Sunday, February 16, 2025

အမေရိကသာ မကူညီပါကယူကရိန်းမှာ‌ေ-သဘွယ်ရာသာရှိ–ဇလန်းစကီး

ဖေဖော်ဝါရီ၊ ၁၅ ယူကရိန်းသည် အဓိက မဟာမိတ် အမေရိက ၏ ပံ့ပိုးကူညီမှုကို ဆုံးရှုံးသွားလျှင် ရုရှား၏ စစ်ပွဲကို ရင်ဆိုင်ရာ၌ အသက်ရှင်ကျန်ရစ်ရန် မဖြစ်နိုင်ကြောင်း...

ဗြိတိန်ဝန်ကြီးချုပ်နှင့်မကြာခင် တွေ့မည်–ထရမ့်ပ်

ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတာမာကို အမေရိကသို့ လာရန် သူ ဖိတ်ခေါ်ခဲ့ပြီးနောက် သူတို့နှစ်ဦးသည် သိပ်မကြာခင်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က...

AFC U20 အာရှဖလားပြိုင်ပွဲတွင် ဂျပန်က...

ရှန်ကျန်း၊ ဖေဖော်ဝါရီ ၁၄ အာရှဘောလုံးအင်အားကြီး ဂျပန်အသင်းက ထိုင်းကို ၃-၀ နဲ့ အနိုင်ယူပြီး AFC အသက် 20 အောက် အာရှဖလား...

ထရမ့်ပ်နှင့် မတ်စ်က အစိုးရဝန်ထမ်း ၁၀,၀၀၀...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် သူ၏ အကြံပေး အီလွန်မတ်စ်တို့၏ အမေရိကန်ဗျူရိုကရေစီစနစ်၏‌ ဖေါင်းပွမှုကို သိသိသာသာ ဖြတ်တောက်လျှော့ချခြင်း စီမံချက်အရ သောကြာနေ့တွင် ပြည်ထောင်စုမြေယာ စီမံခန့်ခွဲခြင်းမှသည်...
HomeNewsLocal Newsယခုမီနီဘတ်ဂျတ်ကာလတွင် နိုင်ငံတစ်ဝန်း ကျေးရွာပေါင်း...

ယခုမီနီဘတ်ဂျတ်ကာလတွင် နိုင်ငံတစ်ဝန်း ကျေးရွာပေါင်း ၁၁၀၀ တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဆောင်ရွက်သွားမယ်

(Unicode)

ယခုမီနီဘတ်ဂျတ်ကာလတွင် နိုင်ငံတစ်ဝန်း ကျေးရွာပေါင်း ၁၁၀၀ တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဆောင်ရွက်သွားမယ်

နေပြည်တော် အောက်တိုဘာ ၂၆

ယခု ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျတ် ခြောက်လတာကာလတွင် နိုင်ငံတစ်ဝန်းရှိ ကျေးရွာပေါင်း ၁၁၀၀ တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ဆောင်ရွက်သွားမှာဖြစ်ရာ လာမဲ့နိုဝင်ဘာလကုန်ပိုင်း မှစ၍ စီမံကိန်းမြေပြင်လုပ်ငန်းများ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက သိရပါတယ်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ နိုင်ငံအတွင်းရှိ ဖွံ့ဖြိုးရေးလိုအပ်ချက် များသည့်ကျေးရွာများကို တစ်ရွာလျှင် နိုင်ငံတော်ရန်ပုံငွေမှ ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် ထောက်ပံ့ပေးကာ ကျေးရွာအတွင်းလိုအပ်သည့် အခြေခံအဆောက်အဦများဖြစ်ကြသည့် လမ်း၊ တံတား၊ ဆည်ကန်နှင့် မီးလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ ယခု ခြောက်လတာဘဏ္ဍာနှစ်တွင်လည်း နိုင်ငံတစ်ဝန်းရှိ ကျေးရွာပေါင်း ၁၁၀၀ ကို တစ်ရွာလျှင်ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ကာ ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ ဒီ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း VDP မှာက ကျေးလက်လမ်း၊ တံတားတွေ၊ တချို့ ရေပေးရေးလုပ်ငန်းတွေ၊ တချို့က မီးလင်းရေးလုပ်ငန်းတွေလုပ်သလို၊ တချို့က ပညာရေးကဏ္ဍအတွက် စာသင်ကျောင်းဆောင်ပြင်တာတွေလုပ်တယ်။ တချို့နေရာတွေမှာတော့ ကျေးရွာခန်းမတွေလုပ်ကြပါတယ်။ အများအားဖြင့်ကတော့ လမ်း၊ တံတား၊ ရေ ရရှိရေးလုပ်ငန်းတွေကို စီမံကိန်းကျေးရွာတွေက လုပ်ကြပါတယ်။ ငွေကျပ်သိန်း ၁၀၀ ကို စီမံကိန်းကျေးရွာကိုပေးလိုက်ပြီး နည်းပညာပိုင်းကိုပဲ ကျွန်မတို့ဌာနက လိုအပ်သလိုလုပ်ပေးတာပါ။ ကျန်တာကတော့ သူတို့ရွာမှာလိုအပ်တာကို သူတို့ရွာ ကော်မတီကနေ ထောက်ပံ့တဲ့ ငွေကျပ်သိန်း ၁၀၀ နဲ့ကိုက်ညီတဲ့ လုပ်ငန်းကိုရွေးချယ်ပြီး ဆောင်ရွက်ကြတာပါ” ဟု ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး တစ်ဦးကပြောသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း VDP ကို ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း ကျေးရွာပေါင်း ၃၅၀၃ ရွာတွင် စီမံကိန်းဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခု မီနီဘတ်ဂျတ်ကာလတွင် လည်း ကျေးရွာပေါင်း ၁၁၀၀ အတွက် ငွေကျပ်သိန်းပေါင်း ၁၁၀၀၀၀ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ကျေးရွာရွေးချယ်မှုများဆောင်ရွက်နေပြီး စီမံကိန်းများကို လာမည့် နိုဝင်ဘာလကုန်ပိုင်းတွင် စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

(Zawgyi)






Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071