Thursday, January 16, 2025

ပြည်ပအလုပ်အကိုင်လိမ်လည်မှုများသတိထား–တရုတ်အစိုးရကသတိပေး

ပေကျင်း၊ဇန်နဝါရီ ၁၅ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုခင်းများရှိလာသကဲ့သို့ နယ်စပ်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းပြဿနာများ အဖြစ်များနေသဖြင့် ပြည်သူများအနေဖြင့် အဆိုပါလုပ်ငန်းများ၏သားကောင်ဘဝမရောက်ရေးအတွက် သတိရှိရှိနေထိုင်ကြရန် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ယခုသတိပေးချက်သည် တယ်လီကွန်းလိမ်လည်မှုလုပ်ငန်းများနှင့် တရားမဝင်လုပ်ငန်းများအတွက် သားကောင်အဖြစ် လူကုန်ကူးခံရပြီးနောက်...

ခရီးသွားများယုံကြည်မှုပြန်ရဖို့ဆောင်ရွက်သွားမည်–ထိုင်း

ဘန်ကောက်၊ဇန်နဝါရီ ၁၅ ထိုင်းအစိုးရက နိုင်ငံသို့လာကြသည့် ဧည့်သည်များ၏ ယုံကြည်မှုပြန်လည်ရရှိစေရန် နည်းအမျိုးမျိုးဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ထိုင်းအာဏာပိုင်များဘက်မှ အစီအစဉ်များကို ဆက်တိုက်ချမှတ်နေကြောင်းသိရသည်။ ထိုင်းဝန်ကြီးချုပ်ပေတုန်တန်က တနင်္လာနေ့ကပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး၌ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများအနေဖြင့်...

ဘရက်ပစ်ပရိတ်သတ်တစ်ဦးအွန်လိုင်းအလိမ်အညာခံလိုက်ရ

ဟောလိဝုဒ်နာမည်ကျော်မင်းသား အယောင်ဆောင်ထားသည့် လိမ်လည်လှည့်ဖြားသူများကြောင့် ပြင်သစ်အမျိုးသမီးတစ်ဦး ဘဝပျက်ခဲ့ရသည့်အတွက် အယောင်ဆောင်လှည့်စားမှုများကို သတိထားကြရန် ဘရက်ပစ်၏ အေးဂျင့်က ပရိသတ်များကို သတိပေးလိုက်သည်။ အသက် ၅၃ နှစ်အရွယ်...

မြန်မာ့လက်ရွေးစင် ငွေခေတ်ဘောလုံးသမားကြီး ဂိုးအောင်ကျော်ကျော် ကို...

ရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းဘောလုံးအသင်းသည် ရန်ကုန်ယူနိုက်တက်လူငယ်အသင်း၏ ဂိုးနည်းပြဖြစ်သူ ဂိုးအောင်ကျော်ကျော် ကို လာမည့် ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ခေါ်ယူခဲ့ကြောင်းသိရသည်။ ဦးအောင်ကျော်ကျော်သည် ၁၉၉၃ ဆီးဂိမ်းတွင် သူ၏...
HomeNewsLocal Newsယခုရက်ပိုင်းအတွင်း လူမှုကွန်ရက် စာမျက်နှာပေါ်၌...

ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက် စာမျက်နှာပေါ်၌ ကလေးငယ်များတွင် ပြင်းထန်အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုများရှိနေ၍ ကျောင်းများ ခေတ္တပိတ်မည်ဆိုသည့် ကြေညာစာများကို ပုဂ္ဂလိက ကျောင်းအချို့က ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းစာများ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လာမှုကြောင့် ကျောင်းသားမိဘများ၊ ကလေးမိဘများအနေဖြင့် ပြင်းထန်အဆုတ်ရောင် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ လတ်တလော စိုးရိမ်မှုများရှိနေသည့်အတွက် ယင်းဖြစ်စဉ်ကို သိရှိနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်နှင့် တွေ့ဆုံမေးမြန်းခြင်း

မေး။ ။ လတ်တလော ကလေးတွေမှာ ပြင်းထန်အဆုတ်ရောင်ရောဂါ ကူးစက်နေတယ်ဆိုပြီး Social Media တွေပေါ်မှာ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး လက်ရှိအခြေအနေလေးကို ပြောပြပေးပါ။

ဖြေ။ ။ အခုလတ်တလော လွန်ခဲ့တဲ့ရက်ပိုင်းလောက်က Social Media တွေမှာ ပျံ့နှံ့နေတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ကလေးတွေ နေမကောင်း ဖြစ်နေတယ်။ အဲဒီအတွက် ပုဂ္ဂလိကမူကြိုကျောင်းတစ်ကျောင်းက ကလေးတွေ ဒီတစ်ပတ်ထဲ ကျောင်းမတက်ဖို့၊ ကျောင်းယာ ယီပိတ်မယ်ဆိုတဲ့ ကိစ္စကို Social Media မှာ ရေးသားလိုက်တဲ့ အကြောင်းအရာပေါ်မူတည်ပြီးတော့ ဒီသတင်းတွေ ဖြစ်လာတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စုံစမ်းလိုက်တဲ့အခါ ဒီမူကြိုကျောင်းက မင်္ဂလာတောင်ညွန်မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းတစ်ကျောင်းဖြစ်ပြီးတော့ အဲဒီကျောင်းမှာ ကျောင်းသားဦးရေ (၂၇) ဦးလောက် တက်နေပါတယ်။ အဲဒီကျောင်းက ကျောင်းသားတစ်ယောက်က တစ်ရက်ဖျားတယ်။ အဲဒီကလေးက ဖျားပြီး နောက်တစ်ရက်ကျတော့ ကောင်းသွားတယ်။ သို့ပေမယ့် သူ့အိမ်မှာရှိနေတဲ့ သူ့ရဲ့ ညီမလေး အသက် (၁)လခွဲပဲရှိသေးတဲ့ ကလေးလေးက ဖျားတယ်။ ဖျားပြီး အသက်ရှုကြပ်တယ်။ ဆေးရုံတွေ သွားပြတဲ့အခါကျတော့ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်တယ်ဆိုတာ တွေ့တယ်။ ဆေးရုံတင်ကုသဖို့ လိုတယ်ဆိုပြီး ဖြစ်တယ်ပေါ့။

ဒီရောဂါတွေက ဒီလိုရာသီရောက်တဲ့ အခါမှာ ဖြစ်တတ်ပါတယ်။ ဒါတွေအများစုကတော့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ ဒီရာသီကတော့ ရိုးရိုးတုပ်ကွေးလည်း ဖြစ်တယ်၊ သွေးလွန်တုပ်ကွေးလည်း ဖြစ်တယ်၊ ဖြစ်တဲ့အခါမှာ ဆေးရုံတွေမှာ ကလေးလူနာတွေများနေတယ်။ ဒီကလေးလေးက ဆေးရုံတက်ဖို့ အခက်အခဲရှိတော့ ဆေးရုံတွေလိုက်ပြတဲ့အခါ နောက်ဆုံးကျတော့ ဂရန်း(ဒ်)ဟံသာဆေးရုံမှာ တက်ရောက်ကုသခဲ့တယ်။ အခုတော့ အဲဒီကလေးလေးက တော်တော်လည်းကောင်းနေပါပြီ။ စဖြစ်တဲ့အချိန်ကနေ ဒီနေ့အထိဆို (၇) ရက်ရှိသွားပြီပေါ့ ။ ကလေးမိဘတွေက ကျောင်းကိုလည်း သတင်းပို့တယ်။ ကူးနိုင်တယ်လို့ ဆရာဝန်ကလည်း မှာလိုက်ပုံရပါတယ်။ အိမ်မှာရှိတဲ့ကလေးကိုလည်း ကျောင်းမလွှတ်နဲ့လို့ ပြောလိုက်တဲ့အခါမှာ ကျောင်းကို သတင်းရောက်သွားတဲ့အခါကျတော့ ကျောင်းက ကျန်တဲ့ကလေးတွေပါ ကူးမှာစိုးပြီးတော့ ကျောင်းတစ်ပတ်ပိတ်တယ်ဆိုပြီး စာထုတ်တဲ့အခါမှာ အဲဒီစာက Social Media ပေါ်ရောက်သွားပြီး မိဘတွေကြားမှာ ပျံ့နှံ့သွားတာပါ။

အဲဒီကျောင်းကို စုံစမ်းလိုက်တော့ တက်နေတဲ့ ကျောင်းသားအားလုံးက ဖျားခြင်း၊ နာခြင်း အခုတစ်ပတ်အတွင်းမှာ ဘယ်သူမှ ဆေးရုံတက်ရတဲ့ ကလေးတွေ မရှိပါဘူး။ နှာစေး၊ ချောင်းဆိုးလောက်တော့ တစ်ယောက်တစ်လေ ရှိနိုင်တာပေါ့။ သူကတင်လိုက်တဲ့စာကို ထပ်ပြီးတော့ တဖြည်းဖြည်းဖြန့်ဝေကြရင်းနဲ့ ပြန့်သွားတာပါ။ ဒီရာသီက မိုးရာသီဖြစ်တဲ့အခါမှာ ကလေးတွေမှာ သွေးလွန်တုပ်ကွေးတွေ ဖြစ်ကြတယ်။ အသက်ရှုလမ်းကြောင်းမှာဖြစ်တဲ့ အဆုတ်ရောင်ရောဂါတွေလည်း ဖြစ်ကြတယ်။ ကလေးတွေတင် မဟုတ်ဘူး လူကြီးတွေမှာလည်း ဖြစ်ကြတယ်။ ရောဂါဖြစ်တာချင်း အတူတူမှာမှ ကလေးအကြီးက အသက် (၅) နှစ်ရှိပြီ ။ သူကတစ်ရက်ပဲ ဖြစ်တယ်။ ကောင်းသွားတယ်။ အခု ပြင်းထန်အဆင့် ဖြစ်သွားတဲ့ကလေးလေးက အသက် (၁)လခွဲသားလေးပဲရှိသေးတော့ သူသည် ရောဂါပိုး ပြင်းပြင်းထန်ထန်ခံစားရတဲ့ သဘောပါ။

မေး။ ။ ဒီဖြစ်စဉ်ပေါ်မူတည်ပြီးတော့ တခြားပုဂ္ဂလိကကျောင်းတွေကလည်း ကျောင်းကို ခေတ္တပိတ်တယ်ဆိုတဲ့ စာအသီးသီး ထုတ်ပြန်ခဲ့ကြတယ်။ မိဘတွေအနေနဲ့လည်း ဒါဟာ ကပ်ရောဂါအသွင် အစုလိုက်ဖြစ်နေတာလားဆိုပြီး စိုးရိမ်မှုတွေရှိနေတဲ့အတွက် ဒီအပေါ်မှာ ဆရာပြောချင်တဲ့ စကားလေးရှိရင် ပြောပြပေးပါ။

ဖြေ။ ။ ဒီအခြေအနေအရဆို ကျောင်းတွေ ပိတ်ဖို့မလိုပါဘူး။ ပုဂ္ဂလိက ကျောင်းတွေထက် ကျောင်းသားဦးရေများတဲ့ အခြေခံပညာကျောင်းတွေတောင် မပိတ်ပါဘူး။ ဒီလို ကျောင်းသားဦးရေများတဲ့ ကျောင်းတွေတောင် မပိတ်ခဲ့ပါဘူး။ ဒါတွေသည်လည်း ကျွန်တော်တို့ရဲ့ လမ်းညွှန်ချက်နဲ့ ပိတ်တာမျိုးလည်း မဟုတ်ပါဘူး။ပုဂ္ဂလိက‌ ကျောင်းတစ်ကျောင်းချင်းစီရဲ့ သူတို့ ဆန္ဒအလျောက်ပိတ်ကြတဲ့ သဘောပါ။ စိုးရိမ်မှုတွေဖြစ်ပြီး ကျောင်းတွေ ခဏပိတ်ကြတဲ့ သဘောပါ။ ပိတ်တာလည်း အကုန်ကျောင်းတိုင်းပိတ်တာမျိုးလည်း မဟုတ်ပါဘူး။ အမှန်ဆို ဒါတွေက ပိတ်စရာ မလိုတဲ့ ကိစ္စမျိုးပါပဲ။ ကပ်အသွင်ဖြစ်တာမျိုးလည်း မဟုတ်ပါဘူး။ မစိုးရိမ်ကြပါနဲ့။

မေး။ ။ ဒီလို မိုးရာသီမှာ ဖြစ်တတ်တဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီး ဆရာတို့ ကျန်းမာရေးဌာနအနေနဲ့ ဆက်လက်လုပ်ဆောင်မယ့် အစီအစဉ်တွေရှိရင်လည်း ပြောပြပေးပါ။

ဖြေ ။ ။ ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးဌာနက ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။ ကလေးတွေကို ထိုးပေးနေတဲ့ ငါးမျိုးစပ်ကာကွယ်ဆေးထဲမှာ Influenza တုပ်ကွေးကာကွယ်ဆေးတွေကို ထည့်ထိုးပေးပါတယ်။ ပုံမှန်ကာကွယ်ဆေးထဲမှာကို ထည့်ထိုးပေးပါတယ်။ အရင် ဒီလိုကာကွယ်ဆေးတွေ မထိုးခင်ကဆို တော်တော်ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ကြတာပါ။ အဲဒီ ကာကွယ်ဆေးတွေကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်မှာ ထည့်ထိုးပြီးကတည်းက ဖြစ်နှုန်းက တဖြည်း ဖြည်းလျော့ကျသွားတယ်။ ဒါတွေအပြင် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်လောက်က စပြီးတော့ PCV (ပြင်းထန်အဆုတ်ရောင် ရောဂါပိုး ကာကွယ်ဆေး) ကို စထိုးတော့ ပိုပြီးတော့ ကလေးတွေမှာ ကာကွယ်ပြီးသား ဖြစ်သွားတယ်။ အခု ဖြစ်တဲ့ ကလေးလေးက အသက် (၁)လခွဲပဲရှိသေးတော့ ကာကွယ်ဆေးတွေ မရသေးဘူး။ ဒါကြောင့် ဒီကလေးကို ကူးစက်သွားတော့ ပြင်းထန်တဲ့ အဆင့်ဖြစ်သွားတာပေါ့ ။ အခုဖြစ်စဉ်က ဆူဆူညံညံဖြစ်ပြီး လိုင်းပေါ်မှာတက်ပြီး တချို့ရေးကြတာတွေလည်း ရှိပါတယ်။ နောက်ထပ်ထပ်ပြီးတော့ ဖျားတဲ့ အခြေအနေတွေ အခုရက်ပိုင်းမှာတော့ မကြားရတော့ပါဘူး။

အခုကျွန်တော်တို့ ကလေးတွေကို ထိုးပေးနေတဲ့ ကာကွယ်ဆေးတွေက မိဘတွေ ငွေကုန်ကြေးကျမရှိဘဲနဲ့ ကျန်းမာရေးဌာနတွေမှာ အခမဲ့ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်မှာ ထိုးပေးနေတဲ့ ကာကွယ်ဆေးတွေထဲမှာ အခုလို ပြင်းထန်အဆုတ်ရောင်ရောဂါနဲ့ပတ်သက်တဲ့ ကာကွယ်ဆေး (၂) မျိုးတောင် ပါပါတယ်။ ငါးမျိုးစပ်ကာကွယ်ဆေးထဲမှာ တစ်မျိုးပါတယ်။ PCV ကာကွယ်ဆေး တစ်မျိုးပါတယ်။ ကလေးတွေကို ကာကွယ်ဆေးထိုးပေးနေတဲ့ အချိန်ဆို မဖြစ်မနေ သွားထိုးပေးဖို့ လိုပါတယ်။ ဆေးရုံတွေရောက်တဲ့ အခါကျရင်လည်း လိုအပ်တဲ့ ကုသမှုတွေကို ရှိတဲ့ဆရာဝန်အင်အားနဲ့ လုပ်ပေးနေပါတယ်။ အခုဆိုရင် သွေးလွန်တုပ်ကွေးရော၊ ရာသီတုပ်ကွေးတွေရော၊ အခုလို ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတွေရောနဲ့ရော ဆေးရုံတွေမှာလည်း လူနာတွေများပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးနေပါတယ်။

ဟုတ်ကဲ့ပါ ဆရာ ၊ အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ် ……. ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ပအလုပ်အကိုင်လိမ်လည်မှုများသတိထား–တရုတ်အစိုးရကသတိပေး

ပေကျင်း၊ဇန်နဝါရီ ၁၅ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုခင်းများရှိလာသကဲ့သို့ နယ်စပ်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းပြဿနာများ အဖြစ်များနေသဖြင့် ပြည်သူများအနေဖြင့် အဆိုပါလုပ်ငန်းများ၏သားကောင်ဘဝမရောက်ရေးအတွက် သတိရှိရှိနေထိုင်ကြရန် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ယခုသတိပေးချက်သည် တယ်လီကွန်းလိမ်လည်မှုလုပ်ငန်းများနှင့် တရားမဝင်လုပ်ငန်းများအတွက် သားကောင်အဖြစ် လူကုန်ကူးခံရပြီးနောက် မိသားစုနှင့်အဆက်သွယ်ပြတ်တောက်ကာ ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက လာရောက်အကူအညီတောင်းခံမှုများ လာချိန်၌ ထုတ်ပြန်ကြေငြာခဲ့ခြင်းလည်းဖြစ်သည်။ ဆက်လက်၍ ဝန်ကြီးဌာနအနေဖြင့် အဆိုပါအမှုများကို စေ့စေ့စပ်စပ်ကိုင်တွယ်ဖြေရှင်းရန် ဒေသဆိုင်ရာ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများကို ညွှန်ကြားထားပြီး ဖမ်းဆီးခံထားရပြီးသောင်တင်နေသူများကိုကယ်တင်ကာ ဘေးကင်းစွာအိမ်ပြန်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟုလည်းပြောကြားခဲ့သည်။ တယ်လီကွန်းလိမ်လည်မှုနှင့် အခြားရာဇဝတ်လုပ်ငန်းများသည် မသိနားမလည်သူများကို ပြည်ပ၌ အလုပ်အကိုင်ကောင်းကောင်း၊လစာကောင်းကောင်းကို စားရိတ်ငြိမ်းရနိုင်မည်ဟုပြောဆိုစည်းရုံးကာ မက်လုံးပေးလေ့ရှိတတ်သဖြင့် ယင်းသို့အလိမ်မခံရစေရန်လည်း သတိထားဖို့လိုကြောင်း ထပ်မံသတိပေးထားသည်။ အဆိုပါဂိုဏ်းများသို့ရောက်ရှိသွားပါက ၎င်းတို့သည် တယ်လီကွန်းလိမ်လည်မှုနှင့်...

ခရီးသွားများယုံကြည်မှုပြန်ရဖို့ဆောင်ရွက်သွားမည်–ထိုင်း

ဘန်ကောက်၊ဇန်နဝါရီ ၁၅ ထိုင်းအစိုးရက နိုင်ငံသို့လာကြသည့် ဧည့်သည်များ၏ ယုံကြည်မှုပြန်လည်ရရှိစေရန် နည်းအမျိုးမျိုးဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ထိုင်းအာဏာပိုင်များဘက်မှ အစီအစဉ်များကို ဆက်တိုက်ချမှတ်နေကြောင်းသိရသည်။ ထိုင်းဝန်ကြီးချုပ်ပေတုန်တန်က တနင်္လာနေ့ကပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး၌ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံ၏ ခရီးသွားလုပ်ငန်းပုံရိပ်ကို ထိခိုက်စေနိုင်သည့်ပြဿနာများကို အမြန်ဆုံးနှင့်အထိရောက်ဆုံးဖြေရှင်းရန် ညွှန်ကြားခဲ့ကြောင်းသိရသည်။ အဆိုပါအစည်းအဝေး၌ ခရီးသွားများဘေးကင်းရေးနှင့် ခရီးသွားလာရေးဘေးကင်းမှုအစီအမံများ မြှင့်တင်နိုင်ရန်အတွက် ရဲတပ်ဖွဲ့ဝင်များ အလုံအလောက်ချထားရေးတို့ကိုလည်း ညွှန်ကြားခဲ့ကြောင်းသိရသည်။ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့်ပတ်သက်၍ စိုးရိမ်စရာကိစ္စများလျော့ပါးစေရန်အတွက် ရဲတပ်ဖွဲ့တာဝန်ရှိသူများကို ခေါ်ယူကာ အန္တရာယ်ရှိနိုင်သူများကို ကြိုတင်ကာကွယ်ပေးပြီး ကျူးလွန်သူများကိုလည်း ထိထိရောက်ရောက်အရေးယူရန် ညွှန်ကြားထားသည်ဟု ထိုင်းရဲတပ်ဖွဲ့၏အကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။ ဆက်လက်၍ထိုင်းနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် နိုင်ငံတကာအေဂျင်စီများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ဂိတ်များတွင်လည်း အထူးစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်သွားရန်ရည်မှန်းထားကြောင်းသိရသည်။ ထို့နောက်...

ဘရက်ပစ်ပရိတ်သတ်တစ်ဦးအွန်လိုင်းအလိမ်အညာခံလိုက်ရ

ဟောလိဝုဒ်နာမည်ကျော်မင်းသား အယောင်ဆောင်ထားသည့် လိမ်လည်လှည့်ဖြားသူများကြောင့် ပြင်သစ်အမျိုးသမီးတစ်ဦး ဘဝပျက်ခဲ့ရသည့်အတွက် အယောင်ဆောင်လှည့်စားမှုများကို သတိထားကြရန် ဘရက်ပစ်၏ အေးဂျင့်က ပရိသတ်များကို သတိပေးလိုက်သည်။ အသက် ၅၃ နှစ်အရွယ် ပြင်သစ်သူက သူသည် ပစ်နှင့် ချစ်ကြိုက်နေခဲ့ပြီဟု ယုံကြည်နေခဲ့ကြောင်း ပြင်သစ် TF1 ရုပ်သံလိုင်းကို ပြောကြားခဲ့ပြီး သူသည် ခင်ပွန်းဖြစ်သူနှင့်ပင် ကွာရှင်းပြတ်စဲခဲ့ကာ လိမ်ညာသူများကို ယူရို ၈၃၀၀၀၀ (ဒေါ်လာ ၈၅၀,၀၀၀) လွှဲပေးခဲ့သည်ဟု ဆိုခဲ့သည်။ “လူလိမ်တွေဟာ နာမည်ကျော်တွေနဲ့ ပရိသတ်တွေရဲ့ ခိုင်မာတဲ့ ချိတ်ဆက်ဆက်ဆံမှုကို အခွင့်ကောင်းယူကြတာ အတော်ဆိုးပါတယ်” ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071