရေစီမှတ်တိုင်တစ်ခုဖြစ်လာမည်ဟု ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌဦးသန်းစိုးက ပြောသည်။

UEC ဥက္ကဋ္ဌမှ ယနေ့ ဒီဇင်ဘာ ၂၇ ရက်မွန်းလွဲပိုင်းက ရွေးကောက်ပွဲသို့လာရောက်လေ့လာသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအားကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

” အဆွေတော်တို့လာရောက်လေ့လာမှုဟာကျင်းပမယ့် ရွေးကောက်ပွဲရဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနဲ့ ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေဖို့ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် နိုင်ငံတကာရဲ့အား ပေးထောက်ခံမှုကိုပြသရာရောက်ပါတယ်။ အခု ရွေး ကောက်ပွဲဟာ မြန်မာနိုင်ငံသမိုင်းမှာ ဒီမိုကရေစီမှတ် တိုင်တစ်ခုဖြစ်လာမှာပါ။ မဲဆန္ဒရှင်တွေအနေနဲ့ မိမိတို့ရဲ့ နိုင်ငံသားအခွင့်အရေးဖြစ်တဲ့ မဲပေးခွင့်ကိုအသုံးချပြီး နိုင်ငံအနာဂတ်လမ်းကြောင်းကို ဆုံးဖြတ်ပေးနိုင်မယ့်အချိန်အခါလည်းဖြစ်ပါတယ်”ဟု UEC ဥက္ကဋ္ဌဦးသန်းစိုးက ပြောသည်။

ထို့ပြင် ကော်မရှင်အနေဖြင့်စောင့်ကြည့်လေ့လာမှုများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် သက် ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး အပြည့်အဝဆောင် ရွက်ထားကာ စောင့်ကြည့်လေ့လာသူများ၏ကျင့်ဝတ်စည်းကမ်းများနှင့်အညီ စောင့်ကြည့်လေ့လာပေးရန်လည်းပြောကြားခဲ့ပြီးနောက် UEC ရုံးမှတာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံး ပြုပုံများအား လက်တွေ့ရှင်းလင်းပြသခဲ့ကြသည်။

အခမ်းအနားသို့ ရုရှားနိုင်ငံမှ ဒူးမားလွှတ်တော်ကိုယ် စားလှယ်အဖွဲ့နှင့် ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့၊ တ ရုတ်နိုင်ငံ၊ အာရှရေးရာအထူးကိုယ်စားလှယ်အဖွဲ့နှင့် တ ရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဌာနကိုယ်စားလှယ်အဖွဲ့၊ ဘယ်လာရုစ်နိုင်ငံ ဗဟိုရွေး ကောက်ပွဲကော်မရှင်အဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၊ ကာဇက်စတန်နိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံ၊ အမျိုးသားရွေးကောက်ပွဲကော်မရှင်အဖွဲ့၊ ဗီယက်နမ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ၊ အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ နှင့် မြန်မာ-ဂျပန်အသင်း(MJA) ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲများသည် ညနေပိုင်း၌ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မဏိရတ နာကျောက်စိမ်းခန်းမတို့ကို လေ့လာကြည့်ရှုခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီတဂူဆရာတော်ကြီးမှ IBEC ဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရရှိသူများကို ဘွဲ့တံဆိပ်များအပ်နှင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္က သိုလ်၏ တတိယကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအ နားကို ယနေ့ ဇန်နဝါရီ ၁၈ ရက်နံနက် ၈ နာရီခွဲက တက္က သိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ သီတဂူဆရာ တော်ကြီးကြွရောက်တော်မူခဲ့ကြောင်း သိရသည်။ ထိုသို့ ကြွရောက်တော်မူပြီးနောက် ဘွဲ့ရကျောင်းသား/သူများနှင့် ဧည့်ပရိသတ်များအား သာသနာပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်နိုင်ရန် လမ်းညွှန်ဩ ဝါဒကထာများချီးမြှင့်တော်မူပြီးနောက် IBEC နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တည်ထောင်သူ ပါမောက္ခချုပ်ဆရာ တော် ဒေါက်တာအရှင်သောဘိတမှ ဂုဏ်ပြုမိန့်ခွန်းမိန့်ကြားတော်မူခဲ့ကြောင်း သိရသည်။ ထို့နောက် သီတဂူဆရာတော်ကြီးမှ ဗုဒ္ဓဒေသနာ မဟာဝိ ဇ္ဇာ(MA)ဘွဲ့ရ(၁၇)ပါး ၊...

တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အားကန့်ကွက်ရှုတ်ချဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

တီမောလက်စ်တေနိုင်ငံ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်လုပ်ဆောင်နေမှုကို ကန့်ကွက်ရှုတ်ချသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ တီမောလက်စ်တေ သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာသည် ချင်းလူ့အခွင့်အရေးအဖွဲ့အား ဇန်နဝါရီ ၁၄ ရက်တွေ့ဆုံ၍ ဒေသတွင်းတရားမျှတမှုနှင့် တာဝန်ခံမှုရှိရေးဆွေးနွေးခဲ့မှု၊ ဒီလီမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်ကကျင်းပခဲ့သော အစိုးရအဖွဲ့ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မြန်မာအစိုးရမှ မတရားအသင်းကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်း "NUG"မှ ဇင်မာအောင်နှင့်အဖွဲ့အားဖိတ်ကြားပြီး သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာက လက်ခံတွေ့ဆုံမှုများပြုလုပ်ခဲ့သည်။ ထိုသို့...

နိုင်ငံတော်ယာယီသမ္မတ (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊ လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်တက်ရောက် ဒေသခံများကို ရင်းရင်းနှီးနှီး နှုတ်ဆက်

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်က ကျိုင်းတုံမြို့၊ ပြည်နယ်ကွင်းတွင်ကျင်းပသည့် (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊ လားဟူတိုင်းရင်းသားရိုးရာစုပေါင်း နှစ်သစ်ကူးပွဲတော်ကိုတက်ရောက်ခဲ့သည်။ ထိုသို့ တက်ရောက်ပြီးနောက် ဒေသရိုးရာအစားအသောက်များ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ ဈေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေမှုများကို ကြည့်ရှုခဲ့သည်။ ထို့ပြင် နိုင်ငံတော်ယာယီသမ္မတမှ ဈေးရောင်းချနေသူများ၊ လာရောက်စားသုံးသူများ၊ နှစ်သစ်ကူးပွဲတော်လာရောက်ဆင်နွဲသည့် လားဟူတိုင်းရင်းသားများ၊ ဒေသခံများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071